UNFC အဖွဲ့ဝင် ငါးဖွဲ့ NCA လက်မှတ်ရေးထိုးမည်ဟု နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန သတင်းထုတ်ပြန်

ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ၏ အဖွဲ့ဝင်ငါးဖွဲ့ဖြစ်သည့် ကရင်နီ အမျိုးသားတိုးတက်ရေး ပါတီ (KNPP)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ရခိုင်အမျိုးသားကောင်စီ (ANC)၊ လားဟူ ဒီမိုကရက်တစ်အစည်းအရုံး (LDU) နှင့် ‘၀’ အမျိုးသားအဖွဲ့ချုပ် (WNO) တို့က တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူ စာချုပ် (NCA) ကို လက်မှတ်ရေး ထိုးတော့မည်ဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး ၀န်ကြီးဌာနက မတ် ၃၀ ရက်စွဲဖြင့် သတင်းထုတ်ပြန်သည်။ (more…)


ဗိုလ်ချုပ်အောင်ဆန်းတံတားအမည် အတည်ဖြစ်ပါက မူလတံတားအမည် ပြန်ရရန် ဥပဒေဘောင် အတွင်း ဆက်လက်လှုပ်ရှားမည်

မော်လမြိုင်မြို့နှင့် ချောင်းဆုံမြို့သို့ ဆက်သွယ်ထားသောတံတားကို ဗိုလ်ချုပ်အောင် ဆန်းတံတား ဟု အမည်ပြောင်းလဲခြင်းကို ဆန္ဒထုတ်ဖော်ရေးကော်မတီက သက်ဆိုင်ရာအစိုးရထံသို့ ပြန်လည် စဉ်းစားပေး ရန် တင်ပြထားသော်လည်း တစ်စုံတစ်ရာ အကြောင်းပြန်ကြားခြင်းမရှိသေးဘဲ ထိုတံတားအမည် အတည် ဖြစ်ခဲ့ပါက ဥပဒေဘောင်အတွင်းက ဆက်လက်အကောင်အထည် ဖော်မည်ဖြစ်ကြောင်း သတင်းရရှိသည်။ (more…)


မိုင်းရှူးမြို့နယ်တွင် လုံခြုံရေး အခြေအနေကြောင့် အုပ်စုသုံးစုမှမဲရုံများ ရွှေ့ပြောင်းခဲ့ရဟုဆို

ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းရှူးမြို့နယ်တွင် နယ်မြေလုံခြုံရေး အခြေအနေကြောင့် ကျေးရွာအုပ်စုသုံးစု၊ ကျေးရွာပေါင်း ၄၀ ကျော်ရှိ မဲရုံပေါင်းခြောက်ရုံကို လမ်းပန်းဆက်သွယ်ရေး ကောင်းသည့်နေရာများသို့ ရွှေ့ပြောင်းပေးခဲ့ရသည်ဟု လွိုင်လင်ခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ သတင်းရရှိသည်။ (more…)


မိုင်းရှူးမဲဆန္ဒနယ်တွင် ကျေးရွာအုပ်စုသုံးစုရှိ ပြည်သူများ မဲရုံပြောင်းရွှေ့မည့်နေရာများသို့ သွားရောက်နိုင်ရေး ဥပဒေနှင့်အညီ သယ်ယူပို့ဆောင်ပေးရန် ကော်မရှင်အား SNLD ပါတီ အထွေထွေအတွင်းရေးမှူး တောင်းဆို

ကြားဖြတ်ရွေးကောက်ပွဲကျင်းပမည့် မိုင်းရှူးမဲဆန္ဒနယ်တွင် ကျေးရွာအုပ်စုသုံးစုရှိ ပြည်သူများ မဲရုံပြောင်းရွှေ့ မည့်နေရာများသို့ သွားရောက်နိုင်ရေးဥပဒေနှင့်အညီ သယ်ယူပို့ဆောင်ပေးရန် ရွေးကောက်ပွဲကော်မရှင်အား တောင်းဆိုကြောင်း ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီ အထွေထွေအတွင်းရေးမှူး ဦးစိုင်းညွန့်လွင်က ပြောကြားသည်။ (more…)


လစာအခွန် မဆောင်သူများကို အရေးယူမည်

သက်မွေးပညာရပ်တစ်ခုခုဖြင့် လစဉ်ရရှိသည့် လစာအပေါ်မှ အခွန်ငွေမပေးဆောင်သူများကို အခွန်ဥပဒေ များအရ အရေးယူမည်ဖြစ်ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနက ထုတ်ပြန်သည်။ (more…)


သင်္ကြန်ကာလတွင် ပုံမှန်ရထားများအပြင် သင်္ကြန်အထူး ရထားများတိုးချဲ့ ပြေးဆွဲမည်

၂၀၁၇ ခုနှစ် သင်္ကြန်ကာလတွင် ပုံမှန်ရထားများအပြင် သင်္ကြန်အထူးရထားများကို ခရီးသွားများသော သင်္ကြန် မတိုင်မီနှင့် သင်္ကြန်ပြီးကာလများ၌ ထပ်မံတိုးချဲ့ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထား တိုင်းအမှတ် (၇) သွားလာပို့ဆောင်ရေး ဌာနခွဲမှ သိရသည်။ (more…)


