ဒဂုံ(တောင်)ပြည်ခိုင်ဖြိုးပါတီ သက်ကြီးပူဇော်ပွဲကျင်းပ

 

ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မြို့နယ်ပါတီရုံးတွင် ဧပြီ (၂၂) ရက် နံနက် ၉နာရီခွဲ၌ ရာဇသင်္ဂဟ ဖောင်ဒေးရှင်းမှ နှစ်စဉ်လှူဒါန်းသော အသက် (၁ဝဝ)ကျော် အဘွားနှစ်ဦး၊ အသက်(၉ဝ)ကျော် သုံးဦးနှင့် အမျိုးသမီး ကာကွယ် စောင့်ရှောက်ရေးအဖွဲ့မှ လစဉ် ထောက်ပံ့ထားသော ပြုစုစောင့် ရှောက်သူမဲ့ အဘိုးအဘွား ၁၃ ဦး အပါအဝင် စုစုပေါင်း ၁၈ဦးတို့အား အလှူငွေများ၊ အစား အသောက်နှင့် အသုံးအဆောင်များ လှူဒါန်းကန်တော့ခဲ့သည်။

ဆိပ်ဖြူပြည်ခိုင်ဖြိုးရဲ့စေတနာ

 

မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနင့် ဖွံ့ရေးပါတီမှလူငယ်လှုပ်ရှားမှုအဖြစ်
ရှေ့ဆောင်စွမ်းအားကွန်ပျူတာသင်တန်းကို ဧပြီလ၁၈ရက်နေ့ နံနက်၉နာရီတွင်ဖွင့်လှစ်ခဲ့ပါသည်။
အဆိုပါဖွင့်ပွဲသို့ ဆိပ်ဖြူပြည်ခိုင်ဖြိုး ပါတီ ဥက္ကဌ ဦးလှဆောင်၊ အတွင်းရေးမှူး
ဦလေးမောင် နှင့်ကော်မတီဝင်များ၊အရံကော်မတီဝင်များ၊စည်းရုံးရေးမှူးများနှင့်သင်တန်းသားသင်တန်းသူ ၃၀ဦးတက်ခဲ့ပါသည်။


အစိုးရနှင့် တိုင်းရင်းသားအဖွဲ့ခေါင်းဆောင်များ၏ JICM အစည်းအဝေး ယနေ့ပြုလုပ်မည်

အစိုးရနှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA)လက် မှတ်ရေးထိုးထား သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ခေါင်းဆောင်များ၏ တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်ရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (JICM)ကို ယနေ့ ဧပြီ ၂၄ ရက်တွင်နေပြည်တော်၌ ကျင်းပ၍ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဆိုင်ရာများနှင့် ပတ်သက်ပြီး ဆုံးဖြတ်ချက်ချမှတ် မည်ဖြစ်ကြောင်း သတင်းရရှိသည်။ (more…)


မေလတွင် တရုတ်သို့ ရေနံစပို့မည်

ရခိုင်ပြည်နယ် မဒေးကျွန်းဆိပ်ကမ်းရှိ ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းမှ ရေနံကို တရုတ်သို့ မေလတွင် စတင်ပို့လွှတ်မည်ဖြစ်ကြောင်း အရှေ့တောင်အာရှ ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းကုမ္ပဏီ SEAGP ထံမှ သိရသည်။

ပိုက်လိုင်းအရှည်မှာ ၇၇၁ ကီလို မီတာရှိပြီး လုပ်ငန်းလည်ပတ်ရန် Station ငါးခု တည်ဆောက်ထားကာ အဆိုပါ ပိုက်လိုင်းမှ နှစ်စဉ်ရေနံတန်ချိန်  နှစ်ဆယ့်နှစ်သန်း ပို့လွှတ်မည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

မြန်မာနိုင်ငံအတွက် နှစ်စဉ် ရေနံတန်ချိန် နှစ်သန်းကို ထုတ်လုပ်ပေးမည်ဖြစ်ပြီး ကျန်ရေနံများကို တရုတ် နိုင်ငံသို့ ပို့လွှတ်မည်ဖြစ်ကြောင်း SEAGP ထံမှ သိရသည်။ (more…)


နိုင်ငံသား စိစစ်ရေးကတ်တွင် လီရှောတိုင်းရင်းသားဟု ဖော်ပြမှု လီဆူတိုင်းရင်းသားများ ကန့်ကွက်

