မိုင်းဆက် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ လေဘေးသင့် အိမ်ခြေများအတွက် အလှူငွေများပေးအပ်လှူဒါန်း

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ရှမ်းပြည်နယ်ပါတီ ဥက္ကဌ ဦးစိုင်းသန်းဝင်း (ဗဟိုကော်မတီ ဝင်) ၊ ခရိုင်ဥက္ကဌ ဦးစိုင်းခတ္တိယ(ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်) ၊ခရိုင်/ မြို့နယ်ကော်မတီဝင်များလိုက်ပါ၍ (၂၇.၄.၂၀၁၇) ရက်နေ့တွင် (၂၂/ ၂၃. ၄.၂၀၁၇) ရက်နေ့တွင် မိုင်းဆတ်မြို့နယ်၌ လေပျင်းများတိုက်ခတ်မူ ကြောင့် စတုံးကျေးရွာအုပ်စု၊ မယ်ကြုပ်ကျေးရွာမှ လေဘေးသင့်အိမ်ခြေ
(၆၈)အိမ်မှ ပြည်သူများအတွက် ကျပ်သိန်း(၂၀) ထောက်ပံ့ပေးအပ် လှူဒါန်းပေးခြင်း၊ မိုင်းတွင်းမြေပြန့်အုပ်စု၊ မဟုန်ကွယ်ကျေးရွာနှင့် မဟုန်ကန်ကျေးရွာမှ လေဘေးသင့်အိမ်ခြေ (၃) အိမ်အတွက် ကျပ် (၂)သိန်း၊ မဟုန်ကန်ကျေးရွာ ဘုန်းတော်ကြီးကျောင်းအတွင်း ဆရာတော်အား ဖူးမျှော်ကန်တော့ပြီး ကျောင်းအတွက်အလှူတော်ငွေကျပ် (၂)သိန်း ပေးအပ်လှူဒါန်းခဲ့ကြပါသည် ။

ကျောက်တံတားမြို့နယ် ပြည်ခိုင်ဖြိုးပါတီအင်အားစိစစ် နှစ်စဉ်ကြေးကောက် ပါတီဝင်သစ်များစည်းရုံး

 

ရန်ကုန်တိုင်းဒေသကြီး ကျောက်တံတားမြို့နယ် ပြည်ခိုင်ဖြိုးပါတီ မှ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးမျိုးသိန်း၊ မြို့နယ်ကော်မတီဝင် (နယ်မြေ- ၁ တာဝန်ခံ)ဒေါ်အေးအေး၊ (နယ်မြေ-၂ တာဝန်ခံ) ဦးစည်သူအောင် နှင့် မြို့နယ်အရန်ကော်မတီဝင်များ၊ ရပ်/စည်းအမှုဆောင်များနှင့်အတူ ယမန်နေ့က ရပ်ကွက်(ဆိပ်ကမ်းသာ)လမ်းအတွင်း ပါတီဝင်အင်အား စိစစ်ခြင်း၊ ပါတီနှစ်စဉ်ကြေးကောက်ခံခြင်း၊ ပါတီဝင်အသစ်များ စည်းရုံးခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပါတီဝင်အင်အားစိစစ် နှစ်စဉ်ကြေးကောက်ခံ

 

ရန်ကုန်တိုင်းဒေသကြီး စမ်းချောင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီမြို့နယ် ပါတီဥက္ကဋ္ဌ ဦးဌေးအောင်နှင့် မြို့နယ်ပါတီကော်မတီဝင် (နယ်မြေ တာဝန်ခံ)ဦးအောင်သန်းဦး၊ မြို့နယ်ကော်မတီဝင် ဦးအောင်အောင်၊ ဒေါ်စိမ်းမို့မို့၊ မြို့နယ်အရန်ကော်မတီဝင် ဦးမြတ်မင်းအောင်၊ ဦးမြင့်ဆန်းဦး၊ မြတ်လွင်တို့သည် ယနေ့တွင် မုန့်မြောက်ရပ်ကွက်သို့ကွင်းဆင်း၍ ပါတီဝင် အင်အားစိစစ်ခြင်း၊ ပါတီနှစ်စဉ်ကြေးကောက်ခံခြင်း၊ ပါတီဝင်သစ်များ စည်းရုံးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အောင်သန်းဦး(စမ်းချောင်း)

