မြောက်ပိုင်းခရိုင်ပြည်ခိုင်ဖြိုးပါတီ မီးဘေးဒဏ်ရာရ လူနာထောက်ပံ့

 

ရန်ကုန်တိုင်း ဒေသကြီး ပြည်ခိုင်ဖြိုးပါတီမှတိုက်ကြီးမြို့နယ် ဇီးကုန်းကျေးရွာအုပ်စု သုံးခွကျေး ရွာမှမီးလောင်မှုကြောင့် ဆေးကုသ မှုခံယူလျက်ရှိသော မိသားစုများ ကို ပြည်ခိုင်ဖြိုးပါတီမှ ဆေးကုသ စားရိတ်ထောက်ပံ့ကူညီပေးလျက် ရှိရာ ယမန်နေ့ နံနက် ၉ နာရီက ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုး ပါတီကော်မတီမှ မြောက်ပိုင်း ခရိုင်တာဝန်ခံ ဗဟိုကော်မတီဝင် ဦးတင်မောင်ဝင်း၊ ခရိုင်ကော်မတီ ဝင် ဦးခင်မောင်တင့်၊ ဦးမျိုးဇော် ဒေါ်သင်းသင်းခိုင်နှင့်မြို့နယ်ဥက္ကဋ္ဌ၊ အတွင်းရေးမှူးများ၊ ရပ်စည်းအမှု ဆောင်များမှ ထိခိုက်ဒဏ်ရာရရှိ ခဲ့သော ဒေါ်အေးပြုံးမိသားစုထံ အလှူငွေ ကျပ်ခြောက်သိန်းကို ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရ သည်။

ပြည်ခိုင်ဖြိုးပါတီ ဗဟိုအကြံပေးဦးသိန်းအောင် လွိုင်ကော်မြို့ မင်းကျောင်းဆရာတော်အား လှူဖွယ်ပစ္စည်း ဆက်ကပ်

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဗဟိုအကြံပေး ဦးသိန်းအောင်၊ ဗဟို အလုပ်အမှုဆောင် ဦးလှသိန်းဆွေ၊ ဗဟိုကော်မတီဝင် ဦးဝင်းမြင့်၊ ပြည်နယ်ပါတီဥက္ကဋ္ဌ ဦးပိုးရယ်အောင်သိန်း၊ အတွင်းရေးမှူး ဦးဌေးရယ်၊ ပြည်နယ်ပါတီ နာယကများ၊ ပြည်နယ်/ခရိုင်/ မြို့ နယ်ကော်မတီဝင်များလိုက်ပါလျက် ယခုလ ၂၂ ရက် မွန်းလွဲ ၂ နာရီ ၁၅ မိနစ်တွင် ကယားပြည်နယ် လွိုင်ကော်မြို့ မင်းကျောင်းဆရာ တော်အား လှူဖွယ်ပစ္စည်းနှင့် နဝကမ္မ အလှူငွေဖြင့် သွားရောက် ဖူးမြော်ကန်တော့ခဲ့သည်။

ပါတီဥက္ကဋ္ဌ ဦးသန်းဌေး ဒဂုံမြို့သစ်(အရှေ့ပိုင်း)ပြည်သူလူထုနှင့်တွေ့ဆုံ

 

လာမည့် ၂ဝ၁၇ ခုနှစ် ကြား ဖြတ်ရွေးကောက်ပွဲတွင် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီအနေဖြင့် အရည်အချင်းအစစ် အမှန်နှင့် ဂုဏ်သိက္ခာရှိရှိယှဉ်ပြိုင် သွားမည်ဖြစ်ကြောင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးက ပြောကြားသည်။


ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေး စစ်ကိုင်းတိုင်းဒေသကြီး ကလေးခရိုင်ရှိမြို့မိမြို့ဖများ လုပ်ငန်းရှင်များနှင့်တွေ့ဆုံ

 

ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေးသည် စစ်ကိုင်းတိုင်းဒေသကြီး ကလေးခရိုင် ကလေးမြို့နယ်ပါတီရုံးတွင် မြို့မိမြို့ဖများ၊ လုပ်ငန်းရှင်များနှင့် ယနေ့မွန်းတည့် ၁၂ နာရီတွင် တွေ့ဆုံခဲ့ကြသည်။ တွေ့ဆုံပွဲတွင် ပါတီဥက္ကဋ္ဌ ဦးသန်းဌေးက ဦးစွာမိတ်ဆက်အမှာစကားပြောကြားခဲ့ပြီး တက်ရောက်လာသည့် မြို့မိမြို့ဖများက သိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့သည်။


မွန်ပြည်သစ်ပါတီ NCA လက်မှတ်ရေးထိုးရန် အသင့်ရှိကြောင်း မွန်လူထုအား အသိပေး

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးရန် သဘောထားရှိ နေကြောင်းကို မွန်ပြည်သစ်ပါတီ (NMSP) က မတ်လ ၂၂ ရက်နေ့က မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ NMSP ပါတီရုံးတွင် မွန်နိုင်ငံရေးပါတီများ၊ မွန်လူထုအခြေပြုအဖွဲ့အစည်းများနှင့် မွန်သံဃာတော်များနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။ (more…)


