ဘွဲ့တံဆိပ်တော်ဆက်ကပ်ခံရသည့်ဆရာတော်အား ထပ်ဆင့်ဂုဏ်ပြုပူဇော်ပွဲကျင်းပ

နိုင်ငံတော်အစိုးရ၏ ‘မဟာသဒ္ဓမ္မဇောတိကဓဇ’ဘွဲ့တံဆိပ်တော်ဆက်ကပ်ခံယူရရှိသည့်မန္တလေး တိုင်းဒေသကြီး ပျော်ဘွယ်မြို့နယ် သပြေပင်အုပ်စုရေသည်ကွေ့ကျေးရွာ ထေရဝါဒဗုဒ္ဓသာသာနာပြု ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတိုက် မေတ္တာကန်ကျောင်း ဆရာတော် ဘဒ္ဒန္တÓဏိတအား ထပ်ဆင့်ဂုဏ်ပြုပူဇော်ပွဲကို ယနေ့နံနက် ၉ နာရီတွင် အဆိုပါကျောင်းတိုက်၌ကျင်းပခဲ့သည်။

ထပ်ဆင့်ဂုဏ်ပြုပူဇော်ပွဲ၌ ပျော်ဘွယ်မြို့နယ် သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ပန်းစုံကျောင်းတိုက်ဆရာ တော် ဘဒ္ဒန္တအာသဖ အမှူးပြုသော ပင့်သံဃာ ၂၅ ပါြး<ွကရောက်ပြီး မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီတိုင်းဒေသကြီးကော်မတီဝင် ဒေါ်သန်းသန်းအေး၊ ရမည်းသင်းခရိုင် ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌဦးထွန်းထွန်းဝင်း၊ ပျော်ဘွယ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးကြည်မြင့်နှင့် မြို့နယ် ကော်မတီဝင်များ၊ မြို့မိမြို့ဖများ၊ အလှူရှင်များ၊ ဖိတ်ကြားထားသူများ တပည့်ဒါယကာ၊ ဒါယိကာမ များ တက်ရောက်ကြည်ညိုသည်။
ရှေးဦးစွာ မြို့နယ်သံဃနာယကအဖွဲ့ဒုဥက္ကဋ္ဌ ဆရာတော်၊ ရန်အောင်ဇေယုတောင်တောရ ဆရာတော် ဘဒ္ဒန္တဝိလာသထံမှငါးပါးသီလခံယူဆောက်တည်၍ မြို့မိမြို့ဖဆရာကြီးဦးဘညွန့်က ဆရာတော်အား ဘွဲ့တံဆိပ်တော်ဆက်ကပ်လှူဒါန်းပြီး မြို့မရဲစခန်းမှူး ဒုရဲမှူးတင်မောင်အေးက ဌာနဆိုင်ရာ စုပေါင်းလှူဒါန်းသည့် ဝတ္ထုငွေကိုဆက်ကပ်လှူဒါန်းသည်။ မြို့နယ်သာသနာရေးမှူး ဦးကျော်ဦးက သာသနာရေးဆိုင်ရာများကိုလျှောက်ထားပြီး စောင်းကြည်သာဗိုလ်နှင့်အဖွဲ့က ဂုဏ်ပြုတေးထပ်များဖြင့် သီဆိုပူဇော်ခဲ့ကြသည်။ မြို့နယ်သံဃနာယကအဖွဲ့ ဒုဥက္ကဋ္ဌဆရာတော်က အနုမောဒနာတရားချီးမြှင့်ပြီး ရေစက်သွန်းချအမျှပေးဝေခဲ့ကြောင်း သိရသည်။

လှူဒါန်း​ပေးပါ​သော ​အလှူရှင်​မိသားစုများအား သွေးမေတ္တာ”အသင်းမှဆု​တောင်းမေတ္တာပို့သ

 

