
အာရှမှ ဥရောပအထိ ကျယ်ပြန့်သော သယ်ယူပို့ဆောင်ရေးနှင့် ကုန်သွယ်ရေး တရုတ်အစိုးရ၏ ပိုးလမ်းမသစ် စီမံကိန်းတွင် ပါဝင်ရန် အီတလီသည် မတ်လ ၂၃ ရက်က တရုတ်နှင့် တုပ်နှောင်မှု မရှိသည့် စာချုပ်၌ လက်မှတ်ရေးထိုးခဲ့သည်။ ထို့ကြောင့် အီတလီသည် တရုတ်၏ ကြီးမားသော စီမံကိန်းတွင် ပါဝင်ရန် လက်မှတ်ထိုးသော ပထမဆုံး ဂျီ-၇ အဖွဲ့ဝင်နိုင်ငံဖြစ်လာသည်။









