မြန်မာဘက်မှ ရဟတ် ယာဉ်များသည် ဘင်္ဂလားဒေ့ရှ်ဝေ ဟင်ပိုင်နက်ထဲသို့ အကြိမ်ကြိမ် ကျော်လွန်ပျံသန်းကြောင်း စွပ်စွဲမှုများအပေါ် တပ်မတော်က မဟုတ်မှန်ကြောင်း အကြောင်းပြန် ကြားထားသည်ဟု နိုင်ငံတော် အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးကပြောသည်။ မြန်မာရဟတ်ယာဉ်များသည် ဘင်္ဂလားဒေ့ရှ် ဝေဟင်ပိုက် နက်ထဲသို့ သြဂုတ် ၂၇၊ ၂၈ နှင့် စက်တင်ဘာ ၁ ရက်တို့တွင် ကျော်လွန် ပျံသန်းခဲ့ခြင်းကြောင့် မြန်မာသံအမတ်ကြီးကို ခေါ်ယူအသိပေးခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ် သတင်းစာများတွင် စက်တင်ဘာ ၁ ရက်က ဖော်ပြခဲ့သည်။
ကမ္ဘာ့လှည့်ခရီးသွား ၁,၂၀၀ ခန့် ပါရှိသည့်ငြိမ်းချမ်းရေးလှုပ်ရှားမှုသင်္ဘော ပထမဆုံးအကြိမ် လာရောက် လည်ပတ်ခဲ့
ကမ္ဘာလှည့်ခရီးသွား ၁,၂၀၀ ခန့် ပါရှိသည့် ငြိမ်းချမ်း ရေးလှုပ်ရှားမှု အပျော်စီးသင်္ဘော (Peace Boat) သည် ဩဂုတ် နောက်ဆုံးပတ်က ပထမဆုံးအကြိမ် မြန်မာနိုင်ငံသို့ နှစ်ရက်ကြာ လာရောက်လည်ပတ်ခဲ့သည်။ အဆိုပါ ခရီးစဉ်ကို ဂျပန်နိုင်ငံမှ NGO အဖွဲ့အစည်းတစ်ခုနှင့် ကုလသမဂ္ဂ၏ စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ ကောင်စီတို့ကပူးပေါင်းစီစဉ်ပြီး ကမ္ဘာလှည့်ခရီး သည် ၁,၁၅၆ ဦးနှင့် သင်္ဘောဝန်ထမ်း ၃၃၇ ဦးတို့ လိုက်ပါလာကြောင်း ခရီးစဉ်အတွက် တာဝန်ယူစီစဉ်ပေးသည့် Myanmar Voyagas International Tou-rism ကုမ္ပဏီမှ မန်နေးဂျင်း ဒါရိုက်တာ ဦးသက်လွင်တိုးက ပြောသည်။
လာမည့်ဘဏ္ဍာနှစ်မှစ၍ ရန်ကုန်လိုင်စင်ကို တင်ဒါစနစ်ဖြင့် ခွင့်ပြုမည်
လာမည့်ဘဏ္ဍာနှစ်မှ စတင်၍ ပြည်ပမှတင်သွင်းမည့် မော်တော်ယာဉ်အသစ်များအတွက် ရန်ကုန်လိုင်စင် ထပ်မံခွင့်ပြုရာတွင် နံပါတ်ပြားကို တင်ဒါစနစ်မျိုးဖြင့် ရောင်းချခွင့်ပြုမည်ဟု ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ပြောကြားကြောင်း မြန်မာနိုင်ငံ မော်တော်ယာဉ်တင်သွင်းထုတ်လုပ်ဖြန့်ဖြူး ရောင်းချသူများ အသင်းဥက္ကဋ္ဌ ဒေါက်တာ စိုးထွန်းက ပြောသည်။

ရခိုင်ပြည်နယ် ပြည်ခိုင်ဖြိုးနှင့် ရွှေပြည်တော်ဆုံမှတ်အဖွဲ့ ကူညီထောက်ပံ့ ရေးကိစ္စ ဆွေးနွေး
