မန္တလေးခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ကြီးမှူးကာ ပါတီဝင်အမျိုးသမီးများ၏ လူမှုဘဝဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်ပြီး ပြည်တွင်းထွက် ကောက်ပဲသီးနှံများဖြစ်သည့် ဆန်၊ ပဲ၊ ပြောင်း၊ ဂျုံများအား အခြေခံ၍ တန်ဖိုးမြင့်စားသောက်ကုန်နှင့်လူသုံးကုန်ထုတ်လုပ်မှုနည်းပညာ (ဆင့်ပွား) သင်တန်းဖွင့်ပွဲအား (၁၁.၉.၂၀၁၇) ရက်နေ့ (၁၂း၀၀) အချိန်တွင် ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးပါတီကော်မတီဝင် ဒေါ်လှလှအေး (အမျိုးသမီးကဏ္ဍတာဝန်ခံ)၊ မန္တလေးခရိုင်ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးဘို သင်း ၊ ခရိုင်အတွင်းရေးမှူး ဒေါ်ဝါဝါလှိုင်( အမျိုးသမီးကဏ္ဍတာဝန်ခံ)၊ခရိုင် ပါတီကော်မတီဝင်များ၊ မြို့နယ်ပါတီဥက္ကဌများနှင့် ကော်မတီဝင်များ၊ သင်တန်းသူပါတီဝင်အမျိုးသမီးများ တက်ရောက်ခဲ့ကြပါသည်။
