
တရုတ်နိုင်ငံ၌ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရေးဆွဲကာ သမ္မတတစ်ဦးသည် ငါးနှစ်သက်တမ်းကို နှစ်ကြိမ် ဆက်တိုက်သာ တာဝန်ထမ်းဆောင်ခွင့်ရှိသည်ဟူသော သတ်မှတ်ချက်ကို ပယ်ဖျက်ခဲ့သည်။ ယင်းသို့ အခြေခံ ဥပဒေကို ပြင်ဆင်ရေးဆွဲမှုကြောင့် ရှီကျင့်ဖျင်သည် ၎င်းဆန္ဒရှိသည့်ကာလအထိ သမ္မတတာဝန်ကို ထမ်းဆောင်ခွင့် ရရှိသွားပြီ ဖြစ်သည်။









