ပြည်ပတွင် မြန်မာသံရုံး ၄၄ ရုံးရှိသည့်အနက် သံရုံး ၁၀ ခုသည် ငွေပုံမှန်လွှဲပြောင်းပေးရန် အခက်အခဲရှိကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်တင်က သြဂုတ် ၁၅ ရက်တွင် ပြည်ထောင်စုလွှတ်တော်၌ ပြောသည်။ ငွေလွှဲပြောင်းနိုင်ခြင်းမရှိသည့် သံရုံး ၁၀ ရုံးမှာ ကီပရာ(Kipawa)၊ ဘန်ကောက်၊ ကိုင်ရို၊ ပါရီ၊ ဘဲဂရိတ်၊ ဝါရှင်တန်၊ အော့တဝါ၊ နယူးယောက်၊ လော့စ်အန်ဂျလိစ်၊ ဘရာဇီးလီးယမ်းတို့ဖြစ်ကြောင်း ၎င်းကပြောသည်။
မြန်မာ့ကုန်ထုတ်လုပ်ငန်းများ စွမ်းရည်မြှင့်တင်ရန် ဂျပန်-မြန်မာအကြံပေးပညာရှင်များ ဆွေးနွေးအကြံပြုမည်
မြန်မာ့ကုန်ထုတ်လုပ်ငန်းများ၏ စွမ်းဆောင်ရည်နှင့် ထုတ်လုပ်နိုင်စွမ်း မြှင့်တင်ရေး ဂျပန်နှင့်မြန်မာ ကုန်ထုတ်လုပ်ငန်းအကြံပေးပညာရှင်များက ဆွေးနွေးအကြံပြုမည်ဟု ဂျပန်ကုန်ထုတ်လုပ်ငန်းဆိုင်ရာစင်တာ ပညာရှင် မစ္စတာ Kyohei Kurachi က ပြောသည်။ ကုန်ထုတ်လုပ်ငန်းအကြံပေးပညာရှင်လည်းဖြစ်သူ မစ္စတာ Kyohei Kurachi က ‘‘ကျွန်တော် တို့ သွားရောက်ဆွေးနွေးတဲ့အခါမှာ တကယ်လုပ်ပြတယ်ဆိုတဲ့ပုံစံမျိုးနဲ့ သင်ပေးပါတယ်။ သူတို့တွေရဲ့ စိတ်ဓာတ်ခွန်အားကလည်း သင်ယူမှုမြင့်မားပါတယ်။ လုပ်ငန်းရဲ့ ကုန်ထုတ်စွမ်းအား မြင့်မားဖို့ တိုက်တွန်းရမယ့်အရာတွေကို အကြံပေးသွားမှာပါ’’ဟု ၎င်းက ဆိုသည်။
မေယုဒေသတွင် အကြမ်းဖက်စခန်းများကို ရေယာဉ်၊ ရဟတ်ယာဉ်များဖြင့် ရှာဖွေ
မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်တို့နှင့် ဆက်စပ်နေသော မေယုဒေသတွင် ဖြစ်ပွားနေသည့် အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် မေယုတောင်ကြော၌ အကြမ်းဖက်စခန်းများကို လိုက်လံရှာဖွေရန် ရဟတ်ယာဉ်များ အသုံးပြုရန် စီစဉ်နေကြောင်း နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်က ပြောကြားသည်။
NCA လုပ်ငန်းစဉ်တွင် စိန်ခေါ်မှုမျိုးစုံ ကြုံတွေ့နေဟု ကေအင်န်ယူဥက္ကဋ္ဌပြော
တစ်နိုင်ငံလုံးအပစ်ရပ် စာချုပ် (NCA) လုပ်ငန်းစဉ်နှင့် ပတ်သက်ပြီး စိန်ခေါ်မှုနှင့် ဝေဖန်မှုမျိုးစုံ ကြုံနေသော်လည်း NCA လက်မှတ်ထိုးရှစ်ဖွဲ့အနေဖြင့် ညီညီညွတ်ညွတ်ဖြင့် ငြိမ်းချမ်းရေးပန်းတိုင်သို့ ဆက်လက် ချီတက်နေကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက ပြောသည်။
ဗိုလ်ချုပ်ကြီးစောမူတူးစေး ဖိုးက အဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ယူထားပြီး NCA လက်မှတ် ထိုးရှစ်ဖွဲ့မှ ထိပ်သီးခေါင်းဆောင်တစ်ဦးစီပါဝင်သော ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အစည်းအဝေးကို သြဂုတ်၉ ရက်က ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ကျင်းပစဉ် ပြောကြားခဲ့ခြင်းဖြစ်သည်။
