
နျူကလီးယားလက်နက် ပိတ်ပင်တားဆီးရေးဆိုင်ရာ နိုင်ငံတကာစာချုပ်မှာ မြန်မာနိုင်ငံက ပါဝင်လက်မှတ် ရေးထိုးလိုက်ပြီ ဖြစ်တယ်လို့ နိုင်ငံခြားရေးဌာနက သတင်းထုတ်ပြန်ပါတယ်။
အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က စက်တင်ဘာ ၂၆ ရက်နေ့မှာ နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်မှာ ကျင်းပတဲ့ ၂၀၁၈ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ စာချုပ်စာတမ်းများ ချုပ်ဆိုပွဲ အခမ်းအနားမှာ တက်ရောက်ပြီး မြန်မာအစိုးရ ကိုယ်စား လက်မှတ်ရေးထိုးခဲ့တာ ဖြစ်ပါတယ်။









