တရုတ်-မြန်မာနယ်စပ် ကုန်သွယ်ရေး၏ အဓိကလမ်းကြောင်းဖြစ်သော မန္တလေး-မူဆယ် လမ်းပိုင်းတွင် ယာဉ်ကြော ကျပ်တည်းပိတ်ဆို့မှုပြဿနာကို ဖြေရှင်းနိုင်ရေး ဂုတ်တွင်း၌ တံတားသစ်တစ်စင်း တည်ဆောက် ရန် အကြိုလေ့လာမှုများပြုလုပ် နေကြောင်း Oriental Highway ကုမ္ပဏီမှ သတင်းရရှိသည်။ (more…)
လျှပ်စစ်မီတာခ ဈေးနှုန်း ပြောင်းလဲကောက်ခံမည်
လျှပ်စစ်ဓာတ်အားပေးဝေမှုသည် နှစ်စဉ် အရှုံးပေါ်နေသည့်အတွက် မီတာခ ဈေးနှုန်းများ အပြောင်း အလဲရှိမည်ဟု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယ အမြဲတမ်းအတွင်းဝန် ဦးဌေးအောင်က အတည်ပြု ပြောကြားသည်။ (more…)
ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံသို့ UPDJC မှတစ်ဆင့် တင်ပြနိုင်ရန် ကဏ္ဍအလိုက် အကြောင်းအရာများကို ပြန်လည် ဆွေးနွေးသည့် UPDJC အတွင်းရေးမှူးအဖွဲ့ အစည်းအဝေး ပြုလုပ်
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁-ရာစုပင်လုံ ဒုတိယအကြိမ် အစည်းအဝေးသို့ ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) မှတစ်ဆင့် တင်ပြနိုင်ရန် ကဏ္ဍအလိုက် အကြောင်းအရာများကို ပြန်လည် ဆွေးနွေးသည့် UPDJC အတွင်းရေးမှူးအဖွဲ့ အစည်းအဝေးကို မေ ၁၀ ရက်က နေပြည်တော်ရှိ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) တွင် ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။ (more…)
နိုင်ငံကူးလက်မှတ် လုံခြုံရေး အဆင့်မြှင့်ရန် စီစဉ်
နိုင်ငံကူးလက်မှတ် ပတ်စ်ပို့လုံခြုံမှုအဆင့်အတန်းမြှင့်တင်သည့်အနေနှင့် လျှောက်ထားသူ၏ မျက်လုံးပုံသဏ္ဌာန် ကို ကွန်ပျူတာ နည်းပညာဖြင့် မှတ်တမ်းရယူထားရန် နိုင်ငံတကာ ကုမ္ပဏီအချို့နှင့် စီစဉ်နေကြောင်း နိုင်ငံကူး လက်မှတ် ထုတ်ပေးရေးရုံးထံမှ သိရသည်။ (more…)
ရခိုင်အဖွဲ့အစည်းများက တွေ့ဆုံမည်ဆိုပါက အချိန်၊နေရာမရွေးတွေ့ရန် အဆင်သင့်ရှိဟု ကိုဖီအာနန် ဦးဆောင် သော ရခိုင်အကြံပေးကော်မရှင် ကမ်းလှမ်း
ရခိုင်အဖွဲ့အစည်းများက တွေ့ဆုံမည်ဆိုလျှင် အချိန်၊ နေရာမရွေး တွေ့ဆုံရန် အဆင်သင့်ရှိသည်ဟု ကိုဖီအာနန် ဦးဆောင်သော ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်အဖွဲ့ဝင် ဦးအေးလွင်က ပြောကြား သည်။ (more…)
နိုင်ငံခြားသားများ အမြဲတမ်းနေထိုင်ခွင့် (PR) ကို သက်ဆိုင်ရာ မြန်မာသံရုံးများ၌ တိုက်ရိုက် လျှောက်ထားနိုင်ရန် လုပ်ဆောင်နေ
မြန်မာနိုင်ငံအတွင်း နိုင်ငံခြားသားများ အမြဲတမ်းနေထိုင်ခွင့် (PR)ကို သက်ဆိုင်ရာ မြန်မာသံရုံးများ၌ တိုက်ရိုက် လျှောက်ထားနိုင်ရန် လုပ်ဆောင်နေကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီး ဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရသိရသည်။ (more…)
NCA လက်မှတ်ထိုးရေး UNFC မူအတိုင်း ဆက်ရပ်တည်ရန် မွန်ပြည်သစ်ပါတီ ဆုံးဖြတ်
ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) က ချမှတ်ထားသည့် အပစ်ရပ် လက်မှတ် ရေးထိုးရေး (NCA) မူဝါဒအတိုင်း ဆက်လက်ရပ်တည်သွားရန် မွန်ပြည်သစ်ပါတီ (NMSP) ဗဟိုအလုပ် အမှုဆောင် အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။ (more…)
ကမ္ဘာ့ရွှေဈေး ၁၂၂၁ ဒေါ်လာအထိ ကျဆင်းခဲ့ခြင်းကြောင့် ပြည်တွင်းရွှေဈေး ကျပ် ၈၉၁၀၀၀ ကျော်သို့ ပြန်ရောက်လာ
မေ ၁၀ ရက်တွင် ကမ္ဘာ့ရွှေဈေး ၁၂၂၁ ဒေါ်လာအထိ ကျဆင်းခဲ့ခြင်းကြောင့် ပြည်တွင်း ရွှေဈေးနှုန်းကျပ် ၈၉၁၀၀၀ ကျော်သို့ ပြန်လည်ရောက်ရှိလာကြောင်း ဈေးကွက်အတွင်း ရွှေရောင်းဝယ် သူများထံမှ သိရသည်။ (more…)
နေပြည်တော်ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်၊ ညောင်ပင်ကြီးစု ရှေးဟောင်းစေတီတော်များ တည်ရှိရာ သိမ်ကျောင်းတွင် ကျင်ပ ပြုလုပ်သည့် ကဆုန်ညောင်ရေသွန်းပွဲ၊ သံဃာတော် အပါး (၅၀၀) ဆွမ်းဆန်စိမ်းလောင်းလှူပွဲ၊ ဘုရားပလ္လင်နှင့် ဆင်းတုတော်များ ရေစက်သွန်းချ လှူဒါန်းပွဲသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ဦးဝေလွင်၊ ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်း၊ ဒေါက်တာဒေါ်စန်းစန်းနွယ်နှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဝင်များ၊ ပရဟိတအသင်းအဖွဲ့များနှင့် ပြည်သူလူထုအင်အား ၃၀၀၀ ကျော် ပါဝင်ကုသိုလ်ယူကြသည်။
အနောက်ပိုင်းခရိုင် ပြည်ခိုင်ဖြိုးအစည်းအဝေးခန်းမ၌ တိုင်း/ခရိုင်/ မြို့နယ် ပါတီကော်မတီဝင်များ တွေ့ဆုံ
(9.5.2017) နေ့ နေ့လည် (1:30) အချိန်၌ အနောက်ပိုင်းခရိုင် ပြည်ခိုင်ဖြိုး အစည်းအဝေးခန်းမ၌ တိုင်း- ခရိုင်- မြို့ နယ်ပါတီ ကော်မတီဝင်များ တွေ့ဆုံခဲ့ကြပါသည်။