ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင်နှင့် ပျော်ဘွယ်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးသောင်းအေးသည် ယမန်နေ့ နံနက်ပိုင်းတွင် ကျင်းပသော ပျော်ဘွယ်မြို့ မြင်းဘက် ရပ်ကွက်မြို့ ကန်ဦးပရိယတ္တိ စာသင်တိုက်ကြီး၏ အစိုးရနှင့်ကျောင်းတိုက် စာမေးပွဲအောင် သံဃာတော် ၃၅ ပါးတို့ အား ဆုနှင်းသဘင်သို့တက်ရောက်ကြည်ညိုပြီး ကျောင်းတိုက်ပဓာန နာယကဆရာတော် ဒွိပိဋကဓရ၊သစအဓမ္မာစရိယ၊ သာမဏေ ကျော် ဘဒ္ဒန္တနေမိဒ္ဓါလင်္ကာရဘိဝံသအား ဖူးမြော်၍ သာသနာရေးဆိုင်ရာ များကို လျှောက်ထားသည်။
ပါတီဗဟိုအလုပ်အမှုဆောင် စစ်ကိုင်းတိုင်းဒေသကြီးတာဝန်ခံ ဦးမြင့်စိုး ရွှေဘိုခရိုင် ရေဦးမြို့နယ် ပါတီကော်မတီဝင်များ ရပ်ကျေးပါတီ ခေါင်းဆောင် များနှင့်တွေ့ဆုံ
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် တိုင်းဒေသကြီးတာဝန်ခံ ဦးမြင့်စိုးသည် ယနေ့ နံနက် ၁၁နာရီတွင် ရေဦးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီခန်းမတွင် ကျင်းပသော ပါတီကော်မတီဝင်များ၊ရေဦးမြို့နယ်အတွင်းရှိ ရပ်ကျေးပါတီ ခေါင်းဆောင်များနှင့်တွေ့ဆုံပွဲ အခမ်းအနားသို့တက်ရောက်ပြီး ပါတီစည်းရုံးရေး လုပ်ငန်းများနှင့် ပတ်သက်၍ အကျယ်တဝင့် ဆွေးနွေးညှိနှိုင်းသည်။


အဆိုပါတွေ့ဆုံပွဲသို့ ဗဟိုအလုပ်အမှုဆောင် တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဒေါက်တာမြင့်သိန်းနှင့် တိုင်းဒေသကြီးပါတီကော်မတီဝင်များ၊ ရွှေဘိုခရိုင်ပါတီကော်မတီဝင်များ၊ ရေဦးမြို့နယ် ပါတီကော်မတီဝင်များ၊ ရပ်ကျေးပါတီခေါင်းဆောင်များ စုစုပေါင်းအင်အား ၁၁၅ ဦး တက်ရောက်ကြသည်။
မင်းပြားမြို့နယ် ပြည်ခိုင်ဖြိုးပါတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
၂၀.၈ .၂၀၁၇ရက်နေ့ မင်းပြားမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးတွင် ရပ် / ကျေး ကော်မတီဝင်များနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ၂၀. ၈ .၂၀၁၇ ရက်နေ့ နေ့လည် ၁၂:၀၀နာရီချိန်တွင် ပါတီရုံးအစည်းဝေးခန်းမ၌ ကျင်းပပြုလုပ်ပါသည်။
အဆိုပါ အစည်းဝေးသို့ ပြည်နယ်ကော်မတီဝင်၊ မြို့နယ်တာဝန်ခံ ဦးဦးဘသိန်း၊ မြို့နယ်ဥက္ကဌ ဦးအောင်စောသန်း၊ မြို့နယ်အတွင်းရေးမှူး ဦးကိုသန်းရွှေ၊ မြို့နယ်ကော်မတီဝင်များ၊ အရန်ကော်မတီဝင်များ ရပ်/ကျေး ကော်မတီဝင်များ စုစုပေါင်း ၁၃၅ ဦး တက်ရောက်ခဲ့ပါသည်။
ငဖဲမြို့နယ် ပြည်ခိုင်ဖြိုးပါတီ မြို့နယ်စည်းရုံးရေးကော်မတီ သီးခြား အစည်းအဝေးနှင့် တွေဆုံပွဲ ကျင်းပ
ငဖဲ သြဂုတ် ၂၁
