အမရပူရမြို့နယ် ပြည်ခိုင်ဖြိုး ပါတီမှ ကြီးမှူးကျင်းပသော ရပ်/ ကျေး အဆင့်ပါတီဝင်များ၏ နှုတ်မှုစွမ်းရည်ပြိုင်ပွဲအား ယနေ့နံနက် ၉ နာရီ ၁၅ မိနစ်က မြို့နယ်ပါတီရုံး ခန်းမတွင် ကျင်းပ ခဲ့သည်။
အမရပူရမြို့နယ် ပြည်ခိုင်ဖြိုး ပါတီမှ ကြီးမှူးကျင်းပသော ရပ်/ ကျေး အဆင့်ပါတီဝင်များ၏ နှုတ်မှုစွမ်းရည်ပြိုင်ပွဲအား ယနေ့နံနက် ၉ နာရီ ၁၅ မိနစ်က မြို့နယ်ပါတီရုံး ခန်းမတွင် ကျင်းပ ခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီသည်တတိယအကြိမ်ပါတီဝင် မိသားစုများ၏ တက္ကသိုလ်ပညာတက်ရောက်သင်ကြားနေသည့် ကျောင်းသား ကျောင်းသူ၁၇ ဦးတို့အား လေးလ တစ်ကြိမ်ပညာသင်ထောက်ပံ့ ကြေးပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁ဝနာရီခွဲက ရန်ကုန်တိုင်းဒေသကြီးပြည်ခိုင်ဖြိုးပါတီရုံးတွင်ကျင်းပခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးပါတီ ဥက္ကဋ္ဌ ဦးခင်မောင်စိုး၊ တိုင်းဒေသကြီးပါတီကော်မတီဝင်ဦးတင်အောင်၊ ဒေါ်စန်းစန်းဝင်းနှင့်တိုင်းဒေသကြီးအရန်ကော်မတီဝင်ဒေါက်တာမြင့်သိန်း၊ ပညာသင်ထောက်ပံ့ကြေးရရှိထားသည့် ကျောင်းသားကျောင်းသူ ၁၇ ဦး နှင့် ကျောင်းသားမိဘများတက်ရောက်ကြသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်း၊ တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးဥာဏ်လင်း၊ ဖျာပုံခရိုင် ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးစန်းမောင်နှင့် ခရိုင်အတွင်းရေးမှူးတို့ သည် ဇူလိုင်လ (၂၉) ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး ဘိုကလေး မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး အစည်းအဝေးခန်းမ၌ ဘိုကလေးမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌ အတွင်းရေးမှူး၊ မြို့နယ်ပါတီကော်မတီဝင်များ ၊ အရန်ပါတီကော်မတီဝင်များနှင့် တွေဆုံဆွေးနွေးပြီး ဘိုကလေးမြို့ ဘိုးဘွားချမ်းမြေ့ဓမ္မရိပ်သာရှိ အဖိုး အဖွားများအား အလှူငွေများ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရပါသည်။
(2.8.2017) နေ့ မွန်းလွဲ (3:00) နာရီအချိန် သံတွဲခရိုင်၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ခရိုင်အတွင်းရေးမှူး ဒေါ်ဝင်းမင်းမာထွန်း၊ မြို့နယ်ဥက္ကဌ ဦးစန်းနိုင်နှင့် လူငယ် ပါတီဝင်များ၊ အမျိုးသမီးရေးရာ တာဝန်ခံများ ပူးပေါင်း၍ အံတော်ကျေးရွာမှ လူငယ်ပါတီဝင် ကိုအောင်ကို ဝင်း၊ အမျိုးသမီးရေးရာပါတီဝင် မချိုမီထွန်းတို့၏ မိခင်ဒေါ်မနီအား ကျန်းမာရေး ထောက်ပံ့ငွေ (၃) သောင်းကျပ်နှင့် နန်းချောင်းကျေးရွာ ပါတီအတွင်းရေးမှူး ဦးမင်းမင်းဦးသားအတွက် အာဟာရဓါတ်စာများ ပေးအပ် လှူဒါန်းခဲ့သည်။
မကွေးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ တောင်သူလယ်သမားရေးရာနှင့် အလုပ်သမားရေးရာတွေ့ဆုံပွဲကို ၃.၈.၂၀၁၇ ရက်နေ့ ၀၉း၀၀ နာရီတွင် တိုင်းပါတီ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ဗဟိုအလုပ်အမှုဆောင်၊ ဗဟိုတောင်သူလယ်သမားရေးရာ ကော်မတီတာဝန်ခံ ဦးအောင်တင်မြင့်၊ ဗဟိုအလုပ်အမှုဆောင်၊ တိုင်းပါတီဥက္ကဌ ဒေါက်တာ မောင်မောင်ဌေး၊ တိုင်းအတွင်းရေးမှူး ဦးဆန်းညွန့်အောင်၊ တိုင်းဘဏ္ဍာရးမှူး ဦးကြည်ထွန်း နှင့် တိုင်းပါတီကော်မတီဝင်များ/အရံကော်မတီဝင်များ၊ ၅ ခရိုင်နှင့် ၂၅ မြို့နယ်တို့မှ တောင်သူ/အလုပ်သမားရေးရာ ကိုယ်စားလှယ်များ စုစုပေါင်းအင်အား ၁၃၀ ဦးခန့် တက်ရောက်ခဲ့ကြပါသည်။
ယမန်နေ့ သြဂုတ် ၃ ရက်နေ့ နံနက် ၁၀ နာရီအချိန်က ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် ပါတီကော်မတီနှင့် အရံကော်မတီဝင်များ၏ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို မြို့နယ် ပါတီရုံး အစည်းအဝေးခန်းမတွင် ပြုလုပ် ကျင်းပခဲ့ကြသည်။
ကချင်ပြည်နယ် ဗန်းမော်ခရိုင် ရွှေကူမြို့နယ်အခြေစိုက် အမှတ် (၆၀၂) ခြေမြန်တပ်ရင်းမှ ရှေ့တန်းပြန်တပ်မတော်သားများအား ရွှေကူမြို့နယ် အတွင်းရှိ ဌာနဆိုင်ရာအဖွဲ့အစည်းများ ၊ NGOအဖွဲ့အစည်းများ၊ တိုင်းရင်း သားမျိုးနွယ်စုများ၊ မြို့နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးဆောင်သော မြို့နယ်ကော်မတီဝင်များ၊ အရန်ကော်မတီဝင်များ၊ ရပ်ကွက်နှင့်ကျေးရွာများမှ ပြည်ခိုင်ဖြိုးပါတီဝင်များ၊ မြို့နယ်တွင်းရှိ တပ်မတော်ကို ချစ်မြတ်နှိး သူ များစုပေါင်း၍ ၃.၈.၂၀၁၇ ရက်နေ့ နံနက်ပိုင်းအချိန်တွင် အမှတ်(၆၀၂) တပ်ရင်းရှေ့တွင် အောင်သပြေပန်းများ ပန်းကုံးများဖြင့် ကြိုဆိုဂုဏ်ပြု ခဲ့ကြကြောင်း သိရသည်။
ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေးနှင့် ဗဟိုအလုပ်အမှု ဆောင် ဦးသူရိန်ဇော်တို့သည် ယနေ့သြဂုတ် ၄ ရက်နေ့တွင် ကရင်ပြည်နယ် ဖာပွန်မြို့သို့ ရောက်ရှိကြကာ အခြေခံပညာကျောင်းများရှိ ကျောင်းသား/သူများအား ကျောင်းသုံးပစ္စည်းများ လှူဒါန်းခဲ့ကြောင်း သိရသည်။
ပြည်ခိုင်ဖြိုးပါတီဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေးသည်ကရင်ပြည်နယ်တာဝန်ခံဗဟိုအလုပ်အမှုဆောင်ဦးသူရိန်ဇော်လိုက်ပါ၍ကရင်ပြည်နယ်ဖာပွန်မြို့ရီပါတီဝင်များဖြင့်ရင်းနှီးစွာတွေ့ဆုံ၍ အလလှူငွေများပေးအပ်လှူဒါန်းခဲ့ပါသည်။