
တောင်တရုတ်ပင်လယ်ပြင်အတွင်း ဒေသတွင်းနိုင်ငံတွေ အငြင်းပွားနေကြတဲ့ စပရက်တလီ ကျွန်းစုတွေပေါ်မှာ တရုတ်အစိုးရက မိုးလေ၀သတိုင်းတာရေးစခန်းတွေ ဖွင့်လှစ်ခဲ့တဲ့အပေါ် ဗီယက်နမ်နိုင်ငံ က ပြင်းပြင်းထန်ထန် ဆန့်ကျင်ကန့်ကွက်လိုက်ပါတယ်။
ဒီလုပ်ရပ်ဟာ ဗီယက်နမ်ရဲ့ အချုပ်အခြာအာဏာကို ထိပါးရာရောက်တဲ့အပြင်၊ တောင်တရုတ်ပင်လယ်ပြင်မှာ အခြေအနေတွေကို ရှုတ်ထွေးသွားစေတယ်လို့လည်းပြောပါတယ်။









