နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)တာဝန်ရှိ ပုဂ္ဂိုလ်များက ပြည်သူလူထုသို့ ရှင်းလင်းတင်ပြမှုသည် မဲဆွယ်စည်းရုံးသည့် သဘော မပါ၍ ပြည်ခိုင်ဖြိုးပါတီ အပါအဝင် ပါတီ ၁၃ ခု၏ NLD အပေါ်ကန့်ကွက်မှုကို အရေးယူရန်မရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်သည်။ (more…)
အေအိုင်ဒီအက်စ် ရောဂါကို ၂၀၃၀ တွင် ပြည်သူ့ကျန်းမာရေး ပြဿနာအဖြစ်မှ ပပျောက်ရန် ဆောင်ရွက်မည် ဟုဆို
AIDS ရောဂါကို ၂၀၂၀ ပြည့်နှစ်တွင် ၉၀ ရာခိုင်နှုန်း ကုသမှုပေးနိုင်ရေးနှင့် ၂၀၃၀ ပြည့်နှစ်တွင် ပြည်သူ့ ကျန်းမာရေးပြဿနာ အဖြစ်မှ လုံးဝပပျောက်ရေး ဆောင်ရွက်မည်ဟု ခုခံအား တိုက်ဖျက်မှု စီမံချက် မန်နေဂျာ ဒေါက်တာထွန်းညွန့်ဦးက ပြောသည်။ ‘‘ပြောရရင် ၂၀၃၀ မှာ Ending AIDS လို့ ရည်မှန်းထား ပါတယ်’’ဟု ဒေါက်တာထွန်းညွန့် ဦးက ဆိုသည်။ (more…)
KNPP က NCA လမ်းကြောင်းဖြင့် ဆက်သွားရန် UNFC နှင့် ဆက်လက် ညှိနှိုင်းဆုံးဖြတ်မည်
ငြိမ်းချမ်းရေးဖြစ်စဉ်တွင် တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေးလမ်းကြောင်းမှ ဆက်လက်ညှိနှိုင်းဆောင်ရွက်သွား မည်ဖြစ်ပြီး ညီညွတ်သော တိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ (UNFC)မှ ဆက်လက်ညှိနှိုင်း ဆုံးဖြတ် သွားမည်ဖြစ်ကြောင်း ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၏ ဗဟိုကော်မတီအစည်းအဝေးက ဆုံးဖြတ် လိုက်သည်။ (more…)
လွှတ်တော်အမတ်များသည် လူထုနှင့်အစိုးရကြားတွင် တံတားအဖြစ်သာရှိသင့် တံတိုင်းမဖြစ်ရဟု ဒေါက်တာ အေးမောင်ဆို
လွှတ်တော်အမတ်များသည် လူထုနှင့်အစိုးရကြားတွင် တံတားအဖြစ် သာရှိသင့်ပြီး တံတိုင်းမဖြစ်ရဟု ဒေါက်တာအေးမောင်က ပြောကြားလိုက်ကြောင်း သိရသည်။ (more…)
လွှတ်တော်အမတ်များသည် လူထုနှင့် အစိုးရကြားတွင် တံတားအဖြစ်သာရှိသင့် တံတိုင်းမဖြစ်ရဟု ဒေါက်တာ အေးမောင်ဆို
လွှတ်တော်အမတ်များသည် လူထုနှင့်အစိုးရကြားတွင် တံတားအဖြစ် သာရှိသင့်ပြီး တံတိုင်းမဖြစ်ရဟု ဒေါက်တာအေးမောင်က ပြောကြားလိုက်ကြောင်း သိရသည်။ (more…)
တရုတ်ရေတပ်သင်္ဘောအုပ်စု မြန်မာနိုင်ငံသို့ ငါးကြိမ်မြောက် လာရောက် နှစ်နိုင်ငံ ပူးတွဲလေ့ကျင့်ခြင်း၊ စစ်ရေး ဖလှယ်ခြင်းများ ပြုလုပ်ရန်ရှိဟု ထုတ်ပြန်
တရုတ်ရေတပ်သည် မြန်မာ့တပ်မတော်(ရေ)နှင့်အတူ လက်တွဲလုပ်ဆောင်မည်ဖြစ်ပြီး တရုတ်ရေတပ် သင်္ဘော အုပ်စု လာရောက်ခြင်းသည် နှစ်နိုင်ငံဒေ သငြိမ်းချမ်းရေး အကျိုးပြုနိုင်ကြောင်း တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်၏ရေတပ်၊ အရှေ့ပင်လယ်ရေယာဉ်စု ဒုတိယတပ်မှူး၊ အမှုဆောင်အဖွဲ့ တပ်မှူး ဗိုလ်ချုပ်ကြီး ရှန်ဟိုက ပြောကြားသည်။ (more…)