၂၀၁၇ ခုနှစ် စက်တင်ဘာလ (၁) ရက်နေ့ ညနေ (၁၇း၀၀) နာရီအချိန်တွင် ပြည်နယ်ပါတီရုံးအစည်းအဝေး ခန်းမ၌ ပြည်နယ် ပါတီဥက္ကဌ ဒေါက်တာစန်းရွှေနှင့်ဗဟိုဌာနချုပ် နိုင်ငံရေးနှင့် တိုင်းရင်း သားရေးရာကော်မတီဝင် ဦးထွေးလှ၊ ရွှေပြည်တော်သို့ဆုံမှတ် ပရဟိတအဖွဲ့တို့နှင့်တွေ့ဆုံကာ အကြမ်းဖက်ခံရ၍ တိမ်ရှောင်လာကြသော ရခိုင်တိုင်းရင်းသားလူမျိုးစုများအား ကူညီပံ့ပိုးပေးနိုင်ရေးအတွက် တွေ့ဆုံဆွေးနွေး ခဲ့ကြပါသည်။
မိုးကောင်းပြည်ခိုင်ဖြိုးပါတီ (၄၁)ကြိမ်မြောက် သံဃာ့ဒါန ဆွမ်းဆန်တော် လောင်းလှူ
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးကောင်းမြို့နယ် ဈေးကုန်းရပ်ကွက်(၄၁) ကြိမ်မြောက် သံဃာဒါန ဆွမ်းဆန်တော်လောင်းလှူပွဲကို စက်တင် ဘာ ၃ရက် မနက် ၇း၃၀ နာရီအချိန်တွင် မိုးကောင်း မြို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မြို့နယ်ဥက္ကဌ ဦးထွန်းထွန်းအောင်၊ မြို့နယ် အတွင်းရေးမှူး ဦးပြည့်ဖြိုးမင်း၊မြို့နယ်ကော်မတီဝင် ဦးစိုင်းထွန်းလှ ၊ ဦးမြင့်စိုး၊ ဦးငွေရှိန်၊ ဦးသန်းစိုး၊ ဒေါ်အေးတို့ ဦးဆောင်ပြီး မြို့ပေါ် (၁၀)ရပ်ကွက်မှ စည်းရုံးရေးတာဝန်ခံများ ၊ပါတီဝင်ကော်မတီဝင်များ ပါတီအင်အား ၂၅ ဦးဖြင့် သံဃာတော်အပါး ၅၀၀ ကျော်ကို ဆန်များလောင်းလှူခဲ့ကြောင်းသိရပါသည်။
ရှမ်းပြည်နယ်အရှေ့ပိုင်း ပြည်ခိုင်ဇြိုးပါတီမှ ရခိုင်ပြည်နယ် မောင်းတော ခရိုင် နေရပ်ရှောင်ပြည်သူများအတွက် အလှူငွေများ လှူဒါန်း
3:9:2017 ရက်နေ့တွင် ရှမ်းပြည်နယ်အရှေ့ပိုင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ဗဟိုအလုပ်အမှုဆောင် ဒေါက်တာစိုင်းဆိုက်ကျောက်ဆမ် နှင့်အတူ ပြည်နယ်ကော်မတီဝင် များဖြစ်သော ဒေါ်နန်းနော်၊ ဒေါ်နန်းကိန်ခမ်း၊ ဦးစိုင်းဟွမ်နွဲ့တို့သည် ကျိုင်းတုံမြို့ မြို့မဈေးတွင် ဖွင့်လှစ်ထားသည့် ရခိုင်ပြည်နယ်၊မောင်းတောခရိုင်၊နေရပ်ရှောင်ပြည်သူများအတွက် ပါတီကိုယ်စားသွားရောက်၍ အလှူငွေ (၁၀၀၀၀၀ိ/-) ကျပ် တစ်သိန်းသွားရောက်ပေးလှူခဲ့ကြသည်။
(HN)
မုဒုံမြို့နယ်ပြည်ခိုင်ဖြိုး ရပ်/ကျေးလပတ်အစည်းဝေး ပြုလုပ်
မွန်ပြည်နယ် မုဒုံမြို့နယ် ပြည်ထောင်စုကြံ့ခိုင်နှင့်ဖွံ့ဖြိုးရေးပါတီရုံးအစည်းအဝေးခန်းမ၌ ၂၀၁၇ခုနှစ် စက်တင်ဘာလ(၃)ရက်နေ့ နံနက်(၁၁း၀၀)နာရီချိန်မှစတင်ကာ ရပ်၊ကျေးလပတ်အစည်း အဝေး ပြုလုပ်ခဲ့သည်။
