ကြားဖြတ်ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ခဲ့သည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ အနေဖြင့် ရွေးကောက်ပွဲကာလ အသုံးစရိတ်များကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ မေ ၂ ရက် နောက်ဆုံး ထား တင်ပြရမည်ဖြစ်ကြောင်း သတင်းရရှိသည်။ (more…)
တန်ဖိုးသင့်၊ တန်ဖိုးနည်းတိုက်ခန်း တစ်သောင်းကျော် ယခုနှစ်ကုန်တွင် ရောင်းမည်
မြန်မာတစ်နိုင်ငံလုံးတွင် တန်ဖိုးသင့်၊ တန်ဖိုးနည်းအိမ်ရာ စီမံကိန်းများမှ တိုက်ခန်း စုစုပေါင်း ၁၀၂၁၂ ခန်းကို ၂၀၁၇ ခုနှစ်တွင် အပြီး တည်ဆောက်ကာ ရောင်းချမည်ဖြစ်ကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနထံမှ သိရှိရသည်။ (more…)
အသက် ၉၀ ကျော်ဘိုးဘွားများ လူမှုရေးပင်စင် စလျှောက်ထားနိုင်
မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ အသက် ၉၀နှစ်အထက် ဘိုးဘွားတွေကို အစိုးရက ဧပြီလကစပြီး လူမှုရေး ပင်စင်အဖြစ် တစ်လလျင် ငွေကျပ် ၁ သောင်းနှုန်းနဲ့ သုံးလတစ်ကြိမ် ထောက်ပံ့ပေးသွားဖို့ ရှိနေပါတယ်။ (more…)
အခွန်ရုံးဝန်ထမ်းများအား လစာတိုးပေးခြင်း မဟုတ်ဘဲ ဆုကြေးပေးခြင်းဟု ဆို
အခွန်ထမ်းကြီးများဆိုင်ရာ အခွန်ရုံးမှဝန်ထမ်းများအား အခြေခံလစာ နှစ်ဆတိုးပေးခြင်းမဟုတ်ဘဲ ဆုကြေး အနေဖြင့် ပေးခြင်းဖြစ်ပြီး ပေးမည့်ငွေပမာဏကို မသိသေးကြောင်း စီမံကိန်းနှင့် ဘဏ္ဍာ ရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။ (more…)
အင်္ဂပူပြည်ခိုင်ဖြိုး ကွန်ကရစ်လမ်းခင်းရန် ဘိလပ်မြေအိတ်များ လှူဒါန်း
ဧရာဝတီတိုင်းဒေသကြီး၊ အင်္ဂပူမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးနေလင်းအောင်၊ ဘဏ္ဍာရေးမှူး မြို့နယ် ပါတီကော်မတီဝင်များနှင့် ညောင်ကျိုးဒေသ ရပ်/ကျေးခေါင်းဆောင်များသည် ဧပြီလ (၂၂) ရက်က သက္ကယ်တန်းကျေးရွာအုပ်စု ညောင်ကုန်းကျေးရွာ၊ ဘုရားကျွန်းကျေးရွာ၊ လက်ျားကုန်းကျေးရွာ ကျွန်းရွှေဝါ ကျေးရွာနှင့် ချင်းကုန်းကျေးရွာများသို့ သွားရောက်၍ နယ်မြေခံပါတီဝင်များနှင့် တွေ့ဆုံခဲ့ပြီး ချင်းကုန်း ကျေးရွာ ကွန်ကရစ်လမ်းခင်းရန်အတွက် ဘိလပ်မြေ (၅၀)အိတ်လှူဒါန်းခဲ့ပါသည်။
ပုသိမ်ကြီးမြို့နယ်ပြည်ခိုင်ဖြိုး ဘိုးဘွားပူဇော်ကန်တော့ပွဲကျင်းပပြုလုပ်