ရခိုင်ပြည်နယ်လုံခြုံရေး ဒေါ်အောင်ဆန်းစုကြည်နှင့် အစိုးရအဖွဲ့ဝန်ကြီးများဆွေးနွေး
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပြီး ကာကွယ်ရေးနှင့်ပြည်ထဲရေးဝန်ကြီးများ အပါအဝင် အစိုးရအဖွဲ့တာဝန်ရှိသူများသည် ဩဂုတ် ၉ ရက်က နေပြည်တော်၌ တွေ့ဆုံ၍ ရခိုင်ပြည်နယ် လုံခြုံရေးအတွက် ဆွေးနွေးကာဆုံးဖြတ်ချက်များ ချမှတ်ခဲ့ကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးက သတင်းထုတ်ပြန်သည်။
ရန်ကင်းပြည်ခိုင်ဖြိုးရုံး၌ EC အစည်းအဝေး ကျင်းပ
ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် ရန်ကင်းပြည်ခိုင်ဖြိုးရုံး၌ EC အစည်းအဝေးကို ၉ .၈ .၁၇ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပါသည်။
ယင်းအစည်းအဝေးတွင် ရန်ကင်းပါတီဥက္ကဌ ဦးဘချစ်၊ အတွင်းရေးမှူးဦးအောင်ဇော်ရဲတို့ ဦးဆောင်၍ ပါတီနှစ်စဉ်ကြေးကောက်ခံရေး ၃၅ နှစ်အောက် ဘွဲ့ရလူငယ်မွေးထုပ်ရေး ၊ အရှေ့ ပိုင်းခရိုင် သွေးလှူးဒန်းရေး အတွက် တတပ်တအားပါဝင်းရေး၊ အတွင်းရေးမှူးက စည်းကမ်းဖြင့်နေထိုင်ရေးတို့ကို မိန်ကြားသွားပြီး ရန်ကင်းမြို့နယ် အလုပ်အမှုဆောင်အဖွဲ့ကလည်း လိုအပ်သည်များကို ဆွေးနွေးသွားကြပြီး အစည်အဝေးကို ညနေ ၁၆း၀၀ နာရီအချိန်တွင် ရုတ်သိမ်းခဲ့ကြောင်း သိရပါသည်။
မြန်မာ-စင်ကာပူ ရင်းနှီးမြှုပ်နှံမှုကာကွယ်ရေး သဘောတူစာချုပ်ချုပ်ဆိုရန် စတင်ဆွေးနွေး
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒုတိယအများဆုံး စင်ကာပူနှင့် နှစ်နိုင်ငံရင်းနှီးမြှုပ်နှံမှု ကာကွယ်ရေး သဘောတူစာချုပ်ချုပ်ဆိုရန် ဩဂုတ် ၇ ရက်ကစတင်၍ နှစ်ရက်ကြာ ဆွေးနွေးခဲ့ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် အတွင်းရေးမှူး ဦးအောင် နိုင်ဦးက ပြောကြားသည်။
စင်ကာပူသည် တရုတ်နိုင်ငံပြီးလျှင် ပြည်တွင်း၌ ဒုတိယအများဆုံး ရင်းနှီးမြှုပ်နှံထားကာ ကန်ဒေါ်လာ ၁၈ ဘီလီယံခန့် ရင်းနှီးမြှုပ်နှံထားသည်။ စီးပွားရေးကုမ္ပဏီများအတွက် ခိုင်မာမှုရရှိစေရန် ကာကွယ်ပေးရေး သဘောတူညီမှု စာချုပ်ချုပ်ဆိုရန် အဆိုပြု ကမ်းလှမ်းပြီး ပထမဆုံးအကြိမ် လာရောက်ဆွေးနွေးခြင်းဖြစ်သည်။
ပြည်နယ်/ခရိုင်/မြို့နယ်ပါတီ ကော်မတီအစည်းအဝေးသို့ ဗဟိုအလုပ်အမှုဆောင် ဒေါက်တာအောင်မြတ်ဦး (ကချင်ပြည်နယ် တာဝန်ခံ)တက်ရောက်ပြီး လမ်းညွန်အမှာစကားပြောကြား
