ဆင်းမ်ကတ်မှတ်ပုံတင်ရာမှာ ဂယက်တွေထ၊ သုံးစွဲသူတွေ မကျေနပ်ဖြစ်နေကြ

ဆင်းမ်ကတ်များမှတ်ပုံတင်ရာမှာ အခက်အခဲတချို့နဲ့ အဆင်မပြေမှုများရှိနေကြောင်း သုံးစွဲသူတွေဆီက သိရပါတယ်။ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ ဆက်သွယ် ရေးဝန်ဆောင်မှု ကုမ္ပဏီများအားလုံးကို ၂၀၁၇ ခုနှစ် မတ်လ ၃၁ ရက်နေ့မတိုင်မီ သုံးစွဲသူတွေရဲ့ ဆင်းမ်ကတ်များ မှတ်ပုံတင်ထားဖို့ ညွှန်ကြားထားတာဖြစ်ပါတယ်။ (more…)


နိုင်ငံသားစိစစ်ရေးကိစ္စ ဥပဒေပညာရှင်တွေပါဝင်တဲ့ ဆွေးနွေးပွဲ ကျင်းပပေးဖို့ ဒေသခံတွေ တောင်းဆို

ရခိုင်ပြည်နယ်မှာ နိုင်ငံသားစိစစ်ရေး လုပ်ငန်းဆောင်ရွက်နေတာတွေနဲ့ ပတ်သက်ပြီး ရခိုင်တိုင်းရင်းသား ဥပဒေပညာရှင်တွေနဲ့ အစိုးရအဖွဲ့ ဥပဒေ ပညာရှင်တွေ တွေ့ဆုံဆွေးနွေးနိုင်အောင် စီစဉ်ပေးဖို့ စစ်တွေမြို့မှာ ကျင်းပတဲ့ နိုင်ငံသားစိစစ်ရေးဥပဒေနဲ့ပတ်သက်တဲ့ ရှင်းလင်းပွဲမှာ ဒေသခံတွေက တောင်းဆိုလိုက်ပါတယ်။ (more…)


အိန္ဒိယမြန်မာ နယ်ခြားမှတ်တိုင် ပူးတွဲတိုင်းတာမှု ဒေသခံကန့်ကွက်

အိန္ဒိယနိုင်ငံ-မြန်မာ နယ်စပ်ဒေသတလျှောက်မှာ နယ်ခြားမှတ်တိုင် စိုက်နိုင်ရေးအတွက် တိုင်းတာမှုတွေ ပြုလုပ်နေတဲ့ကိစ္စနဲ့ ပတ်သက်လို့ နာဂလန်းပြည်နယ်၊ Tuensang ခရိုင် အတွင်းမှာရှိတဲ့ Pangsha ကျေးရွာ ကောင်စီက ပြည်နယ်ဝန်ကြီးချုပ်ထံ ကန့်ကွက်စာ ရေးသား ပေးပို့လိုက်ပါတယ်။ (more…)


ပိုက်လိုင်း စီမံကိန်းမှ မြန်မာကို ခွဲတမ်း ၂၀ ရာခိုင်နှုန်းပေးကြောင်း တရုတ်ကုမ္ပဏီပြော

လေးနှစ်တာ ထုတ်လုပ်ခဲ့သည့် သဘာဝဓာတ်ငွေ့ထဲမှ မြန်မာနိုင်ငံသို့ ကုဗပေ ၁ ဒသမ ၅ ဘီလီယံ ခွဲဝေ ပေးခဲ့ကြောင်း အရှေ့တောင်အာရှ ရေနံနှင့် သဘာဝ ဓာတ်ငွေ့ပိုက်လိုင်း ကုမ္ပဏီ SEAGP ထံမှ သိရသည်။ (more…)


နွေရာသီ အခြေခံ ဆံပင်နှင့်မိတ်ကပ် အလှပြင် သင်တန်းဖွင့်ပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ပုဇွန်တောင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီရုံး၌ု ယနေ့ (၃-၄-၃၀၁၇) ရက် နံနက် ၉ နာရီက နွေရာသီအခြေခံဆံပင်နှင့်မိတ်ကပ် အလှပြင် သင်တန်း ဖွင့်ပွဲကျင်းပခဲ့သည်။