စစ်​ကိုင်းတိုင်း​ဒေသကြီး ၊ မုံရွာခရိုင်​ ၊ ​ချောင်းဦး မြို့နယ်​ ” ​သွေး​မေတ္တာ “လူမှုကူညီ​ရေးနှင့်​​ သွေး​လှူရှင်​များ အသင်းမှ ၁၈ – ၅ – ၂၀၁၇ ရက်​​နေ့ ၀၅း ၃၀ နာရီ တွင်​ မြို့နယ်​ပြည်​သူ့​ဆေးရုံကြီးရှိ လူနာများအား အပတ်​စဉ်​ကြက်​သားဆန်​ပြုတ်​များ သွား​ရောက်​လှူဒါန်းလျှက်​ရှိရာ ​စေတနာ သဒ္ဓါ​ပေါက်​၍ ယခုအပတ်​အတွက်​ ကုသိုလ်​ရှင်​မှာ​ စစ်​ကိုင်းတိုင်း​ဒေသကြီး၊ မုံရွာ ခရိုင်​ ၊ ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီ မိသားစုမှ လှူဒါန်း ပါသည်​။

မိုးညှင်းပြည်ခိုင်ဖြိုးပါတီ တရားစခန်းသို့ အလှူငွေ လှူဒါန်း

 

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင် ပြည်ခိုင်ဖြိုးပါတီကော်မတီဝင် ဦးဖုန်းမြင့်၊ မြို့နယ်တွင်းရေးမှူး ဦးဌေးဝင်း (လူငယ် ရေးရာတာဝန်ခံ)၊ မြို့နယ်ကော်မတီဝင် ဦးမြဝင်း (ဟိုပင်တာဝန်ခံ)၊ ဒေသကော်မတီ ဦးစောအေးလွင် ဦးမင်းအောင်နှင့် ရပ်ကျေးကော်မတီဝင်များမှ မေလ (၁၇) ရက် နံနက် (၁၁) နာရီအချိန်က မိုးညှင်းမြို့နယ် ဟိုပင်ဒေသ အရှေ့ကျောင်းကြီးတိုက် လယ်တီတရာစခန်း (၁၂)ကြိမ်မြောက် တရားစခန်းသို့ သွားရောက်၍ အလှူငွေ ၅၀၀၀၀ ကျပ်ကို လှူဒါန်းခဲ့ကြောင်း သတင်းရရှိပါသည်။

ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ အလုပ်သမားရေးရာ တာဝန်ခံများ တွေ့ဆုံညှိနှိုင်း

ရန်ကုန်တိုင်းဒေသကြီး ခရိုင်၊ မြို့နယ်အလုပ်သမားရေးရာတာဝန်ခံများ တွေ့ဆုံညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၁ နာရီက တိုင်းဒေသကြီးပြည်ခိုင်ဖြိုးပါတီရုံး၌ ကျင်းပရာ ရန်ကုန်တိုင်းပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး ဗဟိုကော်မတီဝင် ဦးသာဝင်း၊ ဗဟိုကော်မတီဝင် အလုပ်သမားရေးရာ တာဝန်ခံ ဦးတင်ဝင်းနှင့် ခရိုင်လေးခရိုင်နှင့် မြို့နယ်များမှ အလုပ်သမားရေးရာ တာဝန်ခံများ တက်ရောက်ကြသည်။

(more…)


၂၁ ရာစုပင်လုံ ညီလာခံသို့ ခုနစ်ဖွဲ့ ပါင်း၍ တက်ရောက်ရန် အသင့်ရှိဟု မြောက်ပိုင်းအဖွဲ့ ထုတ်ပြန်

ပြည်ထောင်စုငြိမ်းချမ်း ရေးညီလာခံ-၂၁ ရာစုပင်လုံဒုတိ ယအစည်းအဝေးသို့ ‘ဝ’ လက် နက်ကိုင်အဖွဲ့ (UWSA) ဦးဆောင်ပြီး မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့ ခုနစ်ဖွဲ့ပါဝင်သော ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေး ကော်မတီအနေဖြင့် တက်ရောက်ရန် အဆင်သင့်ရှိကြောင်း ယင်းကော်မတီက မေလ ၁၇ ရက်တွင် ကြေညာချက်ထုတ်ပြန်သည်။ (more…)


