လိုင်သာယာ အမှတ်(၁၆) ၇ပ်ကွက်တွင် ပါတီဝင်အင်အား ကွင်းဆင်းစီစစ်

လှိုင်သာယာမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ (၃.၅.၂၀၁၇) ရက်နေ့ နံနက် (၉:၀၀) နာရီအချိန်မှ စတင်ကာ လှိုင်သာယာမြို့နယ် အမှတ် (၁၆) ရပ်ကွက်သို့ ကွင်းဆင်း၍ ပါတီဝင်အင်အား စီစစ်ခြင်းနှင့် ပါတီဝင် နှစ်စဉ် ကြေး ပေးသွင်းရေး၊ ပါတီဝင်သစ်များ တိုးပွားရရှိရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

 

(more…)


၂၀၁၇ ပြည်သူ့ဂုဏ်ရည် ဆုအတွက် အမည်စာရင်း သွင်းခံရသည့် လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်း ၄၀ ခန့်ရှိ

အပြည်ပြည်ဆိုင်ရာ မြန်မာတိုင်းရင်းသားမိသားစုများ၏ ၂၀၁၇ အဋ္ဌမအကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆု အတွက် အမည်စာရင်း တင်သွင်းခံရသည့် အဖွဲ့အစည်းနှင့် လူပုဂ္ဂိုလ် ၃၇ ဦး ရှိကြောင်း မေလ ၁ ရက်စွဲဖြင့် ပြည်သူ့ဂုဏ်ရည်အသင်းက ထုတ်ပြန်သည်။ (more…)


တက္ကသိုလ်ဝင်တန်းတက်ရန် တစ်နှစ်စာပညာရေးစရိတ် ထောက်ပံ့

 

ရန်ကုန်တိုင်းဒေသကြီး၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ နာယက ၊ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ် (ပထမအကြိမ်) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းလွင်မှ အမှတ်၂၈ ရပ်ကွက်ရှိ ပညာ သင်ကြားရန် အခက်အခဲရှိနေသော (၁၀) တန်းဖြေဆိုမည့် ကျောင်းသား မောင်ညီညီဇော်အား တစ်နှစ်စာ ပညာရေး ထောက်ပံ့စရိတ်အဖြစ် `မြတ်ပညာဟိဏ်း´ စာသင်ဝိုင်းတွင် အပ်နှံပေးခဲ့ပါသည်။


တောင်ငူခရိုင်ပြည်ခိုင်ဖြိုးပါတီ နိုင်ငံရေးစီမံခန့်ခွဲရေးနည်းပြ(ဆင့်ပွား)သင်တန်းဖွင့်

 

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ပြည်ခိုင်ဖြိုးပါတီ နိုင်ငံရေးစီမံ ခန့်ခွဲရေးနည်းပြ(ဆင့်ပွား)သင်တန်းကို ယမန်နေ့ နံနက်ပိုင်းက ခရိုင် ပါတီရုံးတွင် ကျင်းပခဲ့သည်။
သင်တန်းတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုကော် မတီဝင် ပဲခူးတိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဦးစောမော်ထွန်း၊ တောင်ငူခရိုင် ပါတီဥက္ကဋ္ဌ ဦးတင်စိုး၊ သင်တန်းနည်းပြ ဦးသိန်းမြင့်ထွန်း(ရေတာရှည်) မြို့နယ် ပါတီဥက္ကဋ္ဌနှင့် တောင်ငူမြို့နယ် ပါတီဥက္ကဋ္ဌ ဦးမောင်မောင်စိုး တို့က ဦးဆောင်ဆွေးနွေးပို့ချပြီး တောင်ငူခရိုင် ခြောက်မြို့နယ်မှ မြို့နယ် ပါတီဥက္ကဋ္ဌ အပါအဝင်စုစုပေါင်း သင်တန်းသားသင်တန်းသူ ၅ဝ ခန့် တက်ရောက်ကြသည်။
အဆိုပါသင်တန်းအား နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ ဖွင့်လှစ် သွားမည်ဖြစ်ကြောင်း သိရသည်။

ကျောင်းပြောင်းရွှေ့မှု အရည်အချင်းစစ် စာမေးပွဲဖြေဆို ခွင့်လျှောက်လွှာများ မေလ ၈ ရက်မှစ၍ ထုတ်ယူနိုင်မည်

နိုင်ငံတကာကျောင်းများနှင့် နိုင်ငံတကာသင်ရိုးသင် ပြည်တွင်းပုဂ္ဂလိကကျောင်းများမှ ပညာရေး ဝန်ကြီးဌာန အောက်ရှိ အခြေခံပညာကျောင်းများ၊ ဝန်ကြီးဌာ ခွင့်ပြုထားသော ကိုယ်ပိုင်ကျောင်းများသို့ ပြောင်းရွှေ့ သင်ယူ လိုသည့် ကျောင်းသားများအနေနှင့် အရည်အချင်းစစ်စာမေးပွဲ (Placement Test) ဖြေဆိုခွင့်လျှောက်လွှာကို သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်ပညာရေးမှူးရုံးတွင် မေလ ၈ ရက်မှစ၍ အခမဲ့ထုတ်ယူနိုင်ကြောင်း ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာ ဦးစီးဌာနက ထုတ်ပြန်ကြေညာသည်။

