မန္တလေးရေလမ်း ကြောင်းဖွံ့ဖြိုးရေးစီမံကိန်း လုပ်ငန်းဒီဇိုင်းအတွက် မန္တလေး၊ စစ်ကိုင်းတို့ရှိ အရပ်ဘက်အဖွဲ့အ စည်းများထံသို့ အကြံဉာဏ် တောင်းခံဆွေးနွေးမှုကို သြဂုတ် ၂၈ ရက်က မန္တလေးမြို့ ဘူတာကြီးအနီးရှိ ဟိုတယ်မာဘယ်တွင်ပြုလုပ်ခဲ့သည်။
မောင်တောဒေသ အကြမ်းဖက်မှု လူမျိုးရေး၊ ဘာသာရေးပုံစံ မဖြစ်စေရန် ဆောင်ရွက်နေဟု ရဲမှူးချုပ် သူရ စန်းလွင်ပြောကြား
မောင်တောဒေသတွင်လတ်တလောဖြစ်ပွားနေသော အကြမ်းဖက်တိုက်ခိုက်မှုများအပေါ် ကိုင်တွယ်ဖြေ ရှင်းရာ၌ လူမျိုးရေး၊ ဘာသာရေးအသွင် သဏ္ဌာန်မဖြစ်စေရန် ဆောင်ရွက်နေ ကြောင်း အမှတ် (၁) နယ်ခြားစောင့်ရဲ ကွပ်ကဲရေးမှူး ရဲမှူးချုပ်သူရစန်းလွင်က ပြောသည်။ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် မောင်တောဒေသအတွင်း တည်ငြိမ်အေးချမ်းမှု အမြန်ဆုံး တည်ဆောက်နိုင်ရန် ကြိုးပမ်းဆောင်ရွက်ရာတွင် အစွန်းရောက်ဘင်္ဂါလီ အကြမ်း ဖက်သမားများကိုသာ နှိမ်နင်းနိုင်ရေးဦးတည်ဆောင်ရွက်နေပြီး အကြမ်းဖက်သမားများနှင့် ပတ်သက်ဆက်နွှယ်မှု မရှိသူများကိုဦးတည်ခြင်းမရှိဟု နိုင်ငံတော်အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ထားသည်။ ‘‘လူမျိုးရေးကို ဦးတည်သွားမှာစိုးတယ်။ ဒီအချိန်မှာ ငါတို့က ပြတ်ပြတ်သားသားလုပ်နေတာ။ လူမျိုးရေးကို မကူးစက်စေ ချင်ဘူး။ ဘာသာရေးမကူးစက်စေ ချင်ဘူး’’ ဟု ရဲမှူးချုပ် သူရစန်းလွင် က ပြောသည်။
NCA လက်မှတ်ထိုးရှစ်ဖွဲ့ ထိပ်သီးခေါင်းဆောင်များ အစည်းအဝေး စက်တင်ဘာလဆန်း ကျင်းပမည်
တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးသဘောတူ စာချုပ် (NCA) လက်မှတ်ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် ရှစ်ဖွဲ့၏ ထိပ်သီးခေါင်း ဆောင်များသည် စက်တင်ဘာလ ဆန်းတွင် တွေ့ဆုံ၍ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ စတင်နိုင်ရေး ဆွေးနွေးမည်ဖြစ်ကြောင်း ယင်း အဖွဲ့ကိုယ်စားလှယ်များက ပြော ကြားသည်။
နှစ်နိုင်ငံတပ်မတော်အရာရှိကြီးများ အစည်းအဝေး တက်ရောက်ရန် တပ်ချုပ် ထိုင်းနိုင်ငံသို့ ရောက်ရှိ
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်း အောင်လှိုင်သည် ထိုင်း-မြန်မာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး (5th HLC Meeting) သို့ တက်ရောက်ရန် ဩဂုတ် ၂၈ ရက်တွင် ထိုင်းနိုင်ငံသို့ ရောက်ရှိ နေကြောင်း တပ်မတော်ကာကွယ် ရေးဦးစီးချုပ်ရုံးက သတင်းထုတ် ပြန်သည်။
ပုသိမ်ခရိုင် ပြည်ခိုင်ဖြိုးပါတီ ကြားဖြတ်ရွေးချယ်ဖွဲ့စည်းရေး အခမ်းအနား ကျင်းပ
ပုသိမ်ခရိုင် ပြည်ခိုင်ဖြိုးပါတီ ကြားဖြတ်ရွေးချယ်ဖွဲ့စည်းရေး အခမ်းအနား ကို (၂၈.၈.၂၀၁၇) ရက်နေ့ နေ့လည် (၁း၀၀)နာရီအချိန်တွင် ကျင်းပ ပြုလုပ်ခဲ့ပါသည်။
ယင်းအစည်းအဝေးသို့ တိုင်းပါတီဥက္ကဋ္ဌ ဦးဥာဏ်လင်းနှင့် တိုင်းပါတီ ကော်မတီဝင် ဒေါက်တာ ထိန်ဝင်း၊ ဒေါ်ခင်စောမူ၊ ဒေါ်နွယ်နွယ်ဦး၊ ပုသိမ် ခရိုင်အတွင်းရေးမှူးနှင့် ကော်မတီဝင်များ ပုသိမ်ခရိုင်အတွင်းရှိ (၇)မြို့နယ်မှ ဥက္ကဋ္ဌနှင့်ကော်မတီဝင်များ စုစုပေါင်းအင်အား (၅၀)ဦး တက် ရောက်ခဲ့ပါသည်။