ငဖဲ မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် မြို့နယ် စည်းရုံးရေးကော်မတီ သီးခြားအစည်းအဝေးနှင့် ”တွေ့ဆုံပွဲ” မင်းဘူးခရိုင် လုပ်ငန်းစစ်)တို့ကို ယမန်နေ့ 21-8-2017နေ့တွင် သီးခြားစီ ကျင်းပခဲ့ပါ သည်။
ရှေးဦးစွာ နံနက် ၁၁းဝဝနာရီအချိန်တွင် မြို့နယ်စည်းရုံးရေးကော်မတီ သီးခြား အစည်းအဝေးကို ကျင်းပရာ ရုံးချိန်တာဝန်ခွဲဝေမှု၊ ရေးရာကော်မတီ အုပ်စုကိုယ်စားလှယ်များ လစ်လပ်နေရာများ မဖြစ်မနေ ဆက်လက်ဆောင်ရွက်ရေး၊ မြို့နယ်စည်းကော်မတီ၏ လုပ်ငန်းတာဝန်များအား အပြန်အလှန် ဆွေးနွေးထောက်ခံ ဆုံးဖြတ်ခဲ့ကြပြီး အစည်းအဝေးကို မွန်းတည့် ၁၂းဝဝနာရီတွင်ရုပ်သိမ်းခဲ့ကြပါသည်။
ပြည်ခိုင်ဖြိုးပါတီ မန္တလေးခရိုင်၊ ရပ်/ကျေးကော်မတီဝင်များ၏ နှုတ်မှု စွမ်းရည်ပြိုင်ပွဲကျင်းပ
(၂၂.၈.၂၀၁၇) ရက်နေ့ (၀၈း၃၀) နာရီအချိန်တွင် မန္တလေးခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရပ်/ကျေးကော်မတီဝင်များ၏ နှုတ်မှုစွမ်းရည်ပြိုင်ပွဲ ကျင်းပပြုလုပ်ရာ ပြည်ခိုင် ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင်၊ မန္တလေးတိုင်းဒေသကြီးနယ်မြေတာဝန်ခံ ဦးဝဏ္ဏမောင်လွင်၊ မန္တလေးတိုင်းဒေသကြီး ပါတီဥက္ကဌ ဦးဝင်းမောင်၊ တိုင်းဒေသကြီး ပါတီအတွင်းရေးမှူး ဦး အောင်ကျော်မိုးနှင့် တိုင်းဒေသကြီးပါတီကော်မတီဝင်များ၊ အကဲဖြတ်ဒိုင်လူကြီးများ၊ မန္တလေးခရိုင်ပါတီဥက္ကဌနှင့် ခရိုင်ပါတီ ကော်မတီဝင်များ၊ မန္တလေးခရိုင်အတွင်းရှိ မြို့နယ်များမှ ဥက္ကဌများ၊ မြို့နယ်အတွင်းရေးမှူးများ၊ မြို့နယ်ကော်မတီဝင်များနှင့် ရပ်/ကျေးများမှ ပြိုင်ပွဲဝင်များ၊ ဖိတ်ကြားထားသည့်ဧည့်သည်တော်များ တက်ရောက်ခဲ့ကြ ပါသည်။
ဗဟိုအလုပ်အမှုဆောင်(ရှမ်း/အရှေ့)နယ်မြေတာဝန်ခံဦးစိုးနိုင်နှင့် ကျိုင်းတုံမြို့နယ် ပြည်ခိုင်ဖြိုးပါတီဝင်များတွေ့ဆုံ ==========================
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံသို့ရောက်ရှိနေသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ဗဟိုအလုပ်အမှုဆောင်(ရှမ်း/ အရှေ့) နယ်မြေတာဝန်ခံဦးစိုးနိုင်နှင့် ရှမ်းအရှေ့ ကျိုင်းတုံခရိုင် ကျိုင်းတုံမြို့နယ်၊ မိုင်းပျဉ်းမြို့နယ်၊မိုင်းယန်းမြို့နယ်၊ မိုင်းခတ် မြို့နယ်တို့မှ ကော်မတီဝင်များ၊ကျိုင်းတုံမြို့နယ် ရပ်မိရပ်ဖများနှင့် ကျိုင်းတုံပြည်ခိုင်ဖြိုးပါတီ အစည်းအဝေးခန်းမ၌ ယနေ့တွေဆုံခဲ့သည်။