NCA ကို ရွေးချယ်သော်လည်း NCA လမ်းကြောင်းအတိုင်း သွားမည်ဆိုသည့် ကတိကဝတ်ကို လက်မှတ်မထိုးရန် KNPP ဆုံးဖြတ်

ငြိမ်းချမ်းရေးကော်မရှင်ဘက်က တောင်းဆိုသည့် NCA လမ်းကြောင်းအတိုင်း သွားမည်ဆိုသော ကတိကဝတ် (DoC) ကို လက်မှတ်မရေး ထိုးရန် UNFC အဖွဲ့ဝင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တစ်ခုဖြစ်သော ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ (KNPP) ဗဟိုကော်မတီ အစည်းအဝေးက ဆုံးဖြတ်ကြောင်း သတင်းရရှိသည်။ (more…)


မြောက်ပိုင်း လက်နက်ကိုင် အဖွဲ့များကို သီးခြားစီ တွေ့ဆုံနိုင်ရန် အစိုးရစီစဉ်

‘ဝ’ လက်နက်ကိုင်အဖွဲ့ (UWSA) အပါအဝင် မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့များကို သီးခြားစီတွေ့ဆုံရန် အစိုးရက လုပ်ဆောင်နေကြောင်း သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားသည်။ (more…)


Shell က ပြည်တွင်း ကုမ္ပဏီများနှင့် ပေါင်း၍ စက်သုံးဆီဆိုင်များ ဖွင့်ရန် စီစဉ်

ကမ္ဘာ့နိုင်ငံ အနှံ့အပြား၌ စက်သုံးဆီဆိုင်များ ဖွင့်လှစ်ထားသော နယ်သာလန် နိုင်ငံအခြေစိုက် ကုမ္ပဏီ Shell က ပြည်တွင်းရှိ စက်သုံးဆီ ကုမ္ပဏီများနှင့် ပူးပေါင်း၍  စက်သုံးဆီ လက်လီဆိုင်များ ဖွင့်လှစ်ရန် စီစဉ်နေ ကြောင်း ယင်းကုမ္ပဏီထံမှ သိရသည်။ (more…)


နိုင်ငံရေးစီမံခန့်ခွဲမှုသင်တန်းဆင်းပွဲကျင်းပ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ နိုင်ငံရေးစီမံခန့်ခွဲမှု သင်တန်း ဆင်းပွဲအခမ်း အနားကို ယမန်နေ့နံနက်ပိုင်းက ပဲခူးမြို့နယ် ပါတီရုံး သင်တန်းခန်းမ၌ ကျင်းပခဲ့သည်။

 

(more…)


အိုဟောင်း ဘတ်စ်ကားများ သတ်မှတ်ရက်အတွင်း မအပ်နှံပါက လုပ်ငန်းလိုင်စင်သိမ်း၍ လူစီးစလစ် ထုတ် ပေးခြင်း ပယ်ဖျက်မည်

ရန်ကုန်မြို့ပြ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများတွင် ပြေးဆွဲနေသော ခရီးသည်တင်ယာဉ်များအနက် ၁၉၉၅ ခုနှစ် မော်ဒယ်နှင့်အောက် ခရီးသည်တင်ဘတ်စ်ကားများကို အပ်နှံ၍ လူစီးယာဉ်စလစ် ထုတ်ပေးလျက်ရှိရာ လာမည့် ဇွန် ၂ဝ ရက်တွင် နောက်ဆုံးအပ်နှံခြင်းမပြုပါက လုပ်ငန်းလိုင်စင်ပိတ်သိမ်း၍ လူစီးယာဉ် စလစ် ထုတ်ယူခြင်းကို ပယ်ဖျက်မည်ဖြစ်ကြောင်း ပုဂ္ဂလိက ယာဉ်ပိုင်ရှင်များထံမှ သိရသည်။ (more…)