မြေပုံကျေးရွာ၌ ပြုလုပ်ကျင်းပ သော စုဒ္ဒသမအကြိမ်မြောက် သောတာပန် ဆီအလှူတော်သို့ ဆီပိဿာ အချိန် (၄၀) အား လှူဒါန်း
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတိုင်ပင်ခံ ဦးရဲမြင့် ဇနီး ဒေါ်မြတ်ငွေ (မိသားစု)နှင့် ပြင်ဦးလွင်ခရိုင် မြို့နယ်ပြည်ခိုင်ဖြိုးပါတီတို့မှ (၂၈-၈-၂၀၁၇) ရက်နေ့ နံနက် (၁၀း၀၀) နာရီ အချိန်တွင် ဓမ္မဒုတဗုဗ္ဗာရုံ တောရ၊ ပြင်ဦးလွင်မြို့နယ်၊ ပြင်စာဒေသ၊ မြေပုံကျေးရွာ၌ ပြုလုပ်ကျင်းပ သော စုဒ္ဒသမအကြိမ်မြောက် သောတာပန်ဆီအလှူတော်သို့ ဆီပိဿာ အချိန် (၄၀) အား လှူဒါန်းကာ ရေစက်ချတရားနာခဲ့ပါသည်။
နတ်မောက်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ လစ်လပ်နေသော မြို့နယ်ပါတီ ကော်မတီဝင်များ အစားထိုးရွေးချယ်ခြင်း ကျင်းပ
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ လစ်လပ်နေသော မြို့နယ်ပါတီကော်မတီဝင်များ အစားထိုးရွေးချယ်ခြင်း ကို ၂၉.၈.၂၀၁၇ ရက်နေ့ နံနက် ၁၀း၄၀နာရီအချိန်တွင် နတ်မောက်မြို့နယ် ပါတီရုံး၌ ကျင်းပပါသည်။
ရွေးချယ်ပွဲသို့ မကွေးတိုင်း ပါတီကော်မတီ ဘဏ္ဍာရေးမှူး ၊ရွေးချယ်ရေး အဖွဲ့ခေါင်းဆောင် ဦးကြည်ထွန်း၊ မကွေးခရိုင်ပါတီဥက္ကဌ ဦးထွန်းရှိန်၊မကွေးခရိုင် ပါတီကော်မတီဝင် ဦးအောင်နိုင်တို့ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
ပင်းတယမြို့နယ် ပြည်ခိုင်ဖြိုးပါတီ လစဉ်ပုံမှန်အစည်းအဝေးကျင်းပ
ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ လစဉ်ပုံမှန်အစည်းအဝေးကို မြို့နယ်ပါတီရုံးခန်းမ၌ ၂၈.၈၂၀၁၇ရက်နေ့ နံနက် ၁၀း၀၀နာရီအချိန်တွင် ကျင်းပရာ ရှမ်းပြည်နယ် အရန် ပါတီကော်မတီ၊ တောင်ကြီးခရိုင် ပါတီကော်မတီ နယ်မြေတာဝန်ခံမှ တက်ရောက် အမှာစကားပြောကြားခြင်း၊ မြို့နယ်ပါတီ ဥက္ကဌမှ ရှေ့လုပ်ငန်းစဉ်များ ဆွေးနွေးခြင်း၊ မြို့နယ်ပါတီကော်မတီဝင် ဒေသဦးစီးအဖွဲ့ဝင် ဦးကျော်ငြိမ်း၊ ဦးထွန်းမောင်တို့မှ ဆွေးနွေးခြင်း၊ မြို့နယ်ပါတီကော်မတီဝင်များမှ စည်းရုံးရေးရာကိစ္စများ တင်ပြခြင်း၊ ရပ်စည်းများမှ ပါတီဝင် ရရှိထားမှု၊ အမာခံများ လုပ်ရှားဆောင်ရွက်စည်းရုံးနေမှုများကို တင်ပြဆွေးနွေးခဲ့ကြကြောင်း သိရှိခဲ့ရပါသည်။
မိုးညှင်းခရိုင်/မြို့နယ် ပါတီအလုပ်မှုဆောင် အစားထိုးရွေးချယ်ရေးပြုလုပ်
မန္တလေးခရိုင် ပြည်ခိုင်ဖြိုးပါတီဝင်လူငယ်များ စုပေါင်းသွေးလှူဒါန်း
မန္တလေးခရိုင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ၏ အစီ အစဉ်ဖြင့် Youth Day လူငယ်လှုပ်ရှားမှုအဖြစ် ပါတီဝင်လူငယ်များ စုပေါင်းသွေးလှူဒါန်းခြင်းကိုယမန် နေ့နံနက် ၈ နာရီက ဗဟိုအမျိုး သမီးဆေးရုံကြီး(မန္တလေး)သွေးလှူ ဘဏ်တွင် ဆောင်ရွက်ခဲ့ကြသည်။
သွေးလှူဘဏ်အတွင်း ပါတီဝင်လူငယ်မောင်မယ်များ သွေးလှူဒါန်းမှုဆောင်ရွက်ရာသို့ မန္တလေးတိုင်းဒေသကြီးပြည်ခိုင်ဖြိုး ပါတီတိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးဝင်းမောင်၊ တိုင်းဒေသကြီးပါတီ အတွင်းရေးမှူး ဦးအောင်ကျော်မိုးနှင့် တိုင်းဒေသကြီးပါတီကော်မတီဝင်များ သွားရောက်အားပေးခဲ့ကြသည်။
