မေလ (၂) ရက် နေ့လည်(၂)နာရီ အချိန်က ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) ပြည်ခရိုင် ပြည်မြို့ ရွာဘဲ ရပ်ကွက် စံနန်းဦးနယ်မြေတွင် မီးလောင်မှုဖြစ်ပွားခဲ့သည်။

မေလ (၂) ရက် နေ့လည်(၂)နာရီ အချိန်က ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) ပြည်ခရိုင် ပြည်မြို့ ရွာဘဲ ရပ်ကွက် စံနန်းဦးနယ်မြေတွင် မီးလောင်မှုဖြစ်ပွားခဲ့သည်။

NLD အစိုးရ၏ သက်တမ်းတစ်နှစ်ကျော် ကာလအတွင်း ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်အဝေးကို တစ်ကြိမ်မှ ခေါ်ယူကျင်းပခြင်းမရှိဟု ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်က ပြောကြား လိုက်သည်။ (more…)
မေလ ၂၄ ရက်၌ကျင်းပရန် စီစဉ်ထားသော ၂၁ ရာစု ဒုတိယအကြိမ် ပင်လုံညီလာခံ အစည်းအဝေးသို့ ရခိုင် အမျိုးသားပါတီနှင့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) တို့ တက်ရောက်ရန် မသေချာသေးကြောင်း အဆိုပါ အဖွဲ့များထံမှ သိရသည်။ (more…)
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရသက်တမ်းတစ်နှစ်အတွင်း မြန်မာနိုင်ငံ၌ လွတ်လပ်စွာ ရေးသားထုတ် ဖော်ပြောဆိုခွင့် အခြေအနေ တိုးတက်မှုမရှိသေးကြောင်း Pen Myanmar နှင့် မိတ်ဖက် အဖွဲ့အစည်း ၁၃ ခုက အစီရင်ခံစာထုတ်ပြန်သည်။ (more…)
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်မရေးထိုးရသေးသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအား ၂၁ ရာစု ပင်လုံညီလာခံသို့ ဖိတ်ကြားရေးကိစ္စကို မေလ ၁၂ ရက် တွင် နေပြည်တော်၌ ကျင်းပမည့် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အစည်း အဝေးတွင် ဆုံးဖြတ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။ (more…)
အမေရိကန်အခြေစိုက် Intelsat ကုမ္ပဏီက အသစ်လွှင့်တင်မည့်ဂြိုဟ်တု၌ မြန်မာနိုင်ငံက ရင်းနှီးမြှုပ်နှံမှု ထည့်ဝင်မည်ဟု သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာနမှ စုံစမ်းသိရသည်။ (more…)
(၁.၅.၂၀၁၇) ရက်နေ့ နံနက် (၀၉း၀၀) အချိန်တွင် ပြင်ဦးလွင်မြို့နယ် အစည်းအဝေးခန်းမ၌ မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးဝင်းမောင်နှင့် တိုင်းဒေသကြီးပါတီကော်မတီဝင်များသည် ပြင်ဦးလွင်ခရိုင်ပါတီဥက္ကဌနှင့် ကော်မတီဝင်များ၊ ပြင်ဦးလွင်မြို့နယ် ပါတီအတွင်းရေး မှူးနှင့် မြို့နယ်ကော်မတီဝင်များအားတွေ့ဆုံပြီး ပါတီလစ်လပ်နေရာများ ဖြည့်ဆည်းရေး၊ ပါတီဝင်အင်အားစိစစ်ရေးနှင့် ပါတီရှေ့လုပ်ငန်းစဉ်များ ဆောင်ရွက်ရေးတို့ကို ဆွေးနွေးမှာကြားခဲ့ကြပါသည်။
ပြည်ခိုင်ဖြိုး မန္တလေးတိုင်းဒေသကြီး
ယနေ့ ဧပြီ (28) ရက်နေ့ ၁း၃၀ နာရီတွင် မိုးညှင်းမြို့နယ် အင်းတော်ကြီး ဒေသ လုံးတုံကျေးရွာတွင် ရှမ်းတိုင်းရင်းသားများနှင့်တွေ့ဆုံရာ ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီဝင် ဦးကျော်စိုးလေးမှ အဖွင့်အမှာစကား ပြောကြားခြင်း၊ ပြည်နယ်ကော်မတီဝင် ဦးစိုးဝင်းမှ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးဆိုင်ရာများကို လည်းကောင်း၊ ခရိုင်အတွင်းရေးမှူး ဦးစိန်ဝင်းက ပါတီတိုင်းရင်းသားရေးရာအခြေခံမှု ကိစ္စရပ်များကို လည်ကောင်း၊ မြို့နယ်အတွင်းရေးမှူး ဦးဌေးဝင်းက တိုင်းရင်းသားလူငယ်ကိစ္စရပ်များကိုလည်းကောင်း၊ ကော်မတီဝင် ဦးမောင်မောင် (တိုင်းရင်းသားရေးရာတာဝန်ခံ) က တိုင်းရင်းသားလူမျိုး ဖွံ့ဖြိုးရေးနှင့်စည်းရုံးရေးရာ ကိစ္စရပ်များဆွေနွေးခြင်းပြုလုပ်ခဲ့သည်။
ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်သို့ ပါတီထူထောင်ခွင့်လျှောက်ထားသည့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) အနေဖြင့် ပါတီထူထောင်ခွင့်ရရှိ ပြီဖြစ်ကြောင်း ALD ခေါင်းဆောင် ဦးမျိုးကျော်က ပြောသည်။ (more…)