
အိန္ဒိယနိုင်ငံအတွင်း၌ ကျား/မ တန်းတူအခွင့်အရေး ရရှိရန်အတွက် အမျိုးသမီး သုံးသန်းခန့် ပါဝင်သော ဆန္ဒပြမှု ယမန်နေ့က ဖြစ်ပွားခဲ့ခြင်းကြောင့် အိန္ဒိယအာဏာရပါတီဖြစ်သော BJP နှင့် အိန္ဒိယအစိုးရအနေဖြင့် အခက်အခဲများ ကြုံတွေ့ခဲ့ကြောင်း အေအက်ဖ်ပီ သတင်းဌာနက ဖော်ပြသည်။

အိန္ဒိယနိုင်ငံအတွင်း၌ ကျား/မ တန်းတူအခွင့်အရေး ရရှိရန်အတွက် အမျိုးသမီး သုံးသန်းခန့် ပါဝင်သော ဆန္ဒပြမှု ယမန်နေ့က ဖြစ်ပွားခဲ့ခြင်းကြောင့် အိန္ဒိယအာဏာရပါတီဖြစ်သော BJP နှင့် အိန္ဒိယအစိုးရအနေဖြင့် အခက်အခဲများ ကြုံတွေ့ခဲ့ကြောင်း အေအက်ဖ်ပီ သတင်းဌာနက ဖော်ပြသည်။

ထိုင်ဝမ်ကို တရုတ်ရဲ့ ထိန်းချုပ်မှုအောက် ရောက်စေဖို့ လိုအပ်ရင် အင်အားအသုံးပြုသွားမှာ ဖြစ်ပေမယ့် ငြိမ်းချမ်းစွာ ပြန်လည်ပေါင်းစည်းရေး ကြိုးပမ်းသွားမယ်လို့ တရုတ်သမ္မတက ဇန်နဝါရီ ၂ ရက်နေ့မှာ ပြောလိုက်ပါတယ်။ ထိုင်ဝမ်ကျွန်းဟာ တရုတ်ရဲ့ ထိရှအလွယ်ဆုံး အရေးကိစ္စဖြစ်ပြီး တရုတ်အစိုးရက ထိုင်ဝမ်ကျွန်းကို တရုတ် အချုပ်အခြာပိုင် နယ်မြေအဖြစ် ပြောဆိုထားပါတယ်။

ဘရာဇီးသမ္မတသစ် ဂျာရီ ဘိုဆိုနာရိုက နိုင်ငံအတွင်း တရားဥပဒေစိုးမိုးအောင် လုပ်ဆောင်မယ်လို့ ဇန်နဝါရီ ၁ ရက်နေ့မှာ ပြောလိုက်ပါတယ်။
သမ္မတသစ် ဘိုဆိုနာရိုက အကျင့်ပျက်ခြစားမှု၊ ရာဇဝတ်မှုနဲ့ စီးပွားရေး စီမံခန့်ခွဲမှု လွဲမှားတာတွေကို ဖြေရှင်းသွားမယ်လို့လည်း ကတိပြုခဲ့ပါတယ်။
စစ်ဘက် ဗိုလ်ကြီးဟောင်းတဦးဖြစ်တဲ့ ဘိုဆိုနာရိုက ဒီမိုကရက်တစ် စံနှုန်းတွေနဲ့ ကိုက်ညီတဲ့ ဆောင်ရွက်မှုတွေ လုပ်ဆောင်သွားမယ်လို့ ရာထူးလက်ခံပွဲ အခမ်းအနားမှာ ပြောကြားပါတယ်။

အမေရိကန် နယ်ခြားစောင့်တပ်တွေဟာ ဇန်နဝါရီ ၁ ရက်နေ့က မက္ကဆီကိုနဲ့ အမေရိကန် နယ်စပ်က တီဟွာနာမြို့ နယ်စပ်ဂိတ်မှာရှိတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေကို ဟန့်တားဖို့ မျက်ရည်ယို ဓာတ်ငွေ့တွေ သုံးခဲ့ပါတယ်။
အဲဒါကြောင့်လည်း နယ်စပ်စည်းရိုးနားမှာ ဓာတ်ငွေ့တိမ်တွေ သိပ်သည်းနေတာပါ။
ရွှေ့ပြောင်းနေထိုင်သူတဦးက ဓာတ်ငွေ့ဘူးကို ကောက်ပြီး အမေရိကန်ပိုင်နက်ထဲကို နယ်စပ်ဖြတ် ပြန်ပစ်ထုတ်နေတာကိုလည်း တွေ့ရပါတယ်။

