မွန်ပြည်နယ်ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ ကမာဝက်မြို့ မြို့လုံးကျွတ် ဆွမ်းဆန် စိမ်း လောင်းလှူပွဲသို့ တက်ရောက်လောင်းလှူ

 

မွန်ပြည်နယ် မုဒုံမြို့နယ်ကမာဝက်မြို့ မြို့လုံးကျွတ် ဆွမ်းဆန်စိမ်း လောင်းလှူပွဲကို ၂၀၁၇ခုနှစ် စက်တင်ဘာ (၁၂) ရက်နေ့ နံနက် (၁၁း၃၀)နာရီချိန်တွင်စတင်ပြုလုပ်ရာ မွန်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးအောင်ကြည်သိန်း တက်ရောက်ကာ သံဃာတော်၊ သာမဏေ၊ သီလရှင် များအား ဆွမ်းဆန်စိမ်း လောင်လှူခဲ့သည်။

ကွမ်းခြံကုန်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ သတ္တမအကြိမ်ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲနှင့် ဆွမ်းသိမ်းအောင်ပွဲရေစက်ချမင်္ဂလာကျင်းပ

 

ရန်ကုန်တိုင်းဒေသကြီးကွမ်းခြံ ကုန်းမြို့နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးတင်လင်းနှင့် အတွင်းရေးမှူး ဦးစိုးသိဏ်း၊မြို့နယ်ပါတီကော်မတီ ဝင်များ၊ ရပ်/ကျေးပါတီဥက္ကဋ္ဌများ ပါတီဝင်များစုပေါင်း၍ ကွမ်းခြံကုန်း မြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်း ၂၄ ကျောင်း၊ သီလရှင်ငါးကျောင်းတို့မှ သံဃာတော်နှင့် သီလရှင် အပါး ၅ဝဝကျော်တို့အား ယမန်နေ့ နံနက် ၅နာရီက ဝါတွင်းကာလ တတိယ အကြိမ် အရုဏ်ဆွမ်း လောင်းလှူခဲ့ကြသည်။

နိုင်ငံရေးပါတီများတွေ့ဆုံဆွေးနွေး

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ် (ရန်ကုန်)တွင် ယနေ့နံနက် ၁ဝနာရီခွဲက နိုင်ငံရေးပါတီ များ စုပေါင်းတွေ့ဆုံပွဲတစ်ရပ်ကို ကျင်းပခဲ့သည်။

အဆိုပါတွေ့ဆုံပွဲတွင် လက်ရှိဖြစ်ပေါ်နေသည့် ရခိုင် ပြည်နယ်မြောက်ပိုင်း လုံခြုံရေး အခြေ အနေများနှင့်စပ်လျဉ်း ၍ စိုးရိမ်ဖွယ်ရာ အခြေအနေများ၊ မြန်မာနိုင်ငံသားဥပဒေ စသည့် အကြာင်းအရာများ၊ ကိုဖီအာနန်ကော်မရှင်နှင့် ယင်းကော်မရှင်၏ အစီရင်ခံစာ အကြောင်း အရာများအပေါ် ပါတီများအချင်းချင်း ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးညှိနှိုင်း ခဲ့သည်။

ရခိုင်ပြည်နယ် နေရပ်စွန့်ခွာတိမ်းရှောင်နေရသည့် ဒေသခံများအတွက်ကွမ်းလုံပြည်ခိုင်ဖြိုး ပါတီမှ အလှူငွေပေးအပ်လှူဒါန်း

 

ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တောဒေသတွင် အစွန်း ရောက်ဘင်္ဂါလီအကြမ်းဖက် သမားများ၏ တိုက်ခိုက်မှုကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်နေရသည့် ဒုက္ခသည်များကို လူသားချင်းစာနာ ထောက်ထားသောအားဖြင့်ကွမ်းလုံ ခရိုင် ပြည်ခိုင်ဖြိုးပါတီမှ အလှူငွေများ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။လှူဒါန်းပေအပ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁ဝနာရီက ကွမ်းလုံ   မြို့နယ် ထွေ/အုပ်ရုံး၌ပြုလုပ်ခဲ့ပြီး ကွမ်းလုံခရိုင်ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌ ဦးထွန်းရင် ဦးဆောင်သည့်ခရိုင်နှင့်မြို့နယ်ပါတီကော် မတီဝင်များသည် ပြည်ခိုင်ဖြိုးပါတီက လှူဒါန်းသည့် အလှူငွေ ကျပ် ၉၂ဝဝဝဝကို မြို့နယ်အုပ်ချုပ်ရေးမှူးထံသို့ လှူဒါန်းခဲ့ကြောင်း သိရသည်။

ရခိုင်အရေးနှင့်ပတ်သက်၍ နိုင်ငံရေးပါတီများတွေ့ဆုံမှုအပေါ် သတင်းစာရှင်းလင်း

 

ရခိုင်ပြည်နယ် အရေးကိစ္စနှင့် ပတ်သက်၍ ယနေ့နံနက် ၁ဝနာရီက နိုင်ငံရေးပါတီများ တွေ့ဆုံခဲ့ မှုအပေါ် သတင်းစာရှင်းလင်းပွဲ တစ်ရပ်ကို ယနေ့မွန်းလွဲပိုင်းက ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီဌာနချုပ်(ရန်ကုန်)တွင် ကျင်းပခဲ့သည်။

