လားရှိုးပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာစိုင်းမောက်ခမ်း ပြည်ခိုင်ဖြိုးပါတီ ကော်မတီအဖွဲ့နှင့် တွေ့ဆုံ

 

ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာစိုင်းမောက်ခမ်းသည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကော်မတီအဖွဲ့နှင့် မတ်လ (၁၆) ရက် မွန်းလွဲ ၂ နာရီက ပြည်နယ် ပြည်ခိုင်ဖြိုးရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံခဲ့သည်။

ထိုသိုတွေ့ဆုံရာတွင် ရပ်/ ကျေး ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ပေးမှု၊ လို အပ်ချက်များ၊ ဆက်လက်ဆောင် ရွက်ရန်လိုအပ်သည်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

ပါတီဗဟိုဦးဆောင်ကော်မတီဝင် သူရဦးအေးမြင့် ဆူးလေကုန်းကျေးရွာ မဲဆန္ဒရှင် များနှင့်တွေ့ဆုံပွဲ တက်ရောက်အားပေး

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုဦးဆောင်ကော်မတီဝင် သူရဦးအေးမြင့်သည် မတ်လ (၁၆) ရက် မွန်းလွဲ ၂ နာရီတွင် မုံရွာမြို့နယ် မဲဆန္ဒနယ် ဆူးလေကုန်းကျေးရွာတွင် ကျင်းပသည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါက်တာဝင်းမြင့်အောင်၏ မဲဆွယ်စည်းရုံးပွဲသို့ တက်ရောက် အားပေးခဲ့သည်။

သနပ်ပင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီနှစ်စဉ်ပါတီကြေးပေးအပ် လူငယ် များနှင့်တွေ့ဆုံ

 

ပဲခူးတိုင်းဒေသကြီး (အရှေ့ပိုင်း) သနပ်ပင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပါတီဝင်နှစ်စဉ် ကြေးပေးအပ်ပွဲနှင့် လူငယ်တွေ့ဆုံပွဲကို မတ်လ (၁၆) ရက် မွန်းတည့် ၁၂ နာရီက သနပ်ပင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးတွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးတင်မျိုးဝင်းက အမှာစကား ပြောကြားပြီး နောက်ရပ်ကွက်၊ ကျေးရွာပါတီဥက္ကဋ္ဌ ၆၆ ဦးတို့က ပါတီဝင်များ၏ ပါတီဝင် နှစ်စဉ်ကြေးများ အသီးသီးပေးအပ်ကြရာ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးတင်မျိုးဝင်းနှင့် နယ်မြေတာဝန်ခံတို့က လက်ခံရယူကြသည်။

ဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေးမှ video conferencing ဖြင့် မကွေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ ၂၅ မြို့နယ်နှင့် လပတ်အစည်းအဝေးပြုလုပ်

 

မကွေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ၏ တိုင်း/ခရိုင်/မြို့နယ် လပတ်လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို မတ်လ (၁၅) ရက် နံနက် (၁၀) နာရီတွင် တိုင်းအထူးအစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ရာ တိုင်းပါတီဥက္ကဌ ဒေါက်တာ မောင်မောင်ဌေး၊ တိုင်းပါတီ အတွင်းရေးမှူး
ဦးဆန်းညွန့်အောင်နှင့် တိုင်းကော်မတီဝင်များ/အရံကော်မတီဝင်များ၊ ခရိုင်/မြို့နယ် ပါတီဥက္ကဌများ တက်ရောက် ခဲ့ကြပြီး ဗဟိုအတွင်းရေးမှူးဦးပိုက်ထွေးမှ video conferencing မှ အမှာစကားပြောကြားခြင်း၊ တိုင်းပါတီဥက္ကဌ၊ တိုင်းပါတီအတွင်းရေးမှူးနှင့် ကော်မတီဝင်များ၊ ၅ ခရိုင်မှ ပါတီဥက္ကဌများ၊ မကွေးခရိုင်အတွင်းရှိ မြို့နယ် ၆ မြို့နယ်မှ ဥက္ကဌများနှင့်အတူ ဘူးလက်ဂျာနယ်မှ ဦးလှဆွေတို့မှ ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြပြီး အစည်း အဝေးကို ခေတ္တရပ်နားခဲ့ပါသည်။

ပါတီဝင်အရည်အသွေး မြှင့်တင်ရေး ဆွေးနွေးပွဲ ပြုလုပ်

 

15-3-2017ရက်နေ့ ဝါးခယ်မမြို့နယ်ပါတီရုံးတွင် မြို့နယ်ပါတီကော်မတီများ နှင့် ရပ်ကွက် ၁၄ ခုမှ ပါတီခေါင်းဆောင်များအား ”ပါတီဝင်အရည်အသွေး မြှင့်တင်ရေး ဆွေးနွေးပွဲ” ပြုလုပ်နိုင်ခဲ့ပါသည်။

