
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နှင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်တို့ စင်ကာပူနိုင်ငံတွင် ၂၀၁၈ ဇွန်လ ၁၂ ရက်က တွေ့ဆုံနေစဉ် (KCNA VIA KNS / AFP)
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နှင့် မြောက်ကိုရီး

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နှင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်တို့ စင်ကာပူနိုင်ငံတွင် ၂၀၁၈ ဇွန်လ ၁၂ ရက်က တွေ့ဆုံနေစဉ် (KCNA VIA KNS / AFP)
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နှင့် မြောက်ကိုရီး

ဗင်နီဇွဲလားနိုင်ငံ၏ အတိုက်အခံ ခေါင်းဆောင်နှင့် နိုင်ငံ၏ ကြားဖြတ်သမ္မတအဖြစ် ကိုယ်တိုင်ကြေညာထားသူ ဂိုင်ဒို ကို အရေးယူပါက ပြင်းထန်သော နောက်ဆက်တွဲ အကျိုးဆက်များ ရှိလာမည်ဟု ကိုလံဘီယာ-ဗင်နီဇွဲလား နယ်စပ်သို့ လည်ပတ်ရင်းအမေရိကန် အထက်လွှတ်တော် အမတ် မာကိုရူဘီယိုက ပြော သည်။
နိုင်ငံရေးနှင့် စီးပွားရေးအကျပ်ဆိုက်နေသော ဗင်နီဇွဲလား အပေါ် အမေရိကန်က စစ်ရေးအရ ကြားဝင်မည်လား ဆိုခြင်းအပေါ် အထက်လွှတ်တော်အမတ် က တိတိကျကျ မပြောပေ။

အစ္စလာမ္မာဘတ် ဖေဖော်ဝါရီ ၁၇
ဆော်ဒီအာရေဗျနိုင်ငံ၏ ဩဇာအာဏာကြီးမားသည့် တော်ဝင်အိမ်ရှေ့မင်းသား မိုဟာမက် ဘင်ဆယ်လ်မန်သည် တနင်္ဂနွေနေ့က ပါကစ္စတန်သို့ ရောက်ရှိခဲ့သည်။ပါကစ္စတန်သို့ ရောက်ရှိမှုသည် ၎င်းအာရှခရီးစဉ်အစဖြစ်ပြီး ယင်းခရီးစဉ်အတွင်း အကျိုးအမြတ်များသည့် ကန်ထရိုက်စာချုပ် ချုပ်ဆိုမှုများ ပြုလုပ်ရန် ကြိုးပမ်းသွားမည်ဖြစ်ကာ ၎င်း၌ မဟာမိတ်များ ရှိနေသေးသည်ကို ထုတ်ဖော်သွားမည်ဖြစ်ကြောင်း သိရသည်။

ဝါရှင်တန် ဖေဖော်ဝါရီ ၁၇
ယခုလနှောင်းပိုင်းတွင် ကျင်းပမည့် အမေရိကန်-မြောက်ကိုရီးယားထိပ်သီး အစည်းအဝေးမတိုင်မီ မြောက်ကိုရီးယားနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုများ ဆက်လက်လုပ်ဆောင်သွားရန် လိုအပ်ကြောင်း အမေရိကန် ဒုတိယသမ္မတ မိုက်ပန့်စ်က အလေးအနက်ပြောကြားခဲ့သည်။
စနေနေ့က မြူးနစ်လုံခြုံရေး ကွန်ဖရင့်အစည်းအဝေး၌ မိုက်ပန့်စ်က မိန့်ခွန်းတစ်ခု ပြောကြားခဲ့သည်။ ယခုလနှောင်းပိုင်းတွင် ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့၌ ထိပ်သီး အစည်းအဝေးကျင်းပရန် စီစဉ်ထားမှုနှင့်စပ်လျဉ်း၍ မိုက်ပန့်စ်က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ငြိမ်းချမ်းရေးတစ်ရပ်ဖော်ဆောင်နိုင်မည်ဟု ယုံကြည်နေကြောင်း ၎င်းက ပြောခဲ့သည်။

