ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ကရင်ပြည်နယ်တာဝန်ခံ ဦးသူရိန်ဇော်၊ ပြည်နယ်အတွင်းရေးမှူး ဦးစန်းကိုနှင့် အဖွဲ့သည် ယခုလ ၂ ရက် နံနက်ပိုင်းက ကော့ကရိတ်မြို့နယ် ရန်ကုတ်ကျေးရွာအုပ်စု ကမ္မရာကျေးရွာ ဘုန်းတော်ကြီးကျောင်းသို့ ရောက်ရှိပြီး ဆရာတော်ဦးသာသနာ့အား အလှူငွေကျပ်နှစ်သောင်း၊ တိုက်အုပ်ဆရာတော်အား အလှူငွေကျပ်တစ် သောင်းလှူဒါန်းခဲ့ပြီး ဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင် ပါတီဝင်များ၊ ရပ်မိ ရပ်ဖအင်အား ၃ဝ နှင့် တွေ့ဆုံခဲ့သည်။
ခရမ်းပြည်ခိုင်ဖြိုးပါတီဝင်များ ရပ်ရွာပြည်သူများနှင့်အတူသစ်ကိုင်းသစ်ခက်များ ခုတ်ထွင် ရှင်းလင်း
ရန်ကုန်တိုင်းဒေသကြီး ခရမ်းမြို့နယ်ပြည်ခိုင်ဖြိုးမှ လူငယ်ပါတီဝင်များသည် ယနေ့ နံနက် ၈ နာရီ က ခရမ်းမြို့နယ် (၁) ရပ်ကွက် ခိုင်ရွှေဝါလမ်းမှ ရပ်ကွက်လုပ်သား ပြည်သူများနှင့်အတူ လျှပ်စစ် အန္တရာယ်မဖြစ်ပွားစေရေးအတွက် ဓာတ်ကြိုးနှင့်မလွတ်သည့် သစ်ပင်သစ်ကိုင်း များကို ရပ်ရွာပြည်သူ များနှင့်အတူ ဝိုင်းဝန်းခုတ်ထွင် ရှင်းလင်းပေးခဲ့ကြသည်။
မျိုးဇော်ဦး(ခရမ်း)
ရန်ကုန်တိုင်းဒေသကြီးပြည်ခိုင်ဖြိုးပါတီ ကွန်ပျူတာနည်းပညာသင်တန်းဆင်းပွဲကျင်းပ
ရန်ကုန်တိုင်းပြည်ခိုင်ဖြိုးပါတီမှ လူငယ်ထုနှင့် အမျိုးသမီးထုအ တွင်း လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးစေရန်ရည်သန်လျက် ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီနှင့် ဖြိုး Computer Training Center တို့ ပူးပေါင်းဖွင့်လှစ်သော ကွန်ပျူတာအသုံးချ နည်းပညာ သင်တန်းများ တတိယအကြိမ် သင်တန်းဆင်းပွဲ အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီရုံး၌ ယနေ့နံနက် ၁ဝနာရီခွဲက ကျင်းပခဲ့သည်။
ရခိုင်တွင် လူသားချင်းစာနာမှု အကူအညီများကို ကြက်ခြေနီလှုပ်ရှားမှုအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်မည်ဟု အတိုင်ပင်ခံရုံး ထုတ်ပြန်
ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်မှုကြောင့် နေ့ရပ်စွန့် ခွာတိမ်းရှောင်နေရသည့် ဒေသတွင်း နေထိုင်သူများ အား လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ကူညီထောက်ပံ့မှုများကို အစိုးရနှင့် ကြက်ခြေနီလှုပ်ရှားမှုအဖွဲ့ (Red Cross Movement) တို့ ပူးပေါင်း၍ ထိရောက်စွာဆောင်ရွက်မည်ဖြစ်ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး က သတင်းထုတ်ပြန်သည်။

ဒေါ်အောင်ဆန်းစုကြည်၊ တပ်ချုပ်နှင့် အင်ဒိုနိုင်ငံခြားရေးဝန်ကြီး သီးခြားစီတွေ့ဆုံ၍ ရခိုင်အရေးဆွေးနွေး
အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး မစ္စစ်ရက်နိုမာဆူဒီသည် စက်တင်ဘာ ၄ ရက်တွင် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နှင့် သီးခြားစီတွေ့ဆုံ၍ ရခိုင် ပြည်နယ်အရေး အဓိကထားဆွေး နွေးခဲ့သည်။


နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံစဉ် ရခိုင်ပြည်နယ်အတွင်း လိုအပ်သည့် လူသားချင်းစာနာထောက်ထားမှုအကူအညီများကို အင်ဒိုနီးရှားက ပါဝင်ပံ့ပိုး ပေးနိုင်ရေးနှင့် ဖြစ်ပေါ်နေသည့် စိန်ခေါ်မှုများနှင့် အခက်အခဲများကို ဖြေရှင်းနိုင်မည့် ရေရှည်နည်းလမ်းများကို ထည့်သွင်းဆွေးနွေးခဲ့ကြောင်း မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။