ကချင်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပြည်နယ်၊ခရိုင်၊ မြို့နယ်ပါတီကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို (၁၀-၈-၂၀၁၇)ရက်နေ့ နေ့လည်(၁) နာရီတွင် ပြည်နယ်ပါတီရုံးအစည်းအဝေးခန်းမတွင်ကျင်းပပြုလုပ်ရာ ဗဟိုအလုပ်အမှုဆောင် ဒေါက်တာအောင်မြတ်ဦး (ပြည်နယ်တာဝန်ခံ)တက်ရောက် အမှာစကားပြောကြားခဲ့ကြောင်း ရှေးဦးစွာ ပြည်နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးရားဝမ်ဂျူံက အဖွင့်အမှာစကားနှင့် ပါတီအဆင့်ဆင့်မှ ဆောင်ရွက်သွားရန်များကိုလည်းကောင်း၊ ထိုနောက် ဗဟိုအလုပ်အမှုဆောင် ဒေါက်တာအောင်မြတ်ဦး (ပြည်နယ်တာဝန်ခံ)က ညွှန်ကြားချက်များကို စာရွက်ပေါ်မှာတင်ရှိမနေစေဘဲ စုဖွဲ့မှုစံနစ်တကျ ဖွဲ့စည်းဆောင်ရွက်စေကြောင်းလမ်းညွှန်မှာကြားခဲ့ပြီး ပြည်ခိုင်ဖြိုးပါတီ ဌာနချုပ်ပြောရေး ဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်က ပါတီ၏အခြေခံအောင်နိုင်ရေးလက်တွေ့ဆောင်ရွက်ရန်နှင့် မီဒီယာကိစ္စများ ဆွေးနွေး အကြံပြုကာ တက်ရောက်လာကြသည့် မြို့နယ်ပါတီဥက္ကဌများက မိမိတို့ မြို့နယ်ဆိုင်ရာများတင်ပြကာ ပြည်နယ်တာဝန်ခံနှင့် ပြည်နယ်ပါတီဥက္ကဌ တို့က ဖြည့်စွက်လမ်းညွှန်မှုပြုခဲ့ကြောင်းနှင့် အစည်းအဝေး ဒုတိယနေ့ကို ယနေ့ (၁၁-၈-၂၀၁၇)ရက်နေ့ တွင် ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရပါသည်။
မောင်တောဒေသ လုံခြုံရေးတိုးမြှင့်ပေးရန် ကာကွယ်ရေးဦးစီးချုပ်ထံ ANP ခေါင်းဆောင်များတောင်းဆို
ရခိုင်အမျိုးသားပါတီ (ANP)သည် မောင်တောမြို့နယ်အတွင်း ဒေသလုံခြုံရေးတိုးမြှင့်ပေးရန် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ သြဂုတ် ၉ ရက်တွင် တွေ့ဆုံတောင်းဆိုခဲ့ကြောင်း ယင်းပါတီဗဟိုအလုပ်အမှု ဆောင်ဦးဖေသန်းက ပြောသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မောင်တောဒေသ လုံခြုံရေး အပြည့်အဝတာဝန်ယူကြောင်းနှင့် လုံခြုံရေးအင်အား တိုးချဲ့ထားသည်ဟု ပြန်လည်ပြော ကြားခဲ့ကြောင်း တွေ့ဆုံမှုတွင် ပါဝင်သူ ဦးဖေသန်းက ရှင်းပြ သည်။
ပြည်နယ်ပါတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်
ရခိုင်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ လစဉ် ပြုလုပ်လျက်ရှိသော လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို သြဂုတ်လ ၉ ရက် နေ့ နံနက် ၉ နာရီက ပြည်နယ်ပါတီရုံးအစည်း အဝေးခန်းမတွင် ပြုလုပ် ကျင်းပခဲ့သည်။