ထိုင်းဝန်ကြီးချုပ် ပရာရွတ်ချန်အိုချာ ကို တွေ့ရစဉ်)
ထိုင်းနိုင်ငံမှာ ၂၀၁၄ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက် ပထမဆုံးကျင်းပမယ့် ရွေးကောက်ပွဲမှာ လက်ရှိ စစ်အစိုးရဝန်ကြီးချုပ် ပရာရွတ်ချန်အိုချာ အပါအဝင် ဒီမိုကရေစီလိုလားတဲ့ မဟာမိတ်ပါတီ ပေါင်းစုံက ကိုယ်စားလှယ် ၆၈ ယောက်ကို ရွေးကောက်ပွဲကော်မရှင်က သောကြာနေ့က အသိအမှတ် ပြုလိုက်ပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ကို နိုဗယ်ငြိမ်းချမ်းရေးဆု အမည်စာရင်းတင်သွင်းပေးရန် အစိုးရက တောင်းဆိုပြီးနောက် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ပြီးခဲ့သည့် ဆောင်းဦးရာသီက အမည်စာရင်းတင်သွင်း ခဲ့ကြောင်း Asahi သတင်းစာက ဖေဖော်ဝါရီ ၁၇ ရက်တွင် ဖော်ပြသည်။
မြောက်ကိုရီးယားနှင့် ဆွေးနွေးမှုများ စတင်ပြီး တင်းမာမှု ဖြေလျှော့အောင် လုပ်ဆောင်ခဲ့ခြင်းကြောင့် ရှင်ဇိုအာဘေး က ၎င်းကို နိုဗယ်ငြိမ်းချမ်းရေးဆု အမည်စာရင်းတင်သွင်းခဲ့သည်ဟု ထရန့်က သောကြာနေ့တွင် ပြောကြား ပြီးနောက် ယခုသတင်းထွက်ပေါ်လာခြင်းဖြစ်သည်။

အမေရိကန်နဲ့ မက်ဆီကိုကြား နယ်စပ်တံတိုင်း တစိတ်တပိုင်း တည်ဆောက်ဖို့ လုပ်မယ့် ဥပဒေပြဌာန်းချက်ကို သမ္မတ Donald Trump က လက်မှတ်ရေးထိုး အတည်ပြုတော့မှာ ဖြစ်ပေမယ့် တချိန်ထဲမှာပဲ တရားမဝင် ဝင်ရောက်သူတွေကို တားဆီးဖို့ တံတိုင်းဆက်ပြီး ဆောက် နိုင်အောင် နိုင်ငံတော် အရေးပေါ်အခြေနေတရပ်ကို ကြေညာဖို့ရှိကြောင်း သမ္မတ အိမ်ဖြူက ကြာသပတေးနေ့မှာ ပြောကြားလိုက်ပါတယ်။

ယမန်နှစ်က အာရှ-ပစိဖိတ် စီးပွားရေးပူး ပေါင်းဆောင်ရွက်ရေးညီလာခံ အေပက်အတွင်းအရာရှိများသို့ ငှားရမ်းထားသော ကားအစီးရေ ၃၀၀ ခန့်ပြန်လည်ရရှိရေး ပါပူးဝါး နယူးဂီနီရဲတပ်ဖွဲ့က ကြိုးပမ်းနေသည်။
ယင်းဇိမ်ခံကားများကို ဆင်းရဲမွဲတေမှုကြောင့် အခက်ကြုံနေသော နိုင်ငံသို့လာရောက်သော ခေါင်းဆောင်များ စတိုင်ရှိရှိ မောင်းနှင်ရန် ပြည်ပမှတင်သွင်းခဲ့ခြင်းဖြစ်သည်။ သို့သော် ကားများအနက် ၂၈၄ စီးပျောက်ဆုံးနေ ကြောင်း ရဲမှူးတစ်ဦးက ပြော သည်။

ကြာသပတေးနေ့က အိန္ဒိယဘက်က ထိန်းချုပ်ထားတဲ့ ကက်ရှ်မီးယား ဒေသမှာ ဗုံးခွဲသမားတဦးက ဖေါက်ခွဲရေး ပစ္စည်းတွေ အပြည့်တင်ထားတဲ့ ယာဉ်တစီးနဲ့ စစ်ယာဉ်တန်းကို တိုက်ခိုက်ခဲ့တဲ့ အတွက် ပြည်သူ့စစ် အနဲဆုံး အယောက် ၄၀ သေဆုံးခဲ့ရပါတယ်။
ကက်ရှ်မီးယားရဲ့ နွေဦးမြို့တော် Srinagar နားက အဝေးပြေးလမ်းမကြီးပေါ်မှာ အစင်းရေ ၇၀ ပါဝင်တဲ့ မော်တော်ယဉ်တန်း ဖြတ်သန်းလာစဉ် တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး ဒီတိုက်ခိုက်မှုဟာ ကက်ရှ်မီးယားက လုံခြုံရေး တာဝန်ရှိသူတွေကို ပစ်မှတ်ထား တိုက်ခိုက်တာ ဖြစ်ပါတယ်။

ပေကျင်း ဖေဖော်ဝါရီ ၁၃
အမေရိကန်နှင့် တရုတ် နှစ်နိုင်ငံကုန်သွယ်ရေးဆိုင်ရာ စေ့စပ်ညှိနှိုင်းမှုအတွက် တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် အမေရိကန်ထိပ်တန်း တာဝန်ရှိသူများ ဖေဖော်ဝါရီ ၁၅ ရက်တွင် ပေကျင်းမြို့၌ တွေ့ဆုံမည်ဖြစ်ကြောင်း ယနေ့ အေအက်ဖ်ပီသတင်း တစ်ရပ်အရ သိရသည်။