မြစ်ဝကျွန်းပေါ်နှင့် ရခိုင်ကမ်းရိုးတန်း ဒေသများသို့ မေလ ၂၅ ရက်နောက်ပိုင်း မုတ်သုံလေဝင်ရောက်နိုင်
အနောက်တောင်မုတ် သုံလေသည် မြစ်ဝကျွန်းပေါ်နှင့် ရခိုင်ကမ်းရိုးတန်းဒေသများသို့မေ လ ၂၅ ရက် နောက်ပိုင်း ဝင်ရောက်နိုင်ကြောင်း ဒေါက်တာထွန်းလွင် က ပြောသည်။ (more…)
မြိတ်မြို့နယ်၊ ဒေသအကျိုး ပြည်ခိုင်ဖြိုးမှ ကွင်းဆင်း ဆောင်ရွက်
တနင်္သာရီတိုင်းဒေသကြီး ၊ မြိတ်မြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ ဥက္ကဌ ဦးမိုးမြင့် နှင့်မြို့နယ်ပါတီကော်မတီဝင်
များလိုက်ပါသောအဖွဲ့သည် မေလ ၁၇ရက် ၊ နေ့လည်ပိုင်းတွင် မြိတ်မြို့ မြိတ်တောင်ကျေးရွာအုပ်စု ရွှေပြည်တန်ရပ်ကွက် သဒ္ဓမ္မဗိမာန်ကျောင်းတိုက်သို့ ရောက်ရှိကြပြီး ကျောင်းတိုက်ဆရာတော်နှင့်တွေ့ဆုံ၍ ဩဝါဒ ခံယူခဲ့ကြသည်။
သပိတ်ကျင်း၌ တိုက်နယ်အလိုက် ပြည်ခိုင်ဖြိုးပါတီ ကွင်းဆင်းစည်းရုံး
မန္တလေးတိုင်းဒေသကြီး ပြင် ဦးလွင်ခရိုင် သပိတ်ကျင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ ဦးထွန်းတင့်နှင့်အတွင်း ရေးမှူး ဦးမြင့်စိုးတို့ဦးဆောင်မှုဖြင့် မြို့နယ်ပါတီကော်မတီဝင်များသည် ယခုလ ဒုတိယပတ်မှစတင်ပြီး တိုက်နယ်အလိုက်ကွင်းဆင်းစည်းရုံး ဆောင်ရွက်လျက်ရှိသည်။
ထိုသို့အုပ်စုအလိုက်ခွဲ၍ ကွင်း ဆင်းဆောင်ရွက်ရာတွင် မြို့နယ် ပါတီ ကော်မတီဝင်ဦးကျော်အေး၊ မြို့နယ်ကော်မတီဝင်ဦးကျော်သိန်းစိုး၊ ပါတီ ကော်မတီဝင် ဦးလှိုင်မျိုးဝင်း ခေါင်းဆောင်သောအဖွဲ့အသီးသီးက ကွင်းဆင်းလျက် ပါတီဝင်အသစ်များ တိုးချဲ့စည်းရုံးရေး၊ ပါတီဝင်စိစစ်ရေး နှင့် နှစ်စဉ်ကြေး ကောက်ခံခြင်းလုပ်ငန်းများကို ကျေးရွာရှိရပ်ကျေး တာဝန်ခံများ၊ ရပ်ကျေးပါတီဝင်များနှင့်ရင်းနှီးစွာ တွေ့ဆုံပြီး ကွင်းဆင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ပြည်ကြီးတံခွန်ပြည်ခိုင်ဖြိုး လပတ်ပုံမှန်စည်းဝေး၊ ပါတီဝင်အင်အား စိစစ်ရေး လုပ်ငန်းညှိနှိုင်းစည်းဝေး
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပြည်ကြီးတံခွန်မြို့နယ်ပါတီရုံးတွင် မြို့နယ်ပါတီဥက္ကဋ္ဌ ဦးစိုးအေးနှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်ကွက်ကော်မတီဝင်များ လပတ်ပှံမှန်စည်းဝေးကို မေလ (၁၇) ရက် နံနက် (၉) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ထို့ပြင် ယင်းနေ့ ညနေ (၃) နာရီအချိန်က ပြည်ကြီးတံခွန်မြို့နယ် (စ) ရပ်ကွက် တတ/၄၇/၆ နယ်မြေ(၄) ဦးထိန်လင်းအိမ်၌ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးစိုးအေး၊ စည်းရုံးရေးတာဝန်ခံ ကိုစံရ၊ မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်ကွက်ကော်မတီဝင်များနှင့် ပါတီဝင်အင်အား စီစစ်ရေးလုပ်ငန်းညှိနှိုင်း စည်းဝေး ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။



