နိုင်ငံတော်အစိုးရအနေဖြင့် ရခိုင်တစ်ပြည်နယ်လုံးတွင် တရားဥပဒေစိုးမိုးရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် လုံခြုံမှု အပြည့်အဝရရှိရေး ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ အလေးအနက်ထား ဆောင်ရွက်ပေးရန် တိုက်တွန်းကြောင်း ပြည်ခိုင်ဖြိုးပါတီ အပါအဝင် ၂၈ ပါတီက ပူးတွဲကြေညာ ချက်ထုတ်ပြန်သည်။
ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသော အကြမ်းဖက်တိုက်ခိုက်မှုများသည် ကျေးလက်ဒေသများမှ မြို့ပြဒေသများအထိ ကူးစက်ပြန့်ပွားလာပြီး ဆက်တိုက်ဖြစ်ပွားနေသော အကြမ်းဖက်မှုများ ကို ပြင်းထန်စွာ ရှုတ်ချကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
