
သမ္မတ Trump နှင့် ကန် ယာယီကာကွယ်ရေးဝန်ကြီးအသစ် Patrick Shanahan (၂၀၁၈ ဧပြီလ)
ရာထူးက အနားယူသွားတဲ့ ကာကွယ်ရေးဝန်ကြီး Jim Mattis နေရာမှာ လက်ထောက် ကာကွယ်ရေးဝန်ကြီး Patrick Shanahan ကို ဇန်န၀ါရီလ ၁ ရက်နေ့ကစပြီး ယာယီ အစားထိုး ခန့်အပ်သွားမယ်လို့ သမ္မတ Donald Trump က တနင်္ဂနွေနေ့မှာ ကြေညာလိုက်ပါတယ်။ ၀န်ကြီး Mattis ကတော့ ရာထူးက အနားယူတော့မယ့် အကြောင်း ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ကြေညာခဲ့တာပါ။