မန္တလေးတိုင်းဒေသကြီး? ပုသိမ်ကြီးမြို့နယ် ပြည်ခိုင်ဖြိုးပါတီနှင့် ဦးစိုင်းထွန်းအောင်+ဒေါ်လီလီဝင်း(ရွှေမာလာအောင် ကုမ္ပဏီ)၊ ဦးအောင်မြင့်+ဒေါ်အေးမေ (ဝါးရွက်စိမ်း ကုမ္ပဏီ) တို့၏ စတုတ္ထ အကြိမ်မြောက် သက်ကြီးဘိုးဘွားပူဇော်ကန်တော့ပွဲ အခမ်းအနားကို (၂၁.၄.၂၀၁၇) ရက်နေ့ နံနက် (၀၈း၀၀) အချိန်တွင် ပုသိမ်ကြီးမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးဝင်းမောင်နှင့် တိုင်းဒေသကြီးပါတီကော်မတီဝင်များ၊ မန္တလေးခရိုင်ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးဘိုသင်းနှင့် ခရိုင်ကော်မတီ ဝင်များ၊ ပုသိမ်ကြီးမြို့နယ်ပါတီဥက္ကဌ ဦးဆွေသန်းနှင့်ကော်မတီဝင်များ၊ ဖိတ်ကြား ထားသည့် ဧည့်သည်တော်များ၊ ကန်တော့ခံဘိုးဘွားများ တက်ရောက်ခဲ့ကြ ပါသည်။
ကျောက်ဆည်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ သက်ကြီးပူဇော်ပွဲ အခမ်းအနား ကျင်းပ
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီသည် နှစ်သစ်ကူးကာလ မြန်မာ့ယဉ် ကျေးမှု ရှေးရှု၍ ယနေ့ (၂၁-၄-၂၀၁၇) ၁၃၇၉ တန်ခူးလပြည့် ကျော် (၁၀) ရက် နံနက် (၉း၀၀)နာရီ အချိန်တွင် သက်ကြီး ပူဇော်ပွဲ အခမ်းအနားကို မြို့နယ်ပါတီရုံး ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
ကရုဏာကမ္ဘာဘိုးဘွားရိပ်သာရှိအဘွားအဆောင်အမှတ်(၅)ကို ပါတီဗဟိုအတိုင်ပင်ခံဦးသိန်းအောင်မိသားစုဖောင်ဒေးရှင်းမှဆောက်လုပ်လှူဒါန်း
ရန်ကုန်တိုင်းဒေသကြီးပြည်ခိုင်ဖြိုးပါတီ ကမ္ဘာ့အပျော်တမ်းစစ်တုရင်ချန်ပီယံကို ဂုဏ်ပြုချီးမြှင့်
မိုးကောင်းမြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရှမ်းမျိုးနွယ်စုဓမ္မာရုံ၌ သစ်ပင်ချုံနွယ်ရှင်းလင်း
ကချင်ပြည်နယ် မိုးကောင်းမြို့နယ် အထက်ရှမ်းစုရှမ်းမျိုးနွယ်စုဓမ္မာရုံ တွင် ယနေ့ နံနက်ပိုင်းကစ၍ မြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ ဦးထွန်းထွန်းအောင်ဦးစီး၍ မြို့နယ်စည်းရုံးရေးတာဝန်ခံ ဦးမြင့်စိုး၊ ဦးအိုက်စိုင်း၊ ဦးသန်းစိုးတို့နှင့်ပါတီဝင်အင်အား ၂၅ ဦးတို့သည် အဆိုပါဓမ္မာရုံဝင်းအတွင်း သန့်ရှင်းသာယာလှပရေးအတွက် သစ်ပင်ချုံ နွယ်များကို ခုတ်ထွင်ရှင်းလင်းဆောင်ရွက်ကာ လုပ်အားဒါနကုသိုလ်ပြုခဲ့ ကြောင်း သိရသည်။
သန်းဌေး(ဒလ)