ထိုင်းတွင် CI လျှောက်ထားသူ မြန်မာလုပ်သား သုံးသောင်းကျော်ရှိ

CI စတင်ပြုလုပ်ခွင့်ပေးခဲ့သည့် မတ် ၃ ရက်မှစ၍ ရက်ပေါင်း ၂၀ ကျော်အတွင်း CI လျှောက်ထားသူ မြန်မာနိုင်ငံသား သုံးသောင်းကျော် ရှိနေပြီဖြစ်ကြောင်း သိရသည်။ (more…)


ပြည်ခိုင်ဖြိုးပါတီ လွှတ်တော်ကိုယ်စားလှယ်ဟောင်း မိသားစုမှ ဆေးဝါးများ ထောက်ပံ့လှူဒါန်း

ယနေ့  နေ့ လည် ၁ နာရီ ခန့် ၌ အမှတ် (၅၃၃) ခြေမြန်တပ်ရင်းမှ အရာရှိ/ စစ်သည် / ရဲမေများသည် (၇၂ ) နှစ်မြောက် တပ်မတော်နေ့  အထိမ်းအမှတ် အဖြစ် ကြံ့ခိုင်စွမ်းရည် စစ်ရေးပြ လက်နက်ကြီး လက်နက်ငယ်နှင့် ကိုယ်စီ တိုက်ပွဲ (ပစ်ခတ်စဉ်) ယှဉ်ပြိုင်မှုအတွက် လိုအပ်သောဆေးဝါးများကို ဒဂုံ မြို့သစ် (တောင်ပိုင်း) မြို့နယ် ပြည်ခိုင်ဖြိုးပါတီ လွှတ်တော်ကိုယ်စားလှယ် ဟောင်း ဒေါက်တာခင်မောင်ထွန်း မိသားစု (ကိုယ် စား) မှ ထက်လင်း တိုင်းရင်း ဆေးဝါးများကို ထောက်ပံ့လှူဒါန်းရာ ဗိုလ်မှူး စိုးမိုးအောင်မှ လှူဒါန်းမှုကို လက်ခံရယူခဲ့ကြောင်းသတင်းရရှိပါသည်။

ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ဘုရင့်နောင်၊ ရွှေပြည်သာ၊ မဟာဗန္ဓုလ၊ တွံတေးတံတား အပါအ၀င် တံတားကိုးစင်းအား အခမဲ့ ဖြတ်သန်းခွင့်ပြုမည်

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဘုရင့်နောင်၊ ရွှေပြည်သာ၊ မဟာဗန္ဓုလ၊ တွံတေး တံတားအပါအ၀င် တံတားကိုးစင်းအား ဧပြီ  ၁ ရက်မှစတင်၍ အခမဲ့ ဖြတ်သန်းခွင့်ပြုမည်ဖြစ်ကြောင်း ဆောက်လုပ်ရေး ၀န်ကြီးဌာန၏ မတ် ၂၃ ရက် ထုတ်ပြန်ချက်အရ သိရသည်။ (more…)


CDMA ဆင်းမ်ကတ်များအစား နံပါတ်တူ GSM ဆင်းမ်ကတ်များ ထုတ်ပေးမည်

 

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) ၏ CDMA 400 နှင့် 800 MHz ဆင်းမ်ကတ်သုံးစွဲသူများကို ယင်းဆင်းမ်ကတ်များနှင့် နံပါတ်တူ GSM ဆင်းမ်ကတ်များ အခမဲ့ ထုတ်ပေးမည်ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းထံမှ သိရသည်။ (more…)


ကြားဖြတ်ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးခရီးစဉ်

24.3.2017 နေ့ မုံရွာမြို့နယ် ကြားဖြတ်ရွေးကောက်ပွဲ မဲဆွယ် စည်းရုံးရေး ခရီးစဉ်တွင် ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီ တောင်သူ/ လယ်သမားရေးရာ တာဝန်ခံ ဦးတင်အောင်မြင့် စစ်ကိုင်းတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ ကော်မတီဝင် ဒေါ်သိဂီ င်္ဝင်းရွှေ၊ ဒေါ်ရင်မာဝင်း ၊ ရွှေဘိုခရိုင် ပါတီဥက္ကဋ္ဌ ဦးစိုးအေးနှင့် မြို့နယ်ပါတီဥက္ကဋ္ဌ အတွင်းရေးမှူးများ မုံရွာမြို့နယ် ပြည်ခိုင်ဖြိုး ပါတီ မြို့နယ်တာဝန်ခံ ဦးမြင့်အောင်တို့နှင့် ပါတီဝင်အင်အား (၄၀)ကျော်တို့ သည် မုံရွာမြို့နယ် ထနောင်းဝန်းကျေးရွာ ကမ္မရွာ၊ မြင်းမီးလောင် ကျေးရွာ များရှိ မိဘပြည်သူများနှင့် ပြည်ခိုင်ဖြိုးပါတီကိုယ်စားပြု ပြည်သူ့လွှတ် တော် ကိုယ်စားလှယ်လောင်း ဒေါက်တာ ၀င်းမြင့်အောင် ကိုယ်ရေးအကျဉ်း စာစောင် များ ပေးဝေခဲ့ကြကြောင်း သတင်းရရှိပါသည်။