ပါတီဝင်အင်အားစီစစ်ခြင်းနှင့် နစ်စဉ်ကြေးကောက်ခံခြင်း ကွင်းဆင်း ဆောင်ရွက်

 

၎-၄-၂၀၁၇ ရက်နေ့ ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ ပုဇွန်တောင်
မြိုနယ် ပါတီဥက္ကဋ္ဌ ဦးစိုးမင်းသန်းနှင့် မြို့နယ်ပါတီကော်မတီဝင်များ စာရေး ဝန်ထမ်းအင်အား ၁၃ ဦးတို့သည် ပါတီဝင်အင်အားစီစစ်ခြင်းနှင့် နှစ်စဉ်ကြေး ကောက်ခံခြင်းကို ယနေ့ ဧပြီ ၄ ရက်နေ့  ညနေ ၃ နာရီမှ ည ၇ နာရီထိ ပုဇွန်တောင်မြို့ နယ် (၂) ရပ်ကွက် (၇) ရပ်ကွက် (၈) ရပ်ကွက်များသို့ 
ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

စာဖြေသံဃာများကို ဝတ္ထုငွေဆက်ကပ်

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ တာမွေမြို့နယ်မှ မြို့နယ်ပါတီဥက္ကဋ္ဌဒေါ်လဲ့လဲ့ဝင်းဆွေနှင့် မြို့နယ်ကော်မတီဝင် များသည် ဧပြီ ၄ ရက် မွန်းလွဲ ၁ နာရီ ၃၃ မိနစ်က ပထမပြန် စာမေးပွဲတွင် ဝင်ရောက်ဖြေဆိုကြသည့်စာဖြေသံဃာတော်အရှင်သူ မြတ်အပါး ၆၄ဝ ကျော်ခန့်တို့အား အဋ္ဌမအကြိမ်မြောက် နဝကမ္မ ဝတ္ထုငွေကျပ် ၁ဝ သိန်းဆက်ကပ်လှူဒါန်းစဉ်။
တာရာ(တာမွေ)

၂၀၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ၏ မဲပေးမှုရာခိုင်နှုန်းမှာ ၁၉၈၈ နောက်ပိုင်းပြုလုပ်သည့် ရွေးကောက်ပွဲ ငါးခုတွင် အနည်းဆုံးဖြစ်ခဲ့ပြီး သမိုင်းတစ်လျှောက် စံချိန်တင် အနည်းဆုံးအဖြစ် ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာ မဲဆန္ဒနယ်တွင် ၁၂ ရာခိုင်နှုန်းသာ မဲပေးခဲ့

၂၀၁၇ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲတွင်  ပြည်သူ့လွှတ်တော် (၉) နေရာ၊ အမျိုးသားလွှတ်တော် (၃) နေရာ၊  ပြည်နယ်လွှတ်တော် (၇ နေရာ စုစုပေါင်း မဲဆန္ဒနယ် ၁၉ နေရာအတွက် မဲပေးမှု ရာခိုင်နှုန်းကို တွက်ချက်ပါက ၁၉၈၈ နောက်ပိုင်းပြုလုပ်သည့် ရွေးကောက်ပွဲများတွင် အနည်းဆုံးဖြစ်ခဲ့ပြီး သမိုင်း တစ်လျှောက် စံချိန်တင်မှုအဖြစ် ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာ မဲဆန္ဒနယ်တွင် ၁၂ ရာခိုင်နှုန်းခန့်သာ မဲပေးခဲ့ကြောင်း သိရသည်။ (more…)


ရွေးကောက်ပွဲကုန်ကျစရိတ်တင်သွင်းရန် ကော်မရှင်က နှိုးဆော်

ဧပြီ(၁)ရက်က ကျင်းပခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်ကြတဲ့ လွှတ်တော် ကိုယ်စား လှယ်လောင်းတွေအနေနဲ့ ရွေးကောက်ပွဲကုန်ကျစရိတ်ကို သတ်မှတ်ရက်အတွင်း အမြန်ဆုံး တင်သွင်းကြဖို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အသိပေး နှိုးဆော်စာ ထုတ်ပြန်လိုက်ပါတယ်။ (more…)