အဆိုပါတွေ့ဆုံပွဲတွင် (ရှမ်း/ အရှေ့) မြို့နယ်ပါတီဥက္ကဋ္ဌများမှ ရေးရာ ကဏ္ဍအလိုက် လုပ်ငန်းဆောင်ရွက်ထားရှိမှုများ ရှင်းလင်းတင်ပြခြင်း၊ ခရိုင်ပါတီဥက္ကဋ္ဌက ဖြည့်စွက်ဆွေးနွေး ရှင်းလင်းတင်ပြခြင်း၊ပြည်နယ်ပါတီ အတွင်းရေးမှူး ဦးစိုင်းကျော်လှက အသေးစိတ် ရှင်းလင်းတင်ပြခဲ့သည်။
ပြည်ခိုင်ဖြိုးပါတီဗဟိုအတွင်းရေးမှူးဦးပိုက်ထွေးအင်ဒိုနီးရှားနိုင်ငံ ၇၂ နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်ဧည့် ခံပွဲသို့တက်ရောက်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေးသည် ယနေ့ည ၇နာရီအချိန်က ရန်ကုန်မြို့ရှိ Novotel Yangon Max Hotel တွင် ကျင်းပပြုလုပ်သည့် အင်ဒိုနီးရှားနိုင်ငံ ၇၂ နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်ဧည့်ခံပွဲသို့တက်ရောက်ခဲသည်။
အခမ်းအနားကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် သီချင်း၊အင်ဒိုနီးရှားနိုင်ငံတော်သီချင်းများဖြင့်စတင်ဖွင့်လှစ်ခဲ့သည်။
ပါတီဗဟိုအလုပ်အမှုဆောင်ဦးမြင့်စိုးရွှေဘိုမြို့နယ်ပါတီကော်မတီဝင်များ နှင့်တွေ့ဆုံ
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် တိုင်းဒေသကြီး တာဝန်ခံ ဦးမြင့်စိုးသည် ယနေ့မွန်းလွဲ ၂ နာရီခွဲက ရွှေဘိုမြို့နယ် ပန်းရံကျးရွာတွင်ကျင်းပသော ရွှေဘို မြို့နယ် ပါတီကော်မတီဝင်များ၊ ရွှေဘိုမြို့နယ် ပန်းရံကျေးရွာအုပ်စု ပါတီဝင်များ နှင့်တွေ့ဆုံပွဲ အခမ်းအနားသို့တက်ရောက်ပြီး ပါတီစည်းရုံးရေးလုပ်ငန်းများနှင့် ပတ်သက်၍ အကျယ်တဝင့် ဆွေးနွေးခဲ့သည်။
လိပ်ကျွန်းလူသတ်မှု နောက်ဆုံး အဆုံးအဖြတ်ပေးမယ့်နေ့ ၀င်းနဲ့ဇော် အတွက် ဆုတောင်းပေးကြပါ
ဒီနေ့သည် ဝင်းနဲ့ ဇော်အတွက် နောက်ဆုံး အဆုံးဖြတ်ပေးမယ့်နေ့လေးမို့ပါ။ အခုတစ်လော fb မှာ တက်နေတဲ့ ဝင်း နဲ့ ဇော် လုံးဝ ကွင်းလုံးကျွတ်လွတ်ပြီ ဆိုတဲ့ သတင်းလုံးဝမဟုတ်ပါဘူး။ မသမာသူတွေက ဝင်းနဲ့ဇော်ကို မေ့သွားအောင် တမင်ဝါဒဖြန့်ထားတာပါ။ ဒါကြောင့်လူအများ သွေးအေးမသွားအောင် SHARE လုပ်ပြီး ဆုတောင်းပေးကြစေချင်ပါတယ်။ ထိုင်းရောက်မြန်မာများ အခုလိုအဖြစ်မျိုးကင်းဝေးကြပါစေ ။ ( 21 .8 . 2017 ) နောက်ဆုံးအယူခံတက်ရန် ထိုင်းနိုင်ငံတောင်ပိုင်း ကော့တောင်ကျွန်း(လိပ်ကျွန်း)အမှုတွင် ကြိုတင် ထွက်ဆိုချက် ပေးခဲ့ကြသောသက်သေ(၃)ဦး)- တရားစီရင်ချက်ချမှတ်ခံထားရသည်မှာ-
ပြည်တွင်းပုလဲရောင်းချပွဲ အားလုံးရောင်းရပြီး ယူရို ၂ ဒသမ ၃ သန်းကျော်ရရှိ
နေပြည်တော် တွင် ပြုလုပ်သည့် (၃၅)ကြိမ် မြောက် ပြည်တွင်းပုလဲရောင်းချပွဲ တွင် ပြသရောင်းချသော ပုလဲအ တွဲအားလုံးရောင်းချရပြီး ယူရို ၂ ဒသမ ၃ သန်းကျော်ရရှိကြောင်း ပုလဲလုပ်ငန်းဌာနမှူး ဒေါ်မြမြ၀င်း က ပြောသည်။