အဆိုပါဆွေးနွေးပွဲတွင် ပါတီအတွင်းရေးမှူးမှ –

၁။ 2020 အောင်နိုင်ရေးမဟာဗျူဟာ

၂။ စီမံခန့်ခွဲမှု

၃။ နိုင်ငံရေးအခြေအနေများလေ့လာခြင်း

၎။ စည်းရုံးရေးသဘောတရားများ

ဥပဒေနှင့်မညီညွတ်ဘဲ ဘင်္ဂါလီများအား နိုင်ငံသားစိစစ်ရေး ကတ်ပြား ထုတ်ပေးနေမှုများ ရှိသည်ဆိုပြီး ကန့်ကွက် ဆန္ဒပြပွဲများ ပြုလုပ်မည်

ရခိုင်ပြည်နယ်မှ ဘင်္ဂါလီများအား ၁၉၈၂ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနေမှု ရှိနေသည်ဟု ဆိုကာ ကန့်ကွက်ဆန္ဒထုတ်ဖော်ပွဲများကို ရခိုင်တစ်ပြည်လုံးတွင် ပြုလုပ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။ (more…)


ပုဂ္ဂလိကဘဏ်များအား နိုင်ငံခြားငွေ ချေးခွင့်ပြုရန် ဗဟိုဘဏ်စီစဉ်နေ

ပြည်တွင်းစီးပွားရေး  လုပ်ငန်းရှင်များအား ပုဂ္ဂလိကဘဏ်များက နိုင်ငံခြားငွေဖြင့် ထုတ်ချေးခွင့်ပြုရန် ဗဟိုဘဏ်က စီစဉ်နေသည်ဟု ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက မတ်လ ၁၃ ရက်၌ စီးပွားရေး လုပ်ငန်းရှင်များနှင့် တွေ့ဆုံစဉ်ပြောကြားခဲ့သည်။ (more…)


တိုက်ပွဲအရှိန် လျှော့ချရေး မြောက်ပိုင်း မဟာမိတ်အဖွဲ့ကို တရုတ်အစိုးရ တွေ့ဆုံ

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာ အထူးကိုယ်စားလှယ် Mr. Sun Guoxiang နှင့် မြောက်ပိုင်း မဟာမိတ် လက်နက်ကိုင်အဖွဲ့တို့ တွေ့ဆုံ၍ တိုက်ပွဲအရှိန်လျှော့ချရေး ဆွေးနွေးခဲ့ကြောင်း ယင်းအဖွဲ့များထံမှ သိရသည်။ (more…)


ကိုယ်စားလှယ်လောင်း၏ လက်ကမ်းစာစောင်များ တစ်အိမ်တက်ဆင်း မိတ်ဆက်ပေးအပ်

 

၂၀၁၇ ခုနှစ် ဧပြီလ (၁) ရက်တွင်ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲကျင်းပရန် (၁၇) ရက်သာ လိုတော့သည်ဖြစ်၍ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးပါတီဝင် များသည် မတ်လ (၁၄) ရက်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါက်တာဝင်းမြင့်အောင်၏ ကိုယ်ရေးအကျဉ်း လက်ကမ်းစာစောင်များကို ကြိုးကြာကန်ကျေးရွာ ညောင်ပင်လှကျေးရွာများရှိ မဲဆန္ဒရှင် မိဘပြည်သူများထံ တစ်အိမ်တက်ဆင်း သွားရောက် မိတ်ဆက်ပေးအပ်ခဲ့ကြသည်။

ကျိုက်လတ်ပြည်ခိုင်ဖြိုး ပါတီဝင်နှစ်စဉ်ကြေးပေးအပ်ပွဲကျင်းပ

 

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ ပါတီဝင် နှစ်စဉ်ကြေး စုပေါင်းပေးအပ်ပွဲ အခမ်းအနားကို ကျိုက်လတ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးတွင် မတ်လ (၁၅) နေ့တွင် ကျင်းပပြုလုပ်ခဲ့ရာ အခန်းအနားသို့ တိုင်းပါတီကော်မတီဝင် ဒေါ်စိုးစိုးရီ၊ ဖျာပုံခရိုင်ပါတီ ယာယီဥက္ကဋ္ဌ ဦးစောအောင်ချစ်ဆွေနှင့် ကော်မတီဝင်များ၊ ကျိုက်လတ်မြို့နယ် ပါတီကော်မတီဝင်များနှင့် ရပ်/ကျေး ပါတီဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။