ဝမ်းမြောက်ကြောင်းသ၀ဏ်လွှာ


နေမင်းကြီးကိုအန်တုပြီး :::: ကျေးရွာများကိုအလည်တစ်ခေါက် ..

 

ပခုက္ကူခရိုင်ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးသိန်းထွန်း၊
ခရိုင်အတွင်းရေးမှူး ဦးမြင့်နိုင်၊ခရိုင်ကော်မတီဝင် ဦးစိန်မြင့်၊ခရိုင်အရံကော်မတီဝင်
ဦးသန်းအေးတို့ အဖွဲ့ သည်ဆိပ်ဖြူမြို့ နယ်ပြည်ခိုင်ဖြိုးပါတီ
ဥက္ကဋ္ဌ ဦးလှဆောင် ၊အတွင်းရေးမှူး ဦးလေးမောင်နှင့်
ကော်မတီဝင်များ၊အရန်ကော်မတီဝင်များနှင့် ဆိပ်ဖြူမြို့ နယ်ပါတီရုံး
တွင် ၈-၄-၂၀၁၇ ရက်နေ့ ၌ ပါတီဝင်စိစစ်ရေးလုပ်ငန်းများ
ကွင်းဆင်းဆောင်ရွက်နေမှုနှင့်ပတ်သတ်၍ ဆွေးနွေး
ဆောင်ရွက်ကြပါသည်။ ဆက်လက်၍ လက်ဆည်အုပ်စု ၊ဆုံကုန်းကျေးရွာ
အတွင်းပါတီဝင်စိစစ်ရေးဆောင်ရွက် နေသော အဖွဲ့ (၇)
ခေါင်းဆောင် မြို့ နယ်ကော်မတီဝင် ဦးမျိုးကွန့်၊အရံကော်မတီဝင် ဦးပိုက်အေး ၊လက်ဆည်အုပ်စုစည်းရုံးရေးမှူး ဦးဖိုးဇော် နှင့်ပါတီဝင်များပါဝင်သော
အဖွဲ့ ပါတီဝင်စိစစ်ရေးဆောင်ရွက်နေမှုများအား သွားရောက်၍ အားပေးပြီး
နယ်မြေခံပြည်သူလူထုအားအားပေးစကားပြောကြားကာအဖွဲ့နှင့်အတူ လိုက်ပါကွင်းဆင်းဆောင်ရွက်ကြပါသည်။

သံလွင်တံတား (ချောင်းဆုံ) နှင့် စပ်လျဉ်း၍ နိုင်ငံရေးပါတီ (၁၄) ပါတီ ပူးတွဲသဘောထားကြေညာချက်

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ သံလွင်တံတား (ချောင်းဆုံ) နှင့် စပ်လျဉ်း၍ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အပါအ၀င် နိုင်ငံရေးပါတီ (၁၄) ပါတီတို့၏ ပူးတွဲသဘောထားကြေညာချက်ကို ၂၀၁၇ ခုနှစ်၊ ဧပြီလ ၅ ရက် ( ၁၃၇၈ ခုနှစ်၊ တန်ခူးလဆန်း ၉ ရက်) ရက်စွဲဖြင့် ထုတ်ပြန် ကြေညာခဲ့သည် –

(more…)


ကျောက်ဆည်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ မြန်မာနှစ်သစ်ကူး အကြို စုပေါင်းသွေးလှူဒါန်း

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီမှ ပါတီဝင်များစုပေါင်းပြီး ဧပြီလ (၅) ရက် နံနက် (၈း၃၀)တွင် ကျောက်ဆည်မြို့ ကုတင် (၂၀၀) အထွေထွေရောဂါကုဆေးရုံကြီးတွင် မြန်မာနှစ်သစ်ကူးအကြိုစုပေါင်းသွေးလှူဒါန်းမှု ပြုခဲ့ပါသည်။

 

 

(more…)


ပုဂံဒေသကို ကမ္ဘာ့အမွေအနှစ် စာရင်းတင်သွင်းရန် ကမ္ဘာလုံးဆိုင်ရာ စံတန်ဖိုး သတ်မှတ်ချက် သုံးချက်ကို အတည်ပြု ရွေးချယ်ပြီးဖြစ်

ပုဂံယဉ်ကျေးမှုဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းရာတွင် လိုအပ်သည့်ကမ္ဘာ လုံးဆိုင်ရာ စံတန်ဖိုး သတ်မှတ်ချက်သုံးချက်ကို အတည်ပြုရွေးချယ်ခဲ့ပြီးဖြစ် ကာယခုနှစ် စက်တင်ဘာလ အတွင်း မူကြမ်း တင်သွင်းနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပုဂံကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းရေးလုပ်ငန်း အဖွဲ့မှ သိရသည်။

(more…)


YBS ယာဉ်လိုင်းစနစ် မထသအတိုင်း ပြန်ဖြစ်လာလို့ တိုင်းလွှတ်တော်မှာ ဝေဖန်ခံရ

YBS ယာဉ်လိုင်းစနစ်က မိတ်ကပ်တွေ ကွာကျသွားတဲ့အခါ မထသအတိုင်းပြန်ဖြစ်လာတယ်လို့ မတ်လ ၅ ရက်နေ့က ကျင်းပခဲ့တဲ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းဝေးမှာ လွှတ်တော် အမတ်တွေက ဝေဖန်လိုက်ပါတယ်။ (more…)


ရေတာရှည်ပြည်ခိုင်ဖြိုး ပါတီဝင်အင်အား စိစစ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး (အရှေ့ပိုင်း)၊ ရေတာရှည်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ နယ်မြေ တာဝန်ခံ ဦးကျော်ထိန် ဦးဆောင်၍ စည်းရုံးရေးမှူး ဦးဝင်းညွန့်၊ ဦးကျော်အောင်တို့နှင့် ပူးပေါင်းကာ ဧပြီလ (၅) ရက်က ပီတူးကျေးရွာအုပ်စု နှင့် ဝါးရုံတောကျေးရွာအုပ်စုများသို့ သွားရောက်ပြီး ပြည်ခိုင်ဖြိုး ပါတီဝင်အင်အား စိစစ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

သင်္ကြန်ရုံးပိတ်ရက် နေရပ်ပြန်သူများ ကားလက်မှတ် ခက်ခဲ၊ ဈေးနှုန်းများ နှစ်ဆခန့် ဈေးတက်

သင်္ကြန်ကာလ ရုံးပိတ်ရက်များတွင် နေရပ်ပြန်လိုသူများအနေနှင့် ကားလက်မှတ်ရရန် ခက်ခဲလျက်ရှိပြီး အဝေးပြေးကားခအတွက် ကျသင့်ဈေးနှုန်းထက် နှစ်ဆခန့်အထိ ပေး၍ဝယ်ယူရကြောင်း နေရပ်ပြန် ခရီးသည်များထံမှ စုံစမ်းသိရသည်။ (more…)