ရန်ကုန်တိုင်းဒေသကြီး အနောက်ပိုင်းခရိုင် ပြည်ခိုင်ဖြိုးပါတီမှဦးဆောင်၍ လူငယ်ထု လှုပ်ရှားမှုအဖြစ် ဗဟန်းမြို့နယ် ငါးထပ်ကြီးဘုရား၌ ယမန်နေ့ နံနက် ၆ နာရီက ဘုရားပန်းကပ် ခြင်း၊ သန့်ရှင်းရေးကုသိုလ်ပြုလုပ် ခဲ့ကြသည်။
ရန်ကုန်တိုင်းဒေသကြီး အနောက်ပိုင်းခရိုင် ပြည်ခိုင်ဖြိုးပါတီမှဦးဆောင်၍ လူငယ်ထု လှုပ်ရှားမှုအဖြစ် ဗဟန်းမြို့နယ် ငါးထပ်ကြီးဘုရား၌ ယမန်နေ့ နံနက် ၆ နာရီက ဘုရားပန်းကပ် ခြင်း၊ သန့်ရှင်းရေးကုသိုလ်ပြုလုပ် ခဲ့ကြသည်။
ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင်သုံးခွမြို့နယ်ပြ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီ မြို့နယ်ကော်မတီဝင်က ယမန်နေ့ နံနက် ၁ဝ နာရီတွင် အလန်းကုန်းကျေးရွာ အုပ်စု စစ်ကိုင်းစုကျေးရွာနှင့် နဘဲကုန်းကျေးရွာ အခြေခံပညာမူလတန်းကျောင်းရှိ ကျောင်းသား ကျာင်းသူများအား ကျောင်းသုံးဗလာစာအုပ်များနှင့် စာရေးကိရိယာများ၊ အာဟာရမုန့်ထုပ်များ သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်(အရှေ့ပိုင်း)ခရိုင် ပါတီလူငယ်ကော်မတီမှဦးဆောင်၍ ခရိုင်စည်းရုံးရေးနယ်မြေအတွင်းရှိ မြို့နယ်များမှ လူငယ် ကော်မတီဝင်များသည် လစဉ်၊အပတ်စဉ် လူငယ်နေ့ (Youth Day) အရ ယနေ့ မွန်းလွဲ ၂နာရီ ခွဲ တွင် ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ် ဒဂုံတက္ကသိုလ်အနီးရှိ ရွှေပေါက်ကံ္က တံတားအဆင်း ကျန်စစ်သားလမ်းမ ကြီးဘေးတွင် စုပေါင်းလုပ်အားပေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဗဟိုအလုပ်အမှုဆောင် ကရင်ပြည်နယ်တာဝန်ခံ ဦးသူရိန်ဇော်၊ ပြည်နယ်ပါတီအတွင်းရေးမှူးဦးစန်းကိုနှင့်အဖွဲ့သည် ကရင်ပြည်နယ် မြဝတီ မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးတွင် ယခုလ ၁ရက်က မြို့နယ် ပါတီကော်မတီဝင်များ၊ ရပ်/ကျေး ပါတီဝင်အင်အား ၅ဝခန့်နှင့် တွေ့ဆုံအမှာစကား ပြောကြားခဲ့သည်။
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင်ဇီးကုန်းမြို့နယ်တွင် ယနေ့ နံနက် ၉နာရီက တိုင်းဒေသကြီးပါတီ ဒုတိယဥက္ကဋ္ဌ ဦးအောင်ချိုဦး၊ တိုင်းဒေသကြီးပါတီကော်မတီဝင် ဦးမြင့်လွင်ဦး၊ တိုင်းဒေသကြီး ပါတီကော်မတီဝင် ဦးသန်းဇော်ထွန်း၊ တိုင်းဒေသကြီး ပါတီကော်မတီဝင် ဦးစိုင်းအောင်လှိုင်၊ခရိုင်ပါတီဥက္ကဋ္ဌ ဦးသိန်းဇော်၊ ခရိုင်ပါတီအတွင်းရေးမှူး ဦးဇော်ဝေလွင်၊မြို့နယ်ပါတီဥက္ကဋ္ဌ ဦးထူးခိုင်နှင့်မြို့နယ်ကော်မတီဝင်များ၊ ရပ်၊ ကျေး စည်းရုံးရေးမှူးများနှင့် ဒုစည်းရုံးရေးမှူးများ တက်ရောက်ကြပြီး ဇီးကုန်းမြို့နယ် ပြည်ခိုင်ဖြိုး ပါတီ၏လစ်လပ်လျက်ရှိသော မြို့နယ်ပါတီအတွင်းရေးမှူးနေရာနှင့် မြို့နယ်ကော်မတီဝင် နေရာတို့ကို ရွေးချယ်တင်မြှောက်ပွဲအခမ်းအနား ဆောင်ရွက်ခဲ့ကြသည်။
ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင်သုံးခွမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကြားဖြတ်ရွေးချယ်တင်မြှောက်ပွဲ အခမ်းအနားကို သုံးခွမြို့နယ်ပါတီရုံးခန်းမ၌ယခုလ ၁ရက် နံနက် ၁ဝနာရီက ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုး ပါတီကော်မတီဝင် ဒေါ်မိုးမိုးအိ၊ အရန်ပါတီကော်မတီဝင်တောင်ပိုင်း ခရိုင်ပါတီဥက္ကဋ္ဌဦးလွင်ဦး၊သုံးခွမြို့ နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌဒေါ်ခင် မြတ်စုနှင့်ကော်မတီဝင်များ၊ ရပ်ကွက်ကျေးရွာ စည်းရုံးရေးမှူးနှင့် ကော်မတီဝင်များတက်ရောက်ကြ ကြောင်း သိရသည်။
ချင်းပြည်နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယခုလ ၁ ရက်နှင့် ၂ ရက်တို့တွင် ကျင်းပခဲ့သည်။
ယင်းအစည်းအဝေးသို့ ပါတီဗဟိုအတိုင်ပင်ခံဦးဟုန်းငိုင်း၊ ပြည် နယ်ပါတီဥက္ကဋ္ဌ ဒေါက်တာမှုထန်၊ ပြည်နယ်အတွင်းရေးမှူး (ဗဟိုကော်မတီဝင်) ဦးကျုံးဘိခ့်အပါအဝင် ပါတီဗဟိုကော်မတီဝင်များ၊အရန်ဗဟိုကော်မတီဝင်များ၊ ပြည်နယ်ပါတီကော်မတီဝင်များ၊ခရိုင်သုံးခုနှင့် မြို့နယ်ကိုးခုမှ ပါတီဥက္ကဋ္ဌ နှင့်အတွင်းရေးမှူးများ၊ ဘဏ္ဍာရေးမှူးများအပါအဝင် ကိုယ်စားလှယ် ၅၇ ဦး တက် ရောက်ခဲ့ကြသည်။
ရခိုင်ဒေသအရေးနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ၏အချုပ်အခြာအာဏာ ပွန်းပဲ့ထိခိုက်မှုလုံးဝမဖြစ်စေရန် တပ်မတော်အနေဖြင့် အပြည့်အ၀ ထိန်းသိမ်းကာကွယ် သွားမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားလိုက်သည်။


စက်တင်ဘာလ ၁ ရက်က နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ၌ ကျင်းပပြုလုပ်သည့် ARSA အကြမ်းဖက်သမားများ၏ အကြမ်းဖက် တိုက်ခိုက်မှုဖြစ်စဉ်များကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်နေရသည့် ဒေသခံပြည်သူများအတွက် အလှူငွေပေးအပ်ပွဲအခမ်းအနားတွင် အမှာစကားပြောကြားရာ၌ ထည့်သွင်းပြောကြား ခဲ့ခြင်း ဖြစ်သည်။
မြန်မာဘက်မှ ရဟတ် ယာဉ်များသည် ဘင်္ဂလားဒေ့ရှ်ဝေ ဟင်ပိုင်နက်ထဲသို့ အကြိမ်ကြိမ် ကျော်လွန်ပျံသန်းကြောင်း စွပ်စွဲမှုများအပေါ် တပ်မတော်က မဟုတ်မှန်ကြောင်း အကြောင်းပြန် ကြားထားသည်ဟု နိုင်ငံတော် အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးကပြောသည်။ မြန်မာရဟတ်ယာဉ်များသည် ဘင်္ဂလားဒေ့ရှ် ဝေဟင်ပိုက် နက်ထဲသို့ သြဂုတ် ၂၇၊ ၂၈ နှင့် စက်တင်ဘာ ၁ ရက်တို့တွင် ကျော်လွန် ပျံသန်းခဲ့ခြင်းကြောင့် မြန်မာသံအမတ်ကြီးကို ခေါ်ယူအသိပေးခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ် သတင်းစာများတွင် စက်တင်ဘာ ၁ ရက်က ဖော်ပြခဲ့သည်။
ကမ္ဘာလှည့်ခရီးသွား ၁,၂၀၀ ခန့် ပါရှိသည့် ငြိမ်းချမ်း ရေးလှုပ်ရှားမှု အပျော်စီးသင်္ဘော (Peace Boat) သည် ဩဂုတ် နောက်ဆုံးပတ်က ပထမဆုံးအကြိမ် မြန်မာနိုင်ငံသို့ နှစ်ရက်ကြာ လာရောက်လည်ပတ်ခဲ့သည်။ အဆိုပါ ခရီးစဉ်ကို ဂျပန်နိုင်ငံမှ NGO အဖွဲ့အစည်းတစ်ခုနှင့် ကုလသမဂ္ဂ၏ စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ ကောင်စီတို့ကပူးပေါင်းစီစဉ်ပြီး ကမ္ဘာလှည့်ခရီး သည် ၁,၁၅၆ ဦးနှင့် သင်္ဘောဝန်ထမ်း ၃၃၇ ဦးတို့ လိုက်ပါလာကြောင်း ခရီးစဉ်အတွက် တာဝန်ယူစီစဉ်ပေးသည့် Myanmar Voyagas International Tou-rism ကုမ္ပဏီမှ မန်နေးဂျင်း ဒါရိုက်တာ ဦးသက်လွင်တိုးက ပြောသည်။