
ဗင်နီဇွဲလားနိုင်ငံရေးမှာ အမေရိကန်စစ်တပ်က ကြားဝင်စွက်ဖက်တာကို ရုရှားအစိုးရအနေနဲ့ နည်းလမ်းအားလုံး သုံးပြီး တားဆီးသွားမယ်လို့ ရုရှား အထက်လွှတ်တော်ဥက္ကဋ္ဌ ဗယ်လင်တီနာ မာဗ်ဗီယန်ကိုက မတ်လ ၃ ရက်နေ့မှာ ပြောပါတယ်။ ဗင်နီဇွဲလားနိုင်ငံရေးကို ကြားဝင်စွက်ဖက်ရေး အကြောင်းရှာဖို့ အမေရိကန်က ရန်လိုလာမှာကို ရုရှားအနေနဲ့ စိုးရိမ်နေတယ်လို့ လွှတ်တော်ဥက္ကဋ္ဌ မာဗ်ဗီယန်ကိုက မော်စကိုမြို့ကို ရောက်လာတဲ့ ဗင်နီဇွဲလား ဒုသမ္မတ ဒယ်လ်ကီ ရော်ဒရီဂဲ့ဇ်ကို ပြောခဲ့တာပါ။