(more…)


ရခိုင်ပြည်နယ်ပါတီအတွင်းရေးမှူး တူရကီသံရုံးမှ ဒုတိယသံအမတ်ကြီးနှင့် တွေ့ဆုံ

ရခိုင်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူး ဦးသန်းဝေမှ ဧပြီလ ၁ ရက်နေ့က တူရကီသံရုံးမှ ဒုတိယသံအမတ်ကြီး Mr-Eymen Ozsahin အား အမ်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး ဧည့်ခန်းမတွင် လက်ခံတွေ့ဆုံကာ လက်ရှိမြန်မာနိုင်ငံရေးနှင့် ဒီမိုကရေစီအခင်းများ၊ ရခိုင့်နိုင်ငံရေးအခင်း အကျင်းများ၊ ရွေးကောက်ပွဲများ၏ အခြေအနေအပေါ် ရှေ့ဆက်သွားရမည့် မြန်မာနိုင်ငံရေး အခြေ အနေများအား ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

အခြေခံမော်တော်ဆိုင်ကယ်ပြုပြင်နည်း သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီနှင့် ထိုင်းနိုင်ငံ အိမ်တွင်းမှု သင်တန်းကျောင်းတို့ ပူပေါင်း၍ (၂၄-၃-၂၀၁၇ မှ ၂-၄-၂၀၁၇) ထိဖွင့်လှစ်သည့် အခြေခံ မော်တော် ဆိုင်ကယ်ပြုပြင်နည်း သင်တန်းသင်တန်းဆင်းပွဲ အခမ်းအနားအား (၂-၄-၂၀၁၇) ရက်နေ့တွင် တာချီလိတ် ပြည်ခိုင်ဖြိုးပါတီခန်းမတွင် ပြုလုပ်ရာ အခမ်းအနားသို့ တာချီလိတ် ပြည်ခိုင်ဖြိုးနာယက ဦးဘိုလေး၊ ပြည်နယ်ကော်မတီဝင် ဒေါ်တင်မေထွန်း၊ ခရိုင်ပါတီအတွင်းရေးမှူး၊ ဘဏ္ဍာရေးမှူးနှင့် ခရိုင်ပါတီကော်မတီ ၀င်များ၊ မြို့နယ်ဥက္ကဌ၊ အတွင်းရေးမှူး၊ ဘဏ္ဍာရေးမှူးနှင့် ကော်မတီဝင်များ ရပ်ကျေးခေါင်းဆောင်များ၊ ထိုင်းနိုင်ငံ အသက်မွေးသင်တန်းကျောင်းမှ ကော်မတီဝင်များ တက်ရောက်ခဲ့ကြပြီး ပြည်ခိုင်ဖြိုးပါတီ ပြည်နယ်ပါတီ ကော်မတီဝင် ဒေါ်တင်မေထွန်းမှ သင်တန်းဆင်းအမှာစကားပြောကြားခဲ့သည်။

(more…)


၂ဝ၁၇ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ၌ ကျိုင်းတုံနှင့်ချောင်းဆုံမြို့နယ်တို့တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးပါတီ အနိုင်ရရှိ

၂ဝ၁၇ခုနှစ် ကြားဖြတ်ရွေး ကောက်ပွဲ၌ ကျိုင်းတုံမြို့နယ်နှင့် ချောင်းဆုံမြို့နယ် တို့တွင် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီက အနိုင်ရရှိခဲ့ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ထံမှ သိရသည်။

(more…)


ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ တိုင်း၊ ခရိုင်၊ မြို့နယ်ပါတီဥက္ကဋ္ဌများနှင့်တွေ့ဆုံ

ရန်ကုန်တိုင်းဒေသကြီး ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ ဦးခင်မောင်စိုးသည် မတ် ၃ဝရက် နံနက် ၁ဝ နာရီခွဲက ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုး ပါတီကော်မတီရုံးတွင် ရန်ကုန်တိုင်းဒေသကြီး ပါတီကော်မတီဝင်များ၊ ခရိုင်နှင့်မြို့နယ်ပါတီဥက္ကဋ္ဌများနှင့် တွေ့ဆုံ ခဲ့သည်။

 

(more…)