မောင်တောဒေသတည်ငြိမ်သည်အထိ စစ်ဆင်ရေးနယ်မြေသတ်မှတ်ဆောင်ရွက်မည်
မောင်တောဒေသအကြမ်းဖက် တိုက်ခိုက်မှုဖြစ်စဉ်များတည်ငြိမ်မှုမရှိမချင်း စစ်ဆင်ရေးနယ်မြေအဖြစ် သတ်မှတ်ကာ နယ်မြေရှင်းလင်းခြင်း လုပ်ဆောင်မည်ဟု အမှတ်(၁)နယ်ခြားစောင့်ရဲ ကွပ်ကဲရေးမှူး ရဲမှူးချုပ် သူရ စန်းလွင်က ပြောသည်။ မောင်တောဒေသတွင် ရဲကင်းနှင့် ရဲစခန်း စုစုပေါင်း ၃၀ တစ်ပြိုင်တည်း အကြမ်းဖက် တိုက်ခိုက်ခံရသည့် သြဂုတ် ၂၅ ရက်က စ၍ စစ်ဆင်ရေးနယ်မြေအဖြစ် ဆောင်ရွက်ခြင်းဖြစ်သည်။
ရန်ကုန်စတော့အိတ်ချိန်းတွင် သြဂုတ်အတွင်း ကျပ်နှစ်ဘီလီယံကျော်ဖိုး အရောင်းအဝယ်ဖြစ်ခဲ့
ရန်ကုန်စတော့အိတ်ချိန်းတွင် ဩဂုတ်အတွင်းက အစုရှယ် ယာ ကျပ် ၂ ဒသမ ၃ ဘီလီယံဖိုး အရောင်းအဝယ် ဖြစ်ပြီး ပြီးခဲ့သည့် ဇူလိုင်ထက်တစ်ဘီလီယံပိုခဲ့ ကြောင်း ရန်ကုန်စတော့အိတ်ချိန်း က စက်တင်ဘာ ၄ ရက်တွင် သတင်းထုတ်ပြန်သည်။ အဆိုပါ ပမာဏသည် လွန်ခဲ့သည့် ငါးလအတွင်း အများဆုံး အရောင်းအဝယ် ဖြစ်ခဲ့သည့် ပမာဏဖြစ်ပြီး အထူးသဖြင့် သီလဝါ အများပိုင် ကုမ္ပဏီ(MTSH) နှင့် ပထမပုဂ္ဂလိကဘဏ်တို့၏ ရှယ် ယာများ ရောင်းအားနှစ်ဆခန့် မြင့်တက်ခြင်းကြောင့်ဖြစ်သည်။
ပြည်ခိုင်ဖြိုးပါတီ ပြည်နယ်ကိုယ်စားလှယ် လမ်းပန်းဆက်သွယ်ရေးဆိုင်ရာမေးခွန်း ပြည်နယ်လွှတ်တော်တွင်မေးမြန်း
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ စည်းရုံးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်ထောင်စုနယ်မြေ စည်းရုံးရေးရာတာဝန်ခံများ တွေ့ဆုံ
၅.၉.၂၀၁၇ ရက်နေ့ အင်္ဂါနေ့တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ တာဝန်ရှိသူများနှင့် ပြည်ထောင်စုနယ်မြေအတွင်းရှိ မြို့နယ်များမှ စည်းရုံးရေးရာတာဝန်ခံများ၊ရုံးဝန်ထမ်းများနှင့်တွေ့ဆုံပွဲအား ပြည်ထောင်စုနယ်မြေပါတီရုံးတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
၎င်းတွေ့ဆုံပွဲသို့ ဗဟိုကော်မတီဝင် ဦးလှထွန်းဦး ၊ ဗဟိုကော်မတီဝင် ဒေါ်ခင်ရွှေမြင့် ၊ ပြည်ထောင်စုနယ်မြေအတွင်းရေးမှူး ဦးဌေးဝင်း ၊ တိုင်းကော်မတီဝင် စည်းရုံးရေးရာတာဝန်ခံ ဒေါ်ရီရီဝင်း၊ ခရိုင်ဥက္ကဌ ဦးအောင်နိုင်ဦး ၊ မြို့နယ်များမှ စည်းရုံးရေးရာတာဝန်ခံများ ၊ မြို့နယ်ပါတီဝန်ထမ်းများ(ကွန်ပျူတာ)တို့တက်ရောက်ခဲ့ကြပါသည်။
ပြည်ခိုင်ဖြိုးပါတီ မန်ပင်ကျေးရွာ အခြေခံမူလတန်းကျောင်း လုပ်အားပေး ပြုလုပ်
ကချင်ပြည်နယ် မိုးကောင်းမြို့နယ် လွဲလောအုပ်စု မန်ပင်အခြေခံပညာ မူလတန်းကျောင်းတွင် မိုးကောင်းမြို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီမှ စက်တင်ဘာ ၄ ရက် နံနက် ၇း၃၀ နာရီအချိန်တွင် မိုးကောင်းမြို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မြို့နယ်ဥက္ကဌ ဦးထွန်းထွန်း အောင်နှင့် မြို့နယ်ကော်မတီဝင် ဦးစိုင်းထွန်းလှ၊ ဦးမြင့်စိုး၊ ဦးငွေရှိန်း ၊ ဦးသန်းစိုး၊ ဒေါ်မအေး၊ မြို့ပေါ်စည်းရုံးရေးမှူးများ အင်အား ၂၅ ဦးဖြင့် မန်ပင်ကျေးရွာ အခြေခံပညာမူလတန်းကျောင်းတွင် မြက်များကို စက်များ ဖြင့် လုပ်အားပေးလုပ်ငန်းများ လုပ်ဆောင်လျက်ရှိပါသည်။