မွန်းလွဲနဲ့ ညနေပိုင်းတွေမှာ အပူအန္တရာယ် သတိထားဖို့လို

ဒေသကိုလိုက်ပြီး အပူချိန်ပြင်းထန်နိုင်တယ်လို့ ဒေါက်ထာထွန်းလွင်က သတိပေးထားပါတယ်။ မြင့်တက်နေတဲ့ အပူချိန်တွေကြောင့် မြန်မာနိုင်ထဲက ဒေသတချို့မှာ အပူဒဏ်ကို ပြင်းပြင်းထန်ထန် ခံစားရနိုင်ပြီး မွန်းလွဲပိုင်းနဲ့ ညနေပိုင်းတွေမှာ အပူအန္တရာယ်ကို သတိထားဖို့ မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်က သတိပေးလိုက်ပါတယ်။ (more…)


ပြည်မြို့နယ်ပြည်ခိုင်ဖြိုးပါတီ နိုင်ငံရေးစီမံခန့်ခွဲမှုဆင့်ပွားသင်တန်းဖွင့်

ပဲခူးတိုင်းဒေသကြီး အနောက် ပိုင်း ပြည်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ နိုင်ငံရေးစီမံခန့်ခွဲမှု ဆင့်ပွားရေး သင်တန်း အမှတ်စဉ် (၁/၂ဝ၁၇)ကို ယမန်နေ့ နံနက် ၈နာရီက ပြည်မြို့ ရှိ ပြည်ခိုင်ဖြိုးပါတီရုံး ခန်းမဆောင် ၌ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

(more…)


တွံတေးပြည်ခိုင်ဖြိုးပါတီ နွေရာသီမြန်မာ့ရိုးရာသိုင်း သင်တန်းဖွင့်

 

ရန်ကုန်တိုင်းဒေသကြီးတွံတေး မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ကြီးမှူး၍ နွေရာသီသိုင်းသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၇နာရီခွဲကကျင်းပရာ အခမ်းအနား သို့ မြို့နယ်ပါတီကော်မတီဥက္ကဋ္ဌ ဒေါက်တာသိန်းဇော်မြင့်၊ အတွင်း ရေးမှူးဦးတင်ဝင်းထွန်း၊ ဘဏ္ဍာ ရေးမှူး ဦးမင်းနိုင်၊ ဦးမြသောင်း မြို့နယ်ကော်မတီဝင်များ၊ရပ်/စည်း အမှုဆောင်များနှင့်သင်တန်းသား ၂၅ ဦးတက်ရောက်ကြပြီး သင် တန်းဆရာအဖြစ် မြန်မာနိုင်ငံ သိုင်းအဖွဲ့ချုပ်နာယက ဆရာကြီး ဦးထွန်းခင်က ကြီးကြပ်သင်ကြား ပို့ချပေးမည်ဖြစ်ပြီး သင်တန်းကို မြို့နယ်ပါတီကော်မတီဥက္ကဋ္ဌ ဒေါက်တာသိန်းဇော်မြင့်က အမှာ စကားပြောကြား၍ ဖွင့်လှစ်ပေးခဲ့ ကြောင်း သိရသည်။

မြောက်ဥက္ကလာပမြို့နယ်ပြည်ခိုင်ဖြိုးပါတီ ပါတီဝင်စိစစ်ခြင်းနှင့်ပါတီကြေး ပါတီဝင်နှစ်စဉ်ကြေးကောက်ခံခြင်း ကွင်းဆင်းဆောင်ရွက်

 

မြောက်ဥက္ကလာမြို့နယ်ပြည် ခိုင်ဖြိုးပါတီမှတိုင်း၊ခရိုင်လမ်းညွှန် ချက်နှင့်ပါတီဝင်စိစစ်ခြင်းလုပ်ငန်း အားရွေပေါက္ကံ(၁၅)ရပ်ကွက်နှင့်(ည) ရပ်ကွက်(ဃ)ရပ်ကွက်၊ ကျောက် တွင်းရပ်ကွက်များသို့ ကွင်းဆင်း ဆောင်ရွက်ခြင်းအားမြို့နယ်စည်းရုံး ရေးတာဝန်ခံဦးအေးမင်းဇော်၊ ရွှေ ပေါက္ကံနယ်မြေခွဲတာဝန်ခံဦးသန်းဦး၊ မြို့နယ်ပါတီစီးပွားရေးရာ တာဝန်ခံ ဦးမျိုးဝင်း၊(ည)ရပ်ကွက် နယ်မြေ တာဝန်ခံဦးအောင်ဝင်း၊ အမျိုးသမီး ရေးရာတာဝန်ခံဒေါ်သန္တာဦး၊(ဃ) နယ်မြေတာဝန်ခံ ဦးကျော်မင်း၊ သတင်းတာဝန်ခံဦးမင်းလွင်၊ကျောက် ရေတွင်းနယ်မြေတာဝန်ခံဦးဝင်းကျင် တို့နှင့်ရပ်ကွက် အသီးသီးမှကော်မ တီဝင်များစုပေါင်းကွင်းဆင်းဆောင် ရွက်ကြောင်း သိရသည်။
အေးမင်းဇော်(မြောက်ဥက္ကလာ)

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီအစည်းအဝေး(၂/၂ဝ၁၇)ကျင်းပ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟို အလုပ်အမှုဆောင်ကော်မတီအစည်းအဝေး အမှတ်စဉ် (၂/၂ဝ၁၇)ကို ပါတီဌာနချုပ် အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၉ နာရီခွဲက ကျင်းပခဲ့သည်။

 

(more…)