အကြောက်တရားကြောင့် မဟုတ်ဘဲ ယုံကြည်လို့ မဲပေးခဲ့ကြ ဟု အနိုင်ရ SNLD ပါတီဆို

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (SNLD) ကို ကြားဖြတ်ရွေးကောက်ပွဲ၌ မဲပေးခဲ့သည့် ပြည်သူ များအနေဖြင့် အကြောက်တရားများကြောင့် မဲပေးခြင်းမဟုတ်ဘဲ ယုံကြည်၍ မဲပေးခဲ့ခြင်းသာ ဖြစ်သည်ဟု SNLD တွဲဖက်အတွင်းရေးမှူး (၂) စိုင်းကျော်ညွန့်က မဇ္ဈိမသို့ ပြောသည်။ (more…)


ရန်ကုန်-ဟိုချီမင်း လေကြောင်းခရီးစဉ် သင်္ကြန်ကာလအတွင်း အထူးဈေးနှုန်းဖြင့် ရောင်းချမည်

ဈေးနှုန်းသက်သာသောနိုင်ငံတကာ လေကြောင်းလိုင်း တစ်ခုဖြစ်သည့် vietjet လေကြောင်းလိုင်းက သင်္ကြန်ပိတ်ရက်များအတွင်း ရန်ကုန်-ဟိုချီမင်း လေကြောင်းခရီးစဉ်ကို အထူးနှုန်းဖြင့် ရောင်းချမည် ဖြစ်ကြောင်း သတင်းရရှိသည်။ (more…)


မောင်တောခရိုင် လုံခြုံရေး အထူးအရေးကြီး အခြေအနေသို့ရောက်ရှိ

မောင်တောဒေသ တောင်နှင့်မြောက်တွင် အကြမ်းဖက် သမားအုပ်စုများ ခြေရာဖျောက်လုပ်ရှားမှုများစွာ ပေါ်ပေါက်လာနေပြီး ၉/၁၀ အကြမ်းဖက်ဖြစ်စဉ် ပြီးကတည်းက ထိရောက်စွာ မကိုင်တွယ်ခြင်းကြောင့် ယခု မောင်တောဒေသ လုံခြုံရေးမှာ အထူးအရေးကြီးအခြေအနေသို့ ရောက်ရှိနေပြီဖြစ်ကြောင်း မောင်တော မြို့မိမြို့ဖတစ်ဦးက ပြောကြားသည်။ (more…)


ရိုဟင်ဂျာတွေကို နေရပ်ပြန်ပို့ဖို့ အိန္ဒိယအစိုးရဆုံးဖြတ်

အိန္ဒိယနိုင်ငံထဲမှာ လွန်ခဲ့တဲ့ ၅ နှစ်ကနေ ၇ နှစ်အတွင်းမြန်မာနိုင်ငံထဲကနေ တရားမဝင် လာရောက်နေထိုင် နေကြတဲ့ ရိုဟင်ဂျာတွေကို ဖမ်းဆီးနေရပ်ပြန်ပို့နိုင်ဖို့အတွက် ဗဟိုအစိုးရက စတင်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ (more…)


ကြားဖြတ်ရွေးကောက်ပွဲ ကျပ် ၁ ဒသမ ၆ ဘီလီယံ သုံးစွဲခဲ့ဟု ကော်မရှင် ထုတ်ပြန်

ဧပြီလ ၁ ရက်နေ့တွင် ကျင်းပခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲ၌ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ ကျပ်ငွေ ၁ ဒသမ ၆ ဘီလီယံ သုံးစွဲခဲ့ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (UEC) ညွှန်ကြားရေး မှူးချုပ် ဦးတင်ထွန်းက ပြောသည်။ (more…)