ရန်ကုန်တိုင်းဒေသကြီးအတွင်း ကြားဖြတ်ရွေးကောက်ပွဲအတွက် မတ်လ ၁၇ ရက်မှ ၂၀ ရက်အထိ မဲဆန္ဒရှင် သက်သေခံ လက်မှတ်လာရောက်ထုတ်ယူသူ သုံးသောင်းကျော်ရှိကြောင်း ရန်ကုန်တိုင်း ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ သတင်းရရှိသည်။ (more…)
အနည်းဆုံးလုပ်ခလစာ ပြန်လည် သတ်မှတ်နိုင်ရေး အထူးအစည်းအဝေးများ ဆက်လက်ပြုလုပ်မည်
အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီအစည်းအဝေးပြုလုပ်ရန် နောက်ဆုံး တစ်ကြိမ်သာ ကျန်ရှိတော့သဖြင့် အနည်းဆုံးလုပ်ခလ စာကိစ္စနှင့်ပတ်သက်၍ အထူးအစည်းအဝေးများ ခေါ်ယူခြင်းဖြင့်သာ ညှိနှိုင်းဆွေးနွေးမည်ဟု ယင်းကော်မတီဝင်အချို့က ပြောသည်။ (more…)
တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဖိလစ်ပိုင် သမ္မတနှင့်တွေ့ဆုံ
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ မတ်လ(၂၀)ရက်နေ့ လည်ပိုင်းက မြန်မာနိုင်ငံကို ချစ်ကြည်ရေးခရီးရောက်ရှိနေတဲ့ ဖိလစ်ပိုင်သမ္မတနိုင်ငံ သမ္မတ H.E. Mr. Rodrigo Rao Duterte နဲ့ နေပြည်တော်ရှိ Horizon Lake View Hotel မှာ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
မုံရွာတွင် ကြားဖြတ်ရွေးကောက်ပွဲ အတွက် ကြိုတင်မဲ မတ် ၂၂ ရက်မှ စတင်ပေးနိုင်
ကြားဖြတ်ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော်အမတ်အား ရွေးချယ်မဲပေးရမည့် မုံရွာမြို့နယ်တွင် ကြိုတင် မဲများကို မတ် ၂၂ မှ ၃၁ ရက်အထိ နံနက် ၈ နာရီမှ ညနေ ၆ နာရီအထိ မိမိနေထိုင်ရာ ရပ်ကွက်၊ ကျေးရွာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများထံတွင် မဲပေးနိုင်ပြီဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ရွေးကောက်ပွဲ ကော်မရှင်ရုံးမှ သတင်းရရှိသည်။
ဒုတိယကမ္ဘာစစ်ပြီးနောက်ပိုင်း မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် အမေရိကန် ရေတပ်သင်္ဘော ချစ်ကြည်ရေး ခရီးလာရောက်
ဒုတိယကမ္ဘာစစ်ပြီးနောက်ပိုင်း မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် အမေရိကန်ရေတပ်သင်္ဘော တရားဝင် ချစ်ကြည်ရေးခရီး လာရောက်မည်ဖြစ်ကြောင်း ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက မတ် ၂၀ ရက်တွင် သတင်း ထုတ်ပြန်သည်။ (more…)
သင်္ကြန်ကာလ အဝေးပြေးကားခများ ဈေးတက်
ယာဉ်လိုင်းပိုင်ရှင်အချို့က ယခုနှစ်သင်္ကြန်ကာလအတွင်း အဝေးပြေးကား လက်မှတ်ခဈေးနှုန်း ၅၀ % တိုးကောက်ခွင့်ပြုရန် YRTA ထံ တောင်းဆိုထားသဖြင့် အစည်းအဝေးဆုံးဖြတ်ချက်မကျခင် အချိန်အတွင်း မှာပင် လက်မှတ်ခများကို တိုးမြှင့်ရောင်းချလျက်ရှိကြောင်း အဝေးပြေးလက်မှတ်အရောင်း ဈေးကွက်ထံမှ သိရသည်။ ယာဉ်လိုင်းပိုင်ရှင်များက အရှုံးပေါ်မှုကိုကာမိရန်အတွက် လက်မှတ်နှုန်းတိုးမြှင့်ကောက်ခံခွင့် ပြုရန် ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့ YRTA ထံ ပြီးခဲ့သည့်ရက်ပိုင်းက တောင်းဆိုခဲ့ခြင်း ဖြစ်သည်။ (more…)
