NLD ပါတီ ကယားပြည်နယ် ဥက္ကဌနှင် ဖရူဆို မြို့နယ်ဥက္ကဌတို့အား ပါတီတာဝန်မှ ရပ်ဆိုင်း

ကြားဖြတ်ရွေးကောက်ပွဲအပြီး နှစ်ရက်အကြာတွင် NLD ပါတီ၏ ကယားပြည်နယ် ဥက္ကဌနှင့် ဖရူဆိုမြို့နယ် ဥက္ကဌ နှစ်ဦးအား ပါတီတာဝန် ရပ်ဆိုင်းလိုက်သည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဗဟိုအလုပ် အမှုဆောင်အဖွဲ့ အစည်းအဝေးဆုံးဖြတ်ချက်အရ ထုတ်ပြန်ကြေညာလိုက်သည်။ (more…)


မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ ပါတီဝင် ၂၀ဝ ကျော် ရွာလုံးကျွတ် နီးပါး နုတ်ထွက်

မွန်ပြည်နယ် ရေးမြို့နယ် တောင်ပြင်ကျေးရွာမှ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ (AMDP) ဝင် ၂၀ဝ ကျော်တို့ ဧပြီလ ၁ ရက်နေ့မှ စတင်ကာ ရွာလုံးကျွတ်နီးပါး ပါတီဝင်အဖြစ်မှ နုတ်ထွက်ကြောင်း တောင်ပြင်ကျေးရွာ (AMDP) ဥက္ကဋ္ဌ နိုင်မွန်စိုက်က ပြောကြားသည်။ (more…)


ရန်ကုန်တိုင်းတွင် သင်္ကြန်မဏ္ဍပ် ၈၀ ခွင့်ပြု၍ ယမန်နှစ်ထက် ထက်ဝက်ကျော်လျော့နည်း

ရန်ကုန်တိုင်းဒေသကြီး အတွင်း ယခုနှစ်သင်္ကြန်မဏ္ဍပ် စုစုပေါင်း ၈၀ ကို ဆောက်လုပ်ခွင့် ပြုလိုက်ကြောင်း သတင်းရရှိသည်။ အဆိုပါအရေအတွက်သည် ပြီးခဲ့သည့်နှစ် သင်္ကြန်ကာလ မဏ္ဍပ်စုစုပေါင်းအရေအတွက် ၂၀၀ ကျော်နှင့် နှိုင်းယှဉ်ပါက ထက်ဝက်ကျော် လျော့နည်းနေခြင်း ဖြစ်သည်။ (more…)


တာချီလိတ်ပြည်ခိုင်ဖြိုးပါတီ၊ အမျိုးသမီးရေးရာကော်မတီဝင်များ ဆောင်ရွက်မှုများ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ပြည်နယ် ကော်မတီဝင် ဒေါ်တင်မေထွန်းနှင့် ခရိုင်ကော်မတီဝင် ဒေါ်နန်းဝိုးလှိုင်၊ ဒေါ်ကြည်မေတို့သည် ဧပြီလ (၃) ရက်နေ့က တာချီလိတ် (မေတ္တာရှင်လူမှုကူညီရေးအသင်း)အား တန်ဖိုးငွေ (၃၇၅၀)ဘတ်ရှိ အသက်ကယ် ဦးထုတ် (၁၅) လုံး လှူဒါန်းပေးခဲ့ပါသည်။

 

(more…)


ပါတီဝင်နှစ်စဉ်ကြေးကောက်ခံ

 

ယနေ့4-4-2017 ရက်နေ့နေ့၁နာရီတွင် ပါတီဝင်စီစစ်ရေးနှင့် ပါတီဝင် နှစ်စဉ်ကြေးကောက်ခံခြင်းဆောင်ရွက်ရာ – မိုးညှင်းမြို့နယ် ဟိုပင်ဒေသ ရွာသစ်ကြီးကျေးရွာမှ ပါတီဝင်အမာခံများအား ဒု -စည်းမှူး ဦးအောင်တင်ဝင်း နေအိမ်တွင် ပါတီဝင်ကြေးများ ကောက်ခံရာ အဆိုပါ ဆောင်ရွက်ချက်အား မိုးညှင်းမြို့နယ်အတွင်းရေးမှူး ဦးဌေးဝင်း ဟိုပင်ဒေသတာဝန်ခံ ဦးမြဝင်း ၊ ဒေသကော်မတီ ဦးစောအေးလွင် ၊ လူငယ်ကေဒါ ဦးအောင်ကိုဝင်း ၊ ဒေါ်မြမြဌေးတို့မှ ကြီးကြပ်ဆောင်ရွက်ခဲ့ကြောင်းသတင်းရရှိပါသည်။

ကျောက်ဆည်ပြည်ခိုင်ဖြိုး ပါတီဝင်နှစ်စဉ်ကြေးပေးအပ်

 