အဆိုပါအစည်းအဝေးတွင် မြို့နယ်ပါတီဥက္ကဌ ဦးကျော်ကျော်လွင်မှ အထက်ပါတီရဲ့ လမ်းညွန်မှုများ၊ ပါတီရှေ့ဆက်လုပ်ဆောင်သွားရမည့် ကိစ္စရပ်များ၊ ရေးရာအလိုက်လုပ်ဆောင်သွားရမည့် ကိစ္စရပ်များအား ချပြဆွေးနွေးခဲ့သည်။ ဆက်လက်ပြီး ပြည်နယ်ပါတီကော်မတီဝင်ဦးသက်ထွေးမှ ပါတီကော်မတီဝင်များနှင့် ရပ်ကျေးအဖွဲ့ဝင်များအား မီဒီယာကို တွင်တွင်ကျယ်ကျယ်အသုံးပြုကြရန် လမ်းညွန်မှာကြားခဲ့ပြီး တက်ရောက်လာကြသော ရပ်ကျေးစည်းမှူးတို့မှ သိရှိလိုတာများကို မေးမြန်းဆွေးနွေးခဲ့ကြသည်။
ရခိုင်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်း
စစ်တွေ စက်တင်ဘာ ၃
ရခိုင်ပြည်နယ်ပြည်ခိုင်ဖြိုးပါတီ သည် ယခုလ ၁ ရက် နံနက် ၉ နာရီက ပြည်နယ်ပါတီရုံးတွင် စစ်တွေမြို့ပေါ်မှ ထေရ်ကြီးဝါကြီး ဆရာတော်ကြီး ကိုးပါးအား ပင့်ဖိတ် ကာဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်း ခဲ့ကြောင်း သိရသည်။
(၁၂၉)ကြိမ်မြောက်ရှင်ဥပဂုတ္တမထေရ်မြတ်မီးမျှောပူဇော်ပွဲတွင်ကျောက်ကြီးမြို့နယ်ပြည်ခိုင်ဖြိုးပါတီမှ ဗုဒ္ဓဝေယျာဝစ္စကုသိုလ်ယူ
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့နယ်တွင်ကျင်းပသော (၁၂၉)ကြိမ်မြောက် ရှင်ဥပဂုတ္တမီးမျှောပူဇော်ပွဲနှင့် မြန်မာ့ရိုးရာလှေလှော်ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉နာရီ ကကျင်းပရာ ပွဲတော်ကျင်းပရေးဦးစီးနာယက ကုန်းကျောင်းပရိယတ္တိစာသင်တိုက် ဆရာတော် ဦးစန္ဒိမာက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။
မြောက်ဥက္ကလာပမြို့နယ် ပြည်ခိုင်ဖြိုးပါတီမော်တာစက်ချုပ်သင်တန်းဖွင့်
ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ယနေ့နံနက် ၉ နာရီတွင် မော်တာစက်ချုပ်သင်တန်းအား အောင်မြင်ကျော်ကြားအထည်ချုပ် လုပ်ငန်း ကုမ္ပဏီလီမိတက်နှင့်ပူးပေါင်း၍ သင်တန်းဖွင့်ပွဲကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ ဖိတ်ကြားထားသောဧည့်သည်တော်များ၊သင်တန်းသူများ စုစုပေါင်းအင်အား ၁၅ဝကျော် တက်ရောက်ပြီး မြို့နယ်ပါတီဥက္ကဋ္ဌ ဦးခင်မောင်မြင့်က သင်တန်းဖွင့်လှစ် ရခြင်း၏ ရည်ရွယ်ချက်ကို ပြောကြားနှုတ်ခွန်းဆက်ပြီး နံနက် ၁ဝနာရီမှစ၍ သင်တန်းသား ဦးရေ ၁ဝဝအား သင်တန်းနည်းပြများမှ ဆက်လက်သင်ကြားပြသခဲ့ကြကြောင်း သိရသည်။



