NLD အစိုးရ၏ ငြိမ်းချမ်းရေး ဦးစားပေး မူဝါဒကို ဦးရဲထွဋ် ဝေဖန်

NLD အစိုးရက ငြိမ်းချမ်းရေးကို ပထမဦးစားပေးလုပ်ဆောင်နေခြင်းသည် ဦးစားပေးမှားယွင်းမှုပင်ဖြစ်ပြီး လက်ရှိ နိုင်ငံအတွင်းတွင် ငြိမ်းချမ်းရေးထက် စီးပွားရေ ဖွံ့ဖြိုးတိုးတက်ရေးကို ဦးစားပေး လုပ်ဆောင်ရန် လိုအပ်ကြောင်း ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်က မေလ ၁၄ ရက်နေ့၌  ရန်ကုန်မြို့ PARKROYAL ဟိုတယ်တွင် ပြုလုပ် ခဲ့သည့် နိုင်ငံရေးဆွေးနွေးပွဲတွင် ဝေဖန်ပြောကြား လိုက်သည်။ (more…)


ဧပြီလအတွင်း မြန်မာကုန်သွယ်မှု လိုငွေ ဒေါ်လာသန်း သုံးရာကျော်ရှိ

ယခုဘဏ္ဍာနှစ်စ ဧပြီလ ၁ ရက်နေ့ မှ ၂၈ ရက်နေ့အထိ (တစ်လအတွင်း) ကုန်သွယ်မှု လိုငွေပမာဏသည် အမေရိကန်ဒေါ်လာ ၃၁၅ သန်းအထိရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ ကုန်သွယ် မှုကိန်းဂဏန်းများအရ သိရသည်။ (more…)


၂၀၂၀ ရွေးကောက်ပွဲ အတွက် မဲစာရင်းများကို တစ်အိမ်တက်ဆင်း စနစ်ဖြင့် ပြန်လည် ကောက်ယူမည်

ပြီးခဲ့တဲ့ရွေးကောက်ပွဲတွေမှာ အသုံးပြုခဲ့တဲ့ မဲစာရင်းတွေဟာ ပြည့်စုံမှန်ကန်မှုမရှိသေးတဲ့အတွက် (၂၀၂၀) ပါတီစုံရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းတွေကို (၂၀၁၈)ခုနှစ်မှာ ပြန်လည်ကောက် ယူဖို့ ပြင်ဆင်နေ တယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က သိရပါတယ်။ (more…)


အမေရိကန်စင်တာနှင့် သံရုံးသို့ လာရောက်လေ့လာသူများကို လက်ပ်တော့ကွန်ပျူတာ ယူဆောင်ခွင့် မပြုတော့ဟု ထုတ်ပြန်

အမေရိကန်သံရုံးနှင့် အမေရိကန်စင်တာသို့ လာရောက်သူများကို သက်ဆိုင်ရာ ဝင်းအတွင်းသို့ ဝင်ရောက် ရာတွင် လက်ပ်တော့   ကွန်ပျူတာများ ယူဆောင်ခွင့် ပြုတော့မည်မဟုတ်ကြောင်း အမေရိကန်စင်တာ (ရန်ကုန်) က မေလ ၁၃ ရက်၌ သတင်းထုတ်ပြန်သည်။ (more…)


ပါတီပေါင်းစည်းညှိနှိုင်းရေးအဖွဲ့မှ မွန်ပြည်သစ်ပါတီ နုတ်ထွက်မည်

မွန်နိုင်ငံရေးပါတီများ တစ်ပါတီတည်း ပေါင်းစည်းနိုင်ရေးအတွက် မွန်ပြည်သစ်ပါတီမှ ဦးဆောင်ဖွဲ့စည်းထား သည့် ပါတီပေါင်းစည်းညှိနှိုင်းရေးအဖွဲ့မှ မွန်ပြည်သစ်ပါတီ (NMSP) နုတ်ထွက်တော့ မည်ဖြစ်ကြောင်း ညှိနှိုင်းရေး အဖွဲ့တွင် ပါဝင်သည့် မွန်ပြည်သစ်ပါတီဝင် နိုင်ဝင်းလှက ပြောသည်။ (more…)


ပြည်​ခိုင်​ဖြိုးပါတီ သတင်းစာရှင်းလင်းပွဲတိုက်​ရိုက်​ထုတ်​လွှင့်​မှု


ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဗဟိုအလုပ်အမှု့ဆောင် ( ပါတီ လုပ်ငန်းစီစစ်ရေးဥက္ကဋ္ဌ)နှင့်တွေ့ဆုံပွဲ

 

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကျိုင်းတုံမြို့၊ (၁၂.၅.၂၀၁၇) ရက်နေ့ နံနက် (၁၀း၀၀) နာရီတွင် ကျင်းပ ပြုလုပ်သောဗဟိုအလုပ်အမှု့ဆောင်အဖွဲ့ဝင် (ပါတီလုပ်ငန်းစီစစ်ရေးဥက္ကဋ္ဌ)နှင့် တွေ့ဆုံပွဲအခမ်းအနားတွင် ပြည်နယ်အတွင်းရေးမှူး ဦးစိုင်းကျော်လှ နှင့် ပြည်နယ်ကော်မတီဝင်များ၊ ကျိုင်းတုံခရိုင်၊ မိုင်းဖြတ်ခရိုင်၊ တာချီလိတ် ခရိုင်တို့မှ ခရိုင်ဥက္ကဋ္ဌများ ပါတီကော်မတီဝင်များနှင့် ကျိုင်းတုံမြို့နယ် ဥက္ကဋ္ဌနှင့် မြို့နယ်ကော်မတီဝင်များ တက်ရောက်ခဲ့ကြပြီး ဗဟိုအလုပ်အမှု ဆောင်ကော်မတီ ဦးစိုးနိုင်မှ အဖွင့်အမှာစကားပြောကြားခြင်း၊ ကျိုင်းတုံ၊ မိုင်းဖြတ်၊ တာချီလိတ် ပါတီခရိုင်ဥက္ကဋ္ဌများမှ လုပ်ငန်းဆောင်ရွက်ချက်များ တင်ပြဆွေးနွေးကြကြောင်း ကနဦးသတင်းရရှိပါသည်။