လဟာပြင်ဈေးဟောင်းနေရာရှိ Junction City စင်တာ မတ်လကုန် ဖွင့်မည်

ဗိုလ်ချုပ်လမ်းနှင့် ရွှေတိဂုံဘုရားလမ်းထောင့်ရှိ ယခင် လဟာပြင်ဈေးဟောင်းနေရာ၌ တည်ဆောက်နေ သည့် Junction City စင်တာကို မတ်လ ၃၁ ရက်တွင် တရားဝင် ဖွင့်လှစ်မည်ဖြစ်သည်။ ၂၃ ထပ်အမြင့် ရုံးခန်းတာဝါတစ်ခု၊ Junction City ဈေးဝယ်စင်တာနှင့် ကြယ်ငါးပွင့်အဆင့်ရှိ ဟိုတယ်တို့ပါဝင်သည့် စီမံကိန်းဖြစ်ပြီး Junction City ဈေးဝယ်စင်တာတွင်  ရုပ်ရှင်ရုံနှင့်  စားသောက်ဆိုင်များပါဝင်ကာ အချို့ ဆိုင်ခန်းများ စတင်ဖွင့်လှစ်နေပြီဖြစ်သည်။ (more…)


အန္တိမ အဂ္ဂိဈာပနပူဇာကျင်းပရေးအတွက် ပြည်ခိုင်ဖြိုးပါတီ အထွေထွေ အတွင်းရေးမှူးနှင့် သထုံပြည်ခိုင်ဖြိုးပါတီမှ အလှူငွေ များ ပေးအပ်လှူဒါန်း

 

မွန်​ပြည်​နယ်​ ၊သထုံမြို့ မူလမင်းကွန်း​ဇေတဝန်​ပဋိပတ္တိကမ္မဌာန်းတိုက်​နှင့်​လယ်​ဝန်​ပရိယတ္တိစာသင်​တိုက်​ တို့၏ ဦးစီးပဓာန နာယက လဇ္ဇီ​ပေသလ၊ သိက္ခာ ကာမ၊ ဝိနယဂရုက၊ သံသာရဘီရုက၊နိုင်​ငံ​တော်​သြဝါဒါစရိယ၊ အဂ္ဂမဟာပဏ္ဍိ တ၊ အဂ္ဂမဟာ သဒ္ဓမ္မ​ဇောတိကဓဇ၊ သိရီပဝရ​ဓမ္မာစရိယ၊ ပိဋကတ္တယပါရဂူ၊နိုင်​ငံ​တော်​သံဃမဟာနာယကအဖွဲ့ ဒု_ဥက္ကဌ ဘဒ္ဒန္တ သိရိန္ဒာဘိဝံသ၏ အန္တိမ အဂ္ဂိ ဈာပနပူဇာကျင်းပ​ရေးအတွက်​ ပြည်ခိုင်ဖြိုးပါတီ အ​ထွေ​ထွေအတွင်း​ရေးမှူး ဦးသက်​နိုင်​ဝင်းမှ အလှူ​တော်​​ငွေ ၃_ သိန်း ၊သထုံပြည်​ခိုင်​ဖြိုးပါတီမှ အလှူ​တော်​​ငွေ ၁_သိန်း လှူဒါန်း​ပေးခဲ့​ကြောင်းသတင်းရရှိပါသည်။

မန္တလေးတိုင်းဒေသကြီး (ဒုတိယ)အကြိမ် ပါတီနှစ်စဉ်ကြေး စုပေါင်းပေးအပ် ပွဲပြုလုပ်

 

မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီရုံး၌ (ဒုတိယ)အကြိမ် ပါတီဝင်နှစ်စဉ်ကြေး စုပေါင်းပေးအပ်ပွဲကို ယနေ့ (၃၀-၃-၂၀၁၇) နံနက် (၀၉း၃၀)အချိန်တွင် ကျင်းပပြုလုပ်ရာ တိုင်ဒေသကြီးပါတီဥက္ကဌ ဦးဝင်းမောင်နှင့် တိုင်းဒေသကြီးပါတီကော်မတီဝင်များ၊ ခရိုင်ပါတီဥက္ကဌများ၊ အတွင်းရေးမှူးများ၊ ဘဏ္ဍာရေး မှူးများ၊ မြို့နယ်ပါတီဥက္ကဌများ၊ အတွင်းရေးမှူးများ၊ ဘဏ္ဍာရေးမှူးများ တက်ရောက်ခဲ့ကြပြီး တိုင်းဒေသကြီး ပါတီဥက္ကဌမှ အဖွင့်အမှာစကား ပြောကြားခဲ့သည်။

ပါတီဗဟိုဦးဆောင်ကော်မတီဦးဌေးဦး မြောက်ပိုင်းခရိုင်ပါတီဝင်များနှင့်တွေ့ဆုံ

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုဦးဆောင်ကော်မတီ ဦးဌေးဦးသည် မတ် (၂၉) ရက် မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင်ရှိ ပြည်ခိုင်ဖြိုးပါတီဝင်များနှင့် တွေ့ဆုံ၍ ဗဟို ဦးဆောင်ကော်မတီ ဦးဌေးဦးက ပြည်ခိုင်ဖြိုးပါတီ အောင်နိုင်ရေးနှင့် ပတ်သက်ပြီး ဆောင်ရွက်ရမည့် အခြေအနေများကို ရှင်းလင်းပြောကြားခဲ့ရာ လှိုင်သာယာမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် လောင်း ဦးတင်ယုက ကြားဖြတ်ရွေးကောက်ပွဲနှင့် ပတ်သက်၍ လက်ရှိဆောင်ရွက်ချက်များအား ရှင်းလင်း တင်ပြခဲ့သည်။