မဟာအောင်မြေမြို့နယ် ပြည် ခိုင်ဖြိုးပါတီမှကြီးမှူးကျင်းပသော ရပ်/ကျေး အဆင့် ပါတီဝင်များ၏ နှုတ်မှုစွမ်းရည်ပြိုင်ပွဲအား ယနေ့ နံနက် ၉ နာရီက မြို့နယ်ပါတီရုံး ခန်းမတွင် ကျင်းပ ခဲ့သည်။
ပြိုင်ပွဲအခမ်းအနားကို နိုင်ငံတော်သီချင်းဖြင့် သံပြိုင်သီဆိုဖွင့်လှစ်ကာ မန္တလေးခရိုင် တွဲဖက်နယ်မြေ တာဝန်ခံ တိုင်းဒေသကြီးပါတီ ကော်မတီဝင် ဦးအောင်နိုင်ဦးက အဖွင့်အမှာစကား ပြောကြားပြီးနောက် အမရပူရ မြို့နယ် ပြည်ခိုင်ဖြိုးပါတီ(ခေတ္တ)ဥက္ကဋ္ဌဦးသန်းစိုးက ပြိုင်ပွဲကျင်းပရခြင်း နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ကာ ရပ်/ ကျေးအဆင့်ပါတီဝင်များ၏ နှုတ်မှု စွမ်းရည်ပြိုင်ပွဲအား အစီအစဉ်များ အတိုင်းဆက်လက် ကျင်းပ ခဲ့သည်။
