မန္တလေးတိုင်းဒေသကြီးရမည်း သင်းခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ ဖြိုးရေးပါတီ ရပ်/ကျေးအုပ်စု စည်းရုံးရေးမှူးနှင့် အမှုဆောင်များ၏ (ခရိုင် အဆင့်)နှုတ်မှုစွမ်းရည် ပြိုင်ပွဲကို ယမန်နေ့က ရမည်းသင်း ခရိုင်ပြည်ခိုင်ဖြိုးပါတီရုံး၌ ကျင်းပ ခဲ့ကြောင်း သိရသည်။
မန္တလေးတိုင်းဒေသကြီးရမည်း သင်းခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ ဖြိုးရေးပါတီ ရပ်/ကျေးအုပ်စု စည်းရုံးရေးမှူးနှင့် အမှုဆောင်များ၏ (ခရိုင် အဆင့်)နှုတ်မှုစွမ်းရည် ပြိုင်ပွဲကို ယမန်နေ့က ရမည်းသင်း ခရိုင်ပြည်ခိုင်ဖြိုးပါတီရုံး၌ ကျင်းပ ခဲ့ကြောင်း သိရသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် မန္တလေးတိုင်းဒေသကြီး နယ်မြေတာဝန်ခံ ဦးဝဏ္ဏမောင်လွင်သည် ယခုလ ၂၂ရက် မွန်းတည့် ၁၂ နာရီက စဥ့်ကိုင်မြို့နယ် ပါတီရုံးအစည်းအဝေးခန်းမတွင် ကျောက်ဆည်ခရိုင်ပါတီကော်မတီနှင့် ကျောက်ဆည်ခရိုင်အတွင်း ရှိ မြို့နယ်လေးမြို့နယ်မှ ပါတီကော်မတီဝင်များနှင့်တွေ့ဆုံ၍ ပါတီဆိုင်ရာကိစ္စရပ်များကို ဆွေးနွေး မှာကြားခဲ့သည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် တိုင်းဒေသကြီးတာဝန်ခံ ဦးမြင့်စိုးသည် ယနေ့နံနက် ၁၁ နာရီတွင် ကသာခရိုင် ကောလင်းမြို့နယ်ပါတီရုံး၌ ကျင်းပသော ကသာခရိုင် ကောလင်းမြို့နယ်နှင့်ဝန်းသိုမြို့နယ် ပါတီကော်မတီဝင်များ၊အရန်ကော်မတီဝင်များ၊မြို့နယ်အတွင်းရှိ ရပ်/ကျေးပါတီ ခေါင်းဆောင်များနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက် ပြီး ပါတီစည်းရုံးရေးလုပ်ငန်းများနှင့် ပတ်သက်၍အကျယ်တဝင့် ဆွေးနွေးညှိနှိုင်းသည်။
ရန်ကုန်၊ သြဂုတ် ၂၃ ရက် (ဆင်ဟွာ)
မြန်မာ-အင်ဒိုနီးရှားနိုင်ငံ နှစ်နိုင်ငံ အကြမ်းဖက်မှုတိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးကို ယနေ့ သြဂုတ်လ ၂၃ ရက်နေ့ နံနက် (၉) နာရီတွင် နေပြည်တော်ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန၌ ဆွေးနွေးကြကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန် ၊ သြဂုတ် ၂၄ ။ ။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်အဖွဲ့ ဥက္ကဋ္ဌ မစ္စတာကိုဖီအာနန်တို့ ယနေ့ သြဂုတ်လ ၂၄ ရက်နေ့ နံနက်ပိုင်းက တွေ့ဆုံဆွေးနွေးခဲ့သည်ဟု ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားသည်။
ယင်းတွေ့ဆုံပွဲတွင် ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်အဖွဲ့ တင်သွင်းသည့် အစီရင်ခံစာပါ အကြောင်းအရာများနှင့် အစီရင်ခံတွင် ပြင်ဆင်ထည့်သွင်းရန် လိုအပ်သည့်အကြောင်းအရာများကို အပြန်အလှန်ဆွေးနွေးခဲ့သည်ဟု သတင်းထုတ်ပြန်ခဲ့သော်လည်း အသေးစိတ်ကိုမူ သတင်းထုတ်ပြန်ခြင်း မရှိပေ။
မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့၌ ကျင်းပလျက်ရှိသည့် (၂၉)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ၏ ၂၁-၈-၂၀၁၇ ရက်နေ့ ညပိုင်း၌ ကျင်းပခဲ့သည့် မြန်မာ-မလေးရှား ဘောလုံးပွဲစဉ်အား လာရောက်ကြည့်ရှုအားပေးခဲ့ကြသည့် မြန်မာနိုင်ငံသားအချို့ Stadium Shah Alam ဘောလုံးကွင်းအနီးတွင် ရိုက်နှက်ခံရခြင်း လုယက်ခံရခြင်းများ ဖြစ်ပွားခဲ့ပါသည်။

မြိတ်ကျွန်းစုရေပြင်မှာ ဇန်န၀ါရီကနေ သြဂုတ်အထိ ၈ လတာအတွင်း ထိုင်းနိုင်ငံက ငါးဝင်ရောက်ခိုးဖမ်းတဲ့ ငါးဖမ်းလှေ ၅ စီးအပါဝင် စုစုပေါင်း ၃၈ စီးကို မြန်မာ့ရေတပ်က ဖမ်းဆီးရမိထားတယ်လို့ သိရပါတယ်။
မြန်မာ့ရေပိုင်နက်အတွင်း လာရောက်ငါးခိုးဖမ်းနေတဲ့ ထိုင်းနိုင်ငံက လှေတွေအပါအ၀င် မြန်မာနိုင်ငံက စည်းပျက်၊ တရားမ၀င်လှေတွေကိုလည်း စစ်ဆေးအရေးယူကာ သက်ဆိုင်ရာ ကော့သောင်းခရိုင် ငါးလုပ်ငန်း ဦးစီးဌာနနဲ့ မြိတ်ခရိုင် ငါးလုပ်ငန်းဦးစီးဌာနတို့ထံ လွှဲပြောင်းပေးအပ်ခဲ့တယ်လို့ သိရပါတယ်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင် မွန်ပြည်နယ်ပါတီအတွင်းရေးမှူးသည် ယမန်နေ့ နံနက် ၁၁ နာရီက ချောင်းဆုံမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ရုံးအစည်းအဝေးခန်းမ ၌မော်လမြိုင် ခရိုင် ချောင်းဆုံမြို့နယ်မှ မြို့နယ် ပါတီကော်မတီဝင်များ၊ ရပ်ကွက်နှင့်ကျေးရွာများမှ စည်းရုံးရေးမှူး များအားတွေ့ဆုံကာ ရှေ့ဆက်လုပ် ဆောင်ရမည့် ပါတီလုပ်ငန်းစဉ်များ နှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့သည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် မန္တလေးတိုင်းဒေသကြီး နယ်မြေတာဝန်ခံဦးဝဏ္ဏမောင်လွင်သည် ယမန်နေ့ ညနေ ၄ နာရီက တိုင်းဒေသကြီးပါတီရုံး အစည်းအဝေးခန်းမ၌ တိုင်းဒေသကြီးပါတီကော်မတီ၊ မန္တလေးခရိုင် ပါတီကော်မတီနှင့် မန္တလေးခရိုင် အတွင်းရှိ မြို့နယ်ခုနစ်မြို့နယ်မှ ပါတီကော်မတီဝင်များနှင့်တွေ့ဆုံ၍ ပါတီဆိုင်ရာကိစ္စ ရပ်များကို ဆွေးနွေးမှာကြားခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အနောက်ပိုင်းခရိုင် ပြည်ခိုင်ဖြိုးပါတီမှ လစ်လပ်နေသော ပါတီကော်မတီဝင်နှစ်ဦးအတွက် အစားထိုးရန် ကြားဖြတ်ရွေးချယ်ပွဲကို ယမန်နေ့ နံနက် ၁ဝ နာရီက ရန်ကုန်အနောက်ပိုင်းခရိုင် ပြည်ခိုင် ဖြိုးပါတီကော်မတီရုံးတွင်ကျင်းပရာ ရွေးချယ်ပွဲသို့ ဗဟိုကော်မတီဝင် ရန်ကုန်တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးခင်မောင်စိုး၊ ဗဟိုကော်မတီဝင်တိုင်းဒေသကြီး ပါတီအတွင်းရေးမှူးဦးသာဝင်းနှင့် ကြားဖြတ်ရွေးချယ်ပွဲကော်မရှင်အဖွဲ့ဝင်များ၊ ပဏာမရွေးချယ်ခံ အသက်(၃၅နှစ်)အောက်ဘွဲ့ရ မြို့နယ်ကော်မတီဝင်လေးဦးတက်ရောက်ကြသည်။