(၁၀.၉.၂၀၁၇) ရက်နေ့ နံနက်(၀၂း၀၀)နာရီအချိန်တွင် တောင်ကျချောင်းရေကြောင့် နေအိမ်များပျက်ဆီးသွားသော သပိတ်ကျင်းမြို့နယ် ရေထွက်ကျေးရွာသို့ (၁၀.၉.၂၀၁၇)ရက်နေ့ ညနေ (၀၆း၃၀)နာရီအချိန်တွင် သပိတ်ကျင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌနှင့်အဖွဲ့တို့ရောက်ရှိပြီး ပျက်ဆီးရှုံးမှု များအား ကြည့်ရှုကာ ကမ်းပါးပြို၍ ပျက်ဆီးသွားသော ကျေးရွာချင်းဆက်လမ်းအား ယာယီပြုပြင်ရန်အတွက် ဝါးထရံ (၁၀) ချပ်အား ကနဦးလှူဒါန်း ခဲ့ကြောင်းသိရှိရပါသည်။