ပါတီဝင်နှစ်စဉ်ကျေး ကောက်ခံမှုကို ကျေးရွာများအထိ door to door စနစ်ဖြင့် သွားရောက် နယ်မြေကွင်းဆင်း

 

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ် ကျောက်ဆည်မြို့
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မြို့နယ် ဥက္ကဌ ဦးစိုးစိုးထွန်းနှင့်
မြို့နယ်ကော်မတီအဖွဲ့သည် (9.5.2017) ရက်နေ့ နံနက် (9:30) အချိန်မှ စပြီး ရွှေဒါးကျေးရွာနှင့် ရဲဘော်လေးကျေးရွာများသို့ ပါတီဝင်အင်အားစီစစ် ခြင်း၊ ပါတီဝင်အသစ်စုဆောင်းခြင်းများနှင့် ပါတီဝင်နှစ်စဉ်ကျေး ကောက်ခံမှုတို့ကို ကျေးရွာများအထိ door to door စနစ်ဖြင့် သွား ရောက် နယ်မြေကွင်းဆင်းခဲ့ကြကြောင်း သိရှိရပါသည်။

ဗဟိုအလုပ်အမှုဆောင် ပြည်နယ်ပါတီဥက္ကဋ္ဌ ချောင်းဆုံမြို့နယ်ပါတီနှင့် တွေ့ဆုံ

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် မွန်ပြည် နယ် ပါတီဥက္ကဋ္ဌ ဦးအောင်ကြည်သိန်းသည် ၂၀၁၇ခုနှစ် မေလ ၁၁ ရက် နံနက် ၉း၃၀ နာရီအချိန်တွင် ချောင်းဆုံမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ဗဟိုအလုပ်အမှု ဆောင် ပြည်နယ်ပါတီဥက္ကဋ္ဌမှ လမ်းညွှန်အမှာစကားပြောကြားပြီး မြို့နယ် ပါတီဥက္ကဋ္ဌနှင့် မြို့နယ်ပါတီကော်မတီ ဝင်များ၊ ရပ်ကွက်နှင့်ကျေးရွာများမှ စည်းရုံးရေးမှူးများမှ မှ မိမိတို့၏ မြို့နယ်၊ ရပ်ကွက်ရေးရွာများ၏ ပကတိ အခြေအနေများ၊ ပါတီလုပ်ငန်းဆောင်ရွက်ထားရှိမှုများ၊ လူမှုရေးလုပ်ငန်း ဆောင်ရွက်ချက်များ၊ပူးပေါင်းပါဝင်မှုများအား ဆွေးနွေးတင်ပြကြပြီး ဗဟို အလုပ်အမှုဆောင် ပြည်နယ်ပါတီဥက္ကဋ္ဌမှ ဆွေးနွေးတင်ပြချက်များအပေါ် ဖြည့်စွပ်ရှင်းလင်းဆွေးနွေးခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ ကဆုန်လပြည့်နေ့ ညောင်ရေသွန်းပူဇော် အချိုရည်ဘူးနှင့်ရေသန့်ဘူးများလှူဒါန်း

 

ရန်ကုန်တိုင်းဒေသကြီး ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ၏ ဦးဆောင်မှုဖြင့် ရန်ကုန် တိုင်းဒေသကြီး မြို့နယ်များမှ လူငယ်နှင့်အမျိုးသမီးရေးရာကော် မတီဝင်များသည် ယမန်နေ့က တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးမှ ဗဟို ကော်မတီဝင် ဒေါ်သင်းသင်းမိုးနှင့် ဒေါ်အေးမင်းမိုး ဦးဆောင်သည့် လူငယ်အဖွဲ့မှ ရွှေတိဂုံစေတီတော် အရှေ့ဘက်မုခ် အလယ်ပစ္စယာ တွင် တန်ဖိုးငွေကျပ် ၄၅ဝဝဝဝ တန်ဖိုးရှိ ရေသန့်ဘူးများကို ဘုရား ဖူး ပရိသတ်များအား လှူဒါန်းကြ သည်။ ပါတီဗဟိုကော်မတီဝင် ဒေါ်စန်းစန်းဝင်း ဦးဆောင်သည့် ပြည်ခိုင်ဖြိုးပါတီ အမျိုးသမီးရေးရာ ကော်မတီဝင်များသည်မဟာဝိဇယ စေတီတော်မြတ်ကြီးတွင် ညောင် ရေသွန်းလောင်းခြင်း၊ ဝတ်ရွတ် ပူဇော်ခြင်း၊ ဘုရားဖူးလာ ပရိသတ် များကို စတုဒိသာ အချိုရည်ဘူး များ လှူဒါန်းခြင်းဖြင့် ကုသိုလ်ယူ ဆောင်ရွက်ခဲ့ကြကြောင်း သိရ သည်။