ကြားဖြတ်ရွေးကောက်ပွဲအတွက် တစ်အိမ်တက်၊ ဆင်း မဲဆွယ်စည်းရုံးခြင်းကို ဒုတိယအများဆုံး အသုံးပြု ကြောင်း စစ်တမ်းတစ်ခု ဖော်ပြ
ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေးကာလအတွင်း တစ်အိမ်တက်ဆင်း မဲဆွယ်စည်းရုံးခြင်း နည်းအသုံးပြုမှုသည် ဒုတိယအများဆုံးပါဝင်ကြောင်း ယုံကြည်ရသော ရွေးကောက်ပွဲများ ပေါ်ပေါက်ရေး ပြည်သူများ ပူးပေါင်းလှုပ်ရှားမှုအဖွဲ့ (PACE) ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။ (more…)
လေပွေလှိုင်းများကြောင့် အချိန်အခါ မဟုတ် မိုးရွာမည်
အရှေ့ဘက်မှ ရွေ့လျားလာသည့် လေပွေလှိုင်းများကြောင့် နောက်သုံးရက်အတွင်း ဒေသအချို့တွင် အချိန်အခါ မဟုတ် မိုးများရွာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန ဒုတိယ ညွှန်ကြား ရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးက ပြောကြားသည်။ (more…)
“လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်/မဖြစ်ဆိုတာကို စောင့်ကြည့်ရ ဦးမယ်လို့ပဲ ပြောချင်ပါတယ်”
မေး- လာမယ့်ကြားဖြတ်ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတမှု ရှိမယ်လို့ ယုံကြည်ပါသလား။
ဖြေ- အခုရွေးကောက်ပွဲကော်မရှင်အနေနဲ့ လုပ်ဆောင်နေတဲ့အပေါ်မှာတော့ အခုလည်းနိုင်ငံရေးပါတီတွေ ခေါ်ပြီး တော့ အစည်းအဝေးတွေလုပ်တယ်၊ တချို့ညွှန်ကြားချက်လေးတွေ ထုတ်တာလေးတွေရှိတယ်၊ ဒါလေးတွေတော့တွေ့ နေရတယ်၊ သို့သော်လည်းပဲ ကျွန်တော်တို့ပါတီ အနေနဲ့ပြောရရင် တချို့နေရာလေးတွေမှာ နည်းနည်းလေး အခက်အခဲ ဖြစ်တာလေးတွေ ရှိပါတယ်။ ဥပမာပြောရရင် မိုင်းရှူးမဲဆန္ဒနယ်မှာရှိတဲ့ မဲရုံတွေအနက် မဲရုံကိုးရုံလောက်က လုံခြုံရေး ယူရမယ့် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ တပ်မတော်တို့၊ မီးသတ်တပ်ဖွဲ့ စသဖြင့်ပေါ့။ အဲဒီအဖွဲ့တွေကို လက်မခံဘူး၊ သူတို့ ဘာသာပဲ လုံခြုံရေးယူမယ်ဆိုပြီးတော့ပြောတယ်။ ဒါနဲ့ပတ်သက်ပြီး ကျွန်တော်တို့က ဒါဟာ မဖြစ်သင့်ဘူး၊ လုံခြုံရေး ယူသင့်တယ်။ ဒါမှလည်း တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်မယ်၊ ဒါကြောင့်မို့လို့ ဒီဟာလေးက မဖြစ်သင့် ဘူးဆိုပြီး၊ ကန့်ကွက်လွှာတင်ထားတယ်။
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း အောင်နိုင်ရေး မုံရွာမြို့နယ်ပါတီ အမျိုးသမီးရေးရာအဖွဲ့မှ စည်းရုံးမှု ဆောင်ရွက်
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါက်တာဝင်းမြင့်အောင် ၏ မဲဆန္ဒရှင်ပြည်သူများနှင့် သွားရောက်တွေ့ဆုံရာသို့ မတ်လ (၁၉) ရက်က ပြည်ခိုင်ဖြိုးပါတီ ဗပိာုအလုပ် အမှုဆောင် တောင်သူလယ် သမားရေးရာ တာဝန်ခံ ဦးအောင်တင်မြင့်၊ ဗဟိုအလုပ်အမှုဆောင် ဒေါက်တာ မောင်သင်း နှင့် ဗဟိုအလုပ်အမှုဆောင် တိုင်းပါတီဥက္ကဌ ဒေါက်တာ မြင့်သိန်းတို့ လိုက်ပါအားပေး ခဲ့ကြသည်။