နေပြည်တော်ရှိ လွှတ်တော်များ မေလ ၁၈ ရက်တွင် ပြန်လည်ကျင်းပမည်

နေပြည်တော်ရှိ ပြည် ထောင်စုလွှတ်တော်ကို လာမည့်မေလ ၁၈ ရက်တွင် ပြန်လည်ကျင်းပမည်ဖြစ်ကြောင်း ပြည်ထောင်စု လွှတ်တော်ရုံးက ဧပြီ ၂၆ ရက်စွဲဖြင့် သတင်းထုတ်ပြန်သည်။ (more…)


မြန်မာ-ဂျာမနီ တပ်မတော်ချင်း ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် ဆွေးနွေး

မြန်မာ-ဂျာမနီ တပ်မတော်ချင်း ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန်နှင့် တပ်မတော်အရာရှိများ ဂျာမနီသို့ သင်တန်းစေလွှတ်တက်ရောက်ရန် စသည့်အချက်များကို ဧပြီ ၂၇ ရက်က ဂျာမနီနိုင်ငံ ကာကွယ်ရေး ၀န်ကြီးဌာနတွင် နှစ်နိုင်ငံ တပ်ချုပ်များက ဆွေးနွေးခဲ့ကြသည်။ (more…)


ဘင်္ဂါလီအရေးနှင့် ပတ်သက်ပြီး မြန်မာ-ဘင်္ဂလားဒေ့ရှ်အကြား ကြားဝင်ဆောင်ရွက်ပေးရန် တရုတ်နိုင်ငံ ကမ်းလှမ်း

ဘင်္ဂါလီအရေးနှင့် ပတ်သက်ပြီး မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံအကြားတွင် သံတမန်ရေးရာ ကြားဝင် ဆောင်ရွက်ပေးရန် တရုတ်နိုင်ငံက ဧပြီ ၂၅ ရက်က ကမ်းလှမ်းထားကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ၀န်ကြီးဌာန တာဝန်ရှိသူများ၏ ပြောကြားမှုကို ကိုးကား၍ Reuters သတင်းဌာနက ဖော်ပြခဲ့သည်။ (more…)


ဘာသာရေးခေါင်းဆောင်များ၏ ငြိမ်းချမ်းရေးနှီးနှောပွဲမှ အကြံပြုချက် ၁၀ ချက် အစိုးရနှင့် လွှတ်တော်သို့ ပေးပို့မည်

ဘာသာပေါင်းစုံမှ ဘာသာရေးခေါင်းဆောင်များ၏ ငြိမ်းချမ်းရေးနှီးနှောပွဲက ဘာသာတရားများအကြား ချစ်ကြည်မှုနှင့် အပြန်အလှန်နားလည်မှုများ တိုးပွားလာစေရေးအထက်မှ အောက်ခြေထိ လုပ်ဆောင်ရန် အပါအ၀င် အကြံပြုချက်  ၁၀ ချက်ရရှိရာ ယင်းအကြံပြုချက်များကို အစိုးရနှင့်လွှတ်တော်သို့ ပေးပို့ မည်ဖြစ်သည်။ (more…)


ဗိုလ်ဗထူး တန်ဖိုးမျှတအိမ်ရာ တိုက်ခန်း ၈၀၀ ကျော် ရောင်းချရန် လျှောက်လွှာခေါ်မည်

ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်ရှိ ဗိုလ်ဗထူးတန်ဖိုးမျှတ အိမ်ရာစီမံကိန်း (ဒုတိယအဆင့်) ရှိ တိုက်ခန်း ၈၀၀ ကျော် ရောင်းချရန် မေလ ၂ ရက်နေ့တွင် လျှောက်လွှာစခေါ်မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အင်ဂျင်နီယာဌာန (အဆောက်အအုံ) ထံမှ သိရသည်။ (more…)


ဗိုလ်ချုပ်အောင်ဆန်းတံတား ဆိုင်းဘုတ်တင်ပြီး စတင်ဖြတ်သန်းခွင့်ပြု

မွန်ပြည်နယ် မော်လမြိုင်မြို့မှ ချောင်းဆုံမြို့သို့ ဆက်သွယ်သည့် မြစ်ကူးတံတားကို ဗိုလ်ချုပ်အောင်ဆန်း တံတား (ဘီလူးကျွန်း)အမည်ဖြင့် ဧပြီ ၂၆ ရက် ည ၉ နာရီတွင် ဆိုင်းဘုတ်တင်ခဲ့ပြီး ဧပြီ  ၂၇ ရက် နံနက် ၉ နာရီ ၄၅ မိနစ်၌ ခရီးသွားပြည်သူများအား ဆိုင်ကယ်များနှင့် ကားများအား အခမဲ့ဖြတ်သန်းခွင့်ပြုခဲ့သည်။ (more…)