NCA လက်မှတ်ထိုးရန် မွန်ပြည်နယ် အစိုးရအဖွဲ့နှင့် မွန်ပြည်သစ်ပါတီ တို့ တွေ့ဆုံဆွေးနွေး

နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးရန် မွန်ပြည်နယ်အစိုးရ အဖွဲ့နှင့် မွန်ပြည်သစ်ပါတီတို့ မွန်ပြည်နယ်အစိုးရရုံးတွင် မေလ ၁၆ ရက်က တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်း ရရှိသည်။ (more…)


မြန်မာ့ကမ်းရိုးတန်းသို့ မုတ်သုံလေ စတင်ဝင်ရောက်နေ၍ နေရာကွက် မိုးကြီးမှုနှင့် လေပြင်းအန္တရာယ် အထူး သတိပြုရန် ဒေါက်တာထွန်းလွင် သတိပေး

လေဖိအားနည်းရပ်ဝန်း ဆက်လက်တည်ရှိနေကာ မြန်မာ့ ကမ်းရိုးတန်းသို့ မုတ်သုံလေ စတင်ဝင်ရောက်နေ၍ နေရာကွက်မိုးကြီးမှုနှင့် လေပြင်းအန္တရာယ် အထူးသတိထားရန် မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က သတိပေးသည်။ (more…)


ရန်ကုန်စတော့အိတ်ချိန်း အဆောက်အအုံကို မြို့ပြအမွေအနှစ် ထိန်းသိမ်းရန် Blue Plaque ကပ်

ရန်ကုန်မြို့ပြ အမွေအနှစ်ထိန်းသိမ်းစောင့်ရှောက်အဖွဲ့ (YHT) ၏ ၁၈ ခုမြောက်ကမ္ဗည်းပြားကို ရန်ကုန်စတော့ အိတ်ချိန်း (ယခင်ပြည်တေထာင်စုဘဏ်) အဆောက်အအုံ၌ မေလ ၁၆ရက်က တပ်ဆင်ခဲ့သည်။ (more…)


အခွန်တံဆိပ်ခေါင်း မကပ်နိုင်သေး၍ ရွှေဝယ်ခွန် မကောက်နိုင်သေး

အခွန်ကောက်ဥပဒေ အသက်ဝင်ပြီး တစ်လကျော်ကြာသည့်တိုင် အခွန်တံဆိပ်ခေါင်း မကပ်နိုင်၍ ရွှေဆိုင်များ အခွန်ကောက်၍ မရသေးကြောင်း ပြည်တွင်းရွှေဈေးကွက်မှ သိရသည်။ (more…)


၁၃ ပါတီမှ တိုင်ကြားထားမှုအပေါ် စိစစ်နေပြီး ဥပဒေအတိုင်း ဆောင်ရွက်မည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အတွင်းရေးမှူးပြောကြား

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် အပါအ၀င် NLD ခေါင်းဆောင်များအား ပြည်ခိုင်ဖြိုးပါတီ အပါအ၀င် ၁၃ ပါတီက လက်မှတ်ရေးထိုး တိုင်ကြားထားခြင်းအပေါ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် က လေ့လာစိစစ်မှု များပြုလုပ်နေပြီး ဥပဒေအတိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကော်မရှင်အတွင်းရေးမှူး ဦးတင်ထွန်းက ပြောကြားသည်။ (more…)


နိုင်ငံခြားသား ငါးဆယ်ခန့်ကို အမည်ပျက်စာရင်းသွင်း

ရန်ကုန်တိုင်းအတွင်းသို့ လာရောက် လည်ပတ်သည့် နိုင်ငံခြားသားများအနက် ဗီဇာစည်းကမ်းနှင့် တည်ဆဲ ဥပဒေအချို့ကို ဖောက်ဖျက်ခဲ့သည့် နိုင်ငံခြားသား ၅၀ ခန့်ကို အမည်ပျက်စာရင်း သွင်းထားကြောင်း ရန်ကုန်တိုင်း လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာနထံမှ သိရသည်။ (more…)


မကွေးတိုင်းဒေသကြီး ဖွံ့ဖြိုးရေးရန်ပုံငွေကိစ္စနှင့် ပတ်သက်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပြည်ခိုင်ဖြိုးပါတီအား စစ်ဆေးမည်ဆိုခြင်းမှာ မဟုတ်ကြောင်း ကော်မရှင်အတွင်းရေးမှူး ပြောကြား

မကွေးတိုင်းဒေသကြီး ဖွံ့ဖြိုးရေးရန်ပုံငွေ ကိစ္စနှင့်ပတ်သက်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပြည်ခိုင်ဖြိုးပါတီအား စစ်ဆေးမည်ဆိုခြင်းမှာ မဟုတ်မှန်ကြောင်း ကော်မရှင်အတွင်းရေးမှူး ဦးတင်ထွန်းက ပြောကြားသည်။ (more…)


၂၁ ရာစုပင်လုံညီလာခံ အတည်ပြုချက်များဖြင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့် အစိုးရမူဝါဒများ ပြင်ဆင်ရေး ဆောင်ရွက်မည်

ပြည်ထောင်စုငြိမ်းချမ်း ရေးညီလာခံ- ၂၁ ရာစုပင်လုံ အစည်းအဝေးတွင် သဘောတူ အတည်ပြုချက်များကို ပြည်ထောင်စုသဘောတူစာချုပ်ချုပ်ဆို၍ ယင်းစာချုပ်ပါအချက်များဖြင့် တည်ဆဲဥပဒေ၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် အစိုးရမူဝါဒများပြင် ဆင်ရေးလုပ်ဆောင်မည် ဖြစ်ကြောင်း သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြား သည်။ (more…)


ရန်ကုန်မီးပွိုင့်များ၌ စီစီတီဗီစောင့်ကြည့်မှု စတင်နေပြီဟု နယ်လုံဝန်ကြီးပြောကြား

ရန်ကုန်မြို့ရှိ မီးပွိုင့်များတွင် အသစ်တပ်ဆင်ထားသည့် စီစီတီဗီကင်မရာများမှတစ်ဆင့် လုံခြုံရေးနှင့် ယာဉ် စည်းကမ်းချိုးဖောက်မှုများကို မေလ ၁၅ ရက်ကစ၍ စောင့်ကြည့်နေပြီဟု ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး တင်အောင်ထွန်းက ပြောသည်။ (more…)


တိုက်ကြီးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ တော်လတီဒေသ ဖက်ဝန်းကုန်း ကျေးရွာအုပ်စုသို့ ပါတီဝင်အင်အား စိစစ်ခြင်း လုပ်ငန်း ကွင်းဆင်းဆောင်ရွက်

တိုက်ကြီးမြို့နယ် ပြည်ခိုင်ဖြိုး ပါတီ မြို့နယ်ပါတီကော်မတီဝင် တော်လတီဒေသတာဝန်ခံဦးမြင့်ရွှေ၊ မြို့နယ်လူငယ်ရေးရာပါတီ ကော် မတီဝင်ကိုသန်းနိုင်၊သတင်းမီဒီယာ တာဝန်ခံ ဦးတင်မောင်ဇော် ဦးဆောင် ပြီး ယခုလ ၁၃ ရက် မွန်းတည့် ၁၂ နာရီမှစတင်၍ ဖက်ဝန်းကုန်း ကျေးရွာအတွင်းပါတီဝင်အင်အား စိစစ်ခြင်းလုပ်ငန်းကို ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။