
ဆိုဗီယက် ယူနီယံ ပြိုကွဲပြီးနောက်ပိုင်း ရုရှားတွင် အကြီးကျယ်ဆုံး စစ်ရေးလေ့ကျင့်မှု အစီအစဉ် တစ်ရပ်ကို စတင်သွားမည်ဟု သိရသည်။
Vostok-2018 စစ်ရေးလေ့ကျင့်မှုကို စက်တင်ဘာလအတွင်း ရုရှားနိုင်ငံ အလယ်ပိုင်းနှင့် အရှေ့ပိုင်းရှိ စစ်ဒေသများတွင် ပြုလုပ်သွားမည်ဟု ကာကွယ်ရေးဝန်ကြီး ဆာဂျီရွှိုင်ဂူက ပြောကြားခဲ့သည်။ ယင်းစစ်ရေးလေ့ကျင့်မှုတွင် စစ်မှုထမ်း သုံးသိန်းနီးပါး၊ လေယာဉ်ပေါင်း တစ်ထောင်ကျော်၊ ရုရှား၏ ရေတပ်မကြီး နှစ်ခု၊ လေထီးတပ်ဖွဲ့များ အားလုံး စုပေါင်း ပါဝင်ကြမည် ဖြစ်သည်။