ဗြိတိန်က ပေါက်တဲ့ ယူရိုမီလျံ ဥရောပထီဆုကြီးတွေထဲမှာ ဒီဆုဟာ စတုထ္ထ အများဆုံးဖြစ်
၂၀၁၉ ခုနှစ် နှစ်ဆန်း ၁ ရက်နေ့မှာ ဖွင့်တဲ့ ဥရောပထီ ယူရိုမီလျံ ပေါင် ၁၁၅ သန်းဆုကြီးကို ယူကေမှာ ထိုးတဲ့ လက်မှတ် တစ်စောင်က ပေါက်သွားပါတယ်။

မြောက်ကိုရီးယား ခေါင်းဆောင် Kim Jong Un ၊ ရုရှားသမ္မတ Vladimier Putin ၊ အမေရိကန်သမ္မတ Donald Trump ၊ တရုတ်သမ္မတ Xi Jinping

အိန္ဒိယနိုင်ငံမှာ ဧပြီလကနေ မေလအထိ ကျင်းပဖို့ရှိတဲ့ အထွေထွေရွေးကောက်ပွဲတွေမှာ လက်ရှိအာဏာရ Bharatiya Janata Party (BJP) အနေနဲ့ အနိုင်ရလိမ့်မယ်လို့ ယုံကြည်မှု အပြည့်ရှိကြောင်း ၀န်ကြီးချုပ် Narendra Modi က အင်္ဂါနေ့မှာ ပြောကြားလိုက်ပါတယ်။

တရုတ်နိုင်ငံအရှေ့ ပိုင်း ရှန်တုံပြည်နယ် Qingdao လေဆိပ်တွင် လူဝင်မှုကြီးကြပ်ရေးအရာရှိများ တာဝန်ထမ်းဆောင်နေစဉ်(ဆင်ဟွာ)
ဂျင်နန်း ၊ ဇန်နဝါရီ ၁ ရက်
တရုတ်နိုင်ငံသည် ကမ္ဘာ့ နိုင်ငံပေါင်း ၅၃ နိုင်ငံမှ ခရီးသွားများအတွက် ယနေ့ ဇန်နဝါရီ ၁ ရက်တွင် နိုင်ငံအတွင်းရှိ မြို့ ၅ မြို့ ကို ဗီဇာမလိုဘဲ ၁၄၄ နာရီ ခရီးတစ်ထောက်ဝင်ရောက်လည်ပတ်ခွင့်ကို စတင်ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။

အမေရိကန်အစိုးရယန္တရား ရပ်တန့်တာကို အဆုံးသတ်ဖို့အတွက် ရွေးချယ်စရာတွေကို ဆွေးနွေးဖို့ အဆင်သင့်ရှိတယ်လို့ သမ္မတ ဒေါ်နယ်ထရမ့်က ဒီဇင်ဘာ ၃၁ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။
အမေရိကန်-မက္ကဆီကို နယ်စပ်တံတိုင်း တည်ဆောက်ရေးအတွက် ကွန်ဂရက်က ရန်ပုံငွေ ၅ ဘီလျံ ခွင့်ပြုပေးဖို့ ထရမ့်က တောင်းဆိုတာကြောင့် ဒီဇင်ဘာ ၂၂ ရက်နေ့ကစပြီး အစိုးရယန္တရား လေးပုံတပုံလောက် ရပ်ဆိုင်းခဲ့ပါတယ်။

အင်ဒိုနီးရှားနိုင်ငံ အနောက်ဘက် ကမ်းရိုးတန်းဒေသမှာ ပြီးခဲ့တဲ့ သီတင်းပတ်ထဲ လူပေါင်း ၄၃၀ ထက်မနည်း သေဆုံးခဲ့တဲ့အထိ ဆူနာမီ ရေလှိုင်းတွေ ဖြစ်ခဲ့တဲ့ Anak Krakatau မီးတောင်ပေါက်ကွဲမှု အန္တရာယ် သတိပေးချက်ကို အာဏာပိုင်တွေ အဆင့်တိုးမြှင့် သတ်မှတ်လိုက်ပါတယ်။