မန္တလေးတိုင်း ပြင်ဦးလွင်ခရိုင် မိုးကုတ်မြို့နယ်တွင် နေထိုင်သော လီဆူတိုင်းရင်းသားများ နိုင်ငံသားစိစစ် ရေးကတ်လုပ်ရာတွင် လီရှောတိုင်းရင်းသားဟု သတ်မှတ်ပေးခဲ့မှုကို ကန့်ကွက်သည့် အနေနှင့် ပြည်သူ့ လွှတ်တော်သို့ တင်ပြမည်ဖြစ်ကြောင်း လီဆူလူငယ်ခေါင်းဆောင် ဦးအားလုက ပြောကြားသည်။ (more…)


ရွေးကောက်ပွဲရလဒ်ပြန်လည်သုံးသပ်ရန် SNLD ဗဟို အလုပ်အမှုဆောင် အစည်းအဝေး ကျင်းပမည်

ပြီးခဲ့သည့် ကြားဖြတ် ရွေးကောက်ပွဲရလဒ်ကို ပြန်လည်သုံးသပ်ရန် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) ပါတီ၏ ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးကို ယခုလကုန် (သို့မဟုတ်) မေလဆန်း တွင် ကျင်းပမည်ဖြစ်ကြောင်း SNLDမှ သတင်းရရှိသည်။ (more…)


မြန်မာ MOU လုပ်သားများကို ထိုင်းအလုပ်ပါမစ် စမတ်ကတ်စတင်ထုတ်ပေး

မြန်မာ MOU လုပ်သားများကို ထိုင်းအလုပ်ပါမစ် စမတ်ကတ်များ စတင်ထုတ်ပေးနေပြီဖြစ်ကြောင်း သိရ သည်။ ဧပြီ ၂၁ ရက်မှစ၍ မဲဆောက်မြို့တွင် ထိုင်းအလုပ်သမားဝန်ကြီးဌာနမှ အလုပ်သမား လက်ခံ ကြိုဆိုရေးစခန်းဖွင့်လှစ်ကာ မြန်မာ MOU များအား အလုပ်လုပ်ခွင့်ပါမစ်များကို စမတ်ကတ်စနစ်ဖြင့် ပြောင်းလဲထုတ်ပေးလျက်ရှိကြောင်း လုပ်သားပို့ အေဂျင်စီအချို့နှင့် မြန်မာရွှေ့ပြောင်း လုပ်သားကူညီပေး ရေးအဖွဲ့အချို့တို့မှ သိရသည်.။ (more…)


ဒုတိယ ၂၁ ပင်လုံညီလာခံကို မေလ ၁၉ ရက်တွင် ကျင်းပရန် လျာထား

ဒုတိယအကြိမ် ကျင်းပမည့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ – ၂၁ ရာစု ပင်လုံညီလာခံကို လာမည မေလ ၁၉ ရက်နေ့တွင် ကျင်းပရန် လျာထား သတ်မှတ်ထားကြောင်း ယင်းညီလာခံ ကျင်းပရေး တာဝန်ရှိသူ များထံမှ သိရသည်။ (more…)


မိုးညှင်းပြည်ခိုင်ဖြိုးပါတီမှ နိုင်ငံရေးစီမံခန့်ခွဲမှုသင်တန်းဖွင့်ပွဲကျင်းပ

 

ယနေ့ဧပြီ၁၀ရက်နေ့ ကချင်ပြည်နယ် မိုးညှင်းခရိုင်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှကြီးမှူးကျင်းပသောနိုင်ငံရေးစီမံခန့်ခွဲမှုနည်းပြဆင့်ပွားသင်တန်းကို ယနေ့နံနက်9:00နာရီအချိန်တွင်ခရိုင်ပါတီတိုးချဲ့ခန်းမ၌ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုရေးပါတီဗဟိုပါတီကော်မတီဝင် ကချင်ပြည်နယ် ကော်မတီဝင် ဦးစိုးဝင်း ခရိုင်ဥက္ကဋ္ဌဦးစိန်ဝင်းထွန်း ခရိုင်ကော်မတီဝင်များ မိုးညှင်းမြို့နယ် မိုးကောင်းမြို့နယ် ဖားကန့်မြို့နယ်မှဥက္ကဋ္ဌနှင့် ကော်မတီဝင်များတက်ရောက်ကြောင်းသတင်းရရှိသည်။