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ လပတ်ပုံမှန် အစည်းအဝေးကို ဧပြီလ (၃) ရက်နေ့ နံနက် (၉း၃၀) အချိန်တွင် မြို့နယ်ပါတီရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။
အစည်းအဝေးတွင် စည်ရုံးရေးနယ်မြေအလိုက် ကောက်ခံရှိသော ပါတီဝင် (၉၅၅) ဦးအတွက် ပါတီဝင် နှစ်စဉ်ကြေးများကို စည်ရုံးရေးမှူးများမှ ပေးအပ်ရာ မြို့နယ်ပါတီ ဥက္ကဋ္ဌ ဦးစိုးစိုးထွန်းမှ လက်ခံရယူခဲ့သည်။

ဝိုင်းမော်မြို့နယ် ပါတီဥက္ကဌနှင့်အဖွဲ့ ကျေးရွာစည်းရုံးရေးအဖွဲ့နှင့် တွေ့ဆုံ

 

ကချင်ပြည်နယ်၊ ၀ိုင်းမော်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ ဦးကျော်ကျော်အောင် ဦးဆောင်သော မြို့နယ်ကော်မတီအဖွဲ့သည် (၂-၄-၂၀၁၇)ရက်နေ့တွင် ၀ိုင်းမော်မြို့နယ်၊ အောင်မြေ(၁) ကျေးရွာသို့ သွားရောက်ပြီး အောင်မြေ (၁)ကျေးရွာ စည်းရုံးရေးအဖွဲ့နှင့် တွေ့ဆုံ၍ ပါတီလုပ်ငန်းစဉ်များ ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

Usdp Kachin


ချောင်းဆုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်သိန်း မဲဆန္ဒရှင်များအား သွားရောက်တွေ့ဆုံကာ ကျေးဇူးတင်စကားများ ပြောကြား

 

၂၀၁၇ ခုနှစ်ကြားဖြတ်ရွေးကောက်ပွဲတွင် ချောင်းဆုံပြည်သူများ၏ ရွေးချယ်ခံ ရသည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင်၊ မွန်ပြည်နယ်ပါတီဥက္ကဋ္ဌ ဦးအောင်ကြည်သိန်းသည် ယနေ့နံနက် (၀၉း၀၀)နာရီအချိန်တွင် မုရစ်ကလေး ကျေးရွာအုပ်စု ကော့ကဒဲ့ကျေးရွာနှင့် တကူဟအွီးကျေးရွာရှိ မဲဆန္ဒရှင် မိဘပြည်သူများဆီသွားရောက်တွေ့ဆုံကာ၊ကျေးဇူးတင်စကားများပြောကြားခဲ့သည်။

နိုင်ငံရေးပါတီများတွေ့ဆုံ၍ ၂ဝ၁၇ ကြားဖြတ်ရွေးကောက်ပွဲအပေါ် ပြန်လည်သုံးသပ် လတ်တလောနိုင်ငံရေးအခြေအနေများနှင့်ပတ်သက်၍ ညှိနှိုင်းဆွေးနွေး

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဌာနချုပ်(ရန်ကုန်)တွင် ယနေ့မွန်းလွဲ ၁နာရီက နိုင်ငံရေးပါတီများ စုပေါင်းတွေ့ဆုံဆွေးနွေးပွဲ တစ်ရပ်ပြုလုပ်ခဲ့သည်။
အဆိုပါဆွေးနွေးပွဲတွင် တက်ရောက်လာ ကြသော နိုင်ငံရေးပါတီများက ကျင်းပခဲ့ပြီး ဖြစ်သော ၂ဝ၁၇ ခုနှစ်ကြားဖြတ်ရွေးကောက် ပွဲတွင် နိုင်ငံရေးပါတီများ၏ ဆောင်ရွက်ချက် များအပေါ် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ် နည်းများနှင့်အညီ လိုက်နာဆောင်ရွက်မှုရှိမရှိ၊ လွတ်လပ်၍ တရားမျှတမှုရှိမရှိ၊ လတ်တလော ဖြစ်ပေါ်နေသောနိုင်ငံရေး၊တိုင်းရင်းသားအရေး၊ စီးပွားရေး၊ လုံခြုံရေး စသည့်ကိစ္စများနှင့် ပတ် သက်၍ အသေးစိတ်အပြန်အလှန်တွေ့ဆုံဆွေး နွေးခဲ့ကြသည်။
ဆွေးနွေးပွဲမှ သဘောတူညှိနှိုင်းရရှိမှုများ နှင့်ပတ်သက်၍ ပူးတွဲကြေညာချက်များထုတ် ပြန်သွားမည်ဖြစ်ကြောင်း သိရသည်။

လောက်ကိုင်တွင် အစိုးရရုံးများ ယနေ့ပြန်ဖွင့်မည်

လောက်ကိုင်ဒေသ တည်ငြိမ်လာ၍ အစိုးရရုံးများ ယနေ့ပြန် ဖွင့်မည်ဖြစ်ပြီး ဌာနဆိုင်ရာ ဝန်ထမ်းများ စုပေါင်း ကာ မြို့တွင်း သန့်ရှင်းရေး ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။ (more…)