ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် မန္တလေးတိုင်းဒေသကြီး နယ်မြေတာဝန်ခံ ဦးဝဏ္ဏမောင်လွင်သည် ယခုလ ၂၂ရက် မွန်းတည့် ၁၂ နာရီက စဥ့်ကိုင်မြို့နယ် ပါတီရုံးအစည်းအဝေးခန်းမတွင် ကျောက်ဆည်ခရိုင်ပါတီကော်မတီနှင့် ကျောက်ဆည်ခရိုင်အတွင်း ရှိ မြို့နယ်လေးမြို့နယ်မှ ပါတီကော်မတီဝင်များနှင့်တွေ့ဆုံ၍ ပါတီဆိုင်ရာကိစ္စရပ်များကို ဆွေးနွေး မှာကြားခဲ့သည်။