လုံခြုံရေးကောင်စီ မြန်မာ့အရေး ဗုဒ္ဒဟူးနေ့ဆွေးနွေးဖွယ်ရှိ

ရခိုင်ပြည်နယ်အတွင်း ပိုပြီးဆိုးဝါးနေတဲ့အခြေအနေတွေနဲ့ပတ်သက်လို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီက တရားဝင်အစည်းအဝေး ခေါ်ယူပြီးဆွေးနွေးဖို့ လုံခြုံရေးကောင်စီရဲ့ အလှည့်ကျ အဖွဲ့ဝင် ဆွီဒင်နဲ့ အမြဲတန်း အဖွဲ့ဝင် ဗြိတိန်နိုင်ငံတို့က စက်တင်ဘာ၁၁ရက် တနင်္လာနေ့ကတောင်းဆိုလိုက်ပါတယ်။ ကုလသမဂ္ဂ ဆိုင်ရာ ဗြိတိန်သံအမတ်ကြီး Matthew Rycroft က သတင်းထောက်တွေကို အခုလိုပြောပါတယ်။

ကိုဖီအာနန် ကော်မရှင်တင်ပြသော အကြံပြုချက်များအတွက် မြန်မာအစိုးရကို ကူညီရန် အမေရိကန်လိုလား

ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး ကိုဖီအာနန် ကော်မရှင်တင်ပြခဲ့သော ထောက်ခံအကြံပြုချက်များ အကောင်အထည်ပေါ်ရေး အမေရိကန်က မြန်မာအစိုးရကို ကူညီလိုကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အရှေ့တောင်အာရှဆိုင်ရာ ထိပ်တန်းအရာရှိတစ်ဦးက ပြောကြားသည်။ အမေရိကန်နိုင်ငံခြားရေးဝန် ကြီးဌာန ၏ အရှေ့တောင်အာရှဆိုင်ရာ ဒုတိယလက်ထောက် နိုင်ငံခြားရေးဝန်ကြီး ပက်ထရစ်မာဖီက သတင်းဌာနအချို့ နှင့် တယ်လီကွန်ဖရင့် ပြုလုပ်ရာတွင် ရခိုင်အရေး၊ ဘင်္ဂါလီမျိုးနွယ်စုများ အရေးနှင့်ပတ်သက်ပြီး အမေရိကန်၏ သဘောထားကို ထုတ်ဖော်ပြောဆိုခြင်းဖြစ်သည်။

၂၁ ရာစု ပင်လုံအစည်းအဝေး အကြိုပြင်ဆင်မှု စတင်ဟု UPDJC နိုင်ငံရေးပါတီ အစုအဖွဲ့ပြော

ပြည်ထောင်စုငြိမ်းချမ်း ရေး ညီလာခံ -၂၁ ရာစုပင်လုံ အစည်းအဝေးများတွင် ထိရောက်သည့် ဆွေးနွေးမှုများ ပြုလုပ်နိုင်ရန် နိုင်ငံရေးပါတီများ အစုအဖွဲ့အနေဖြင့် စတင်ပြင်ဆင် နေကြောင်း ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) ၏ နိုင်ငံရေးပါတီအစု အဖွဲ့မှ ကိုယ်စားလှယ်များက ပြောသည်။ နိုင်ငံရေး ပါတီများမှ ကိုယ်စားလှယ်များသည် တစ်လတစ်ကြိမ် ပုံမှန်အစည်းအဝေးများ ပြုလုပ်ရန်ဆုံးဖြတ်ကာ လုပ်ငန်း ဆောင်ရွက်မှုများ အထောက်အကူပြုရေး ရုံးခန်းတစ်ခုကို စက်တင်ဘာ ၇ ရက်က ရန်ကုန်မြို့တွင် စတင် ဖွင့်လှစ်ခဲ့သည်။

ဘင်္ဂလားဒေ့ရှ်သံအမတ်ကြီးကို အတိုင်ပင်ခံရုံးဝန်ကြီးခေါ်ယူတွေ့ဆုံ

နိုင်ငံတော်အတိုင်ပင်ခံ ရုံးဝန်ကြီးဦးကျော်တင့်ဆွေသည် မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီး မစ္စတာရာဟ်မာန်ကို စက်တင်ဘာ ၁၁ ရက်တွင်နေပြည်တော်သို့ ခေါ်ယူတွေ့ဆုံ ခဲ့ကြောင်း အဆိုပါဝန်ကြီးဌာန က သတင်းထုတ်ပြန်သည်။

အတိုင်ပင်ခံရုံးဝန်ကြီးဦး ကျော်တင့်ဆွေနှင့် ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီးတို့သည် နေပြည်တော်ရှိ နိုင်ငံတော် အတိုင်ပင်ခံရုံး ဧည့်ခန်းမ၌ ညနေ ၃ နာရီခွဲမှ စတင်၍ ၄ နာရီ မိနစ် ၂၀ အထိ တစ်နာရီခန့် တွေ့ဆုံခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ဟင်္သာတခရိုင် ဇလွန်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ လူငယ်တွေ့ဆုံပွဲ ကျင်းပ

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ လူငယ်တွေ့ဆုံပွဲကို ဟင်္သာတခရိုင် ဇလွန်မြို့တွင် ၁၀-၉-၂၀၁၇ရက်နေ့ ၉း၃၀နာရီအချိန်တွင် ကျင်းပခဲ့ ရာ ဧရာဝတီတိုင်းဒေသကြီး တိုင်းပါတီကော်မတီဝင် လူငယ်ရေးရာ တာဝန်ခံ ဒေါက်တာထိန်ဝင်း၊ ဟင်္သာတခရိုင်ပါတီဥက္ကဋ္ဌ ဦးညွန့်လှိုင်နှင့် ခရိုင်ကော်မင်္တီဝင်များ၊ လေးမျက်နှာ အင်္ဂပူဇလွန်မြို့နယ်များမှ ပါတီ ကော်မတီဝင်များနှင့်         လူငယ်များ၊ ရန်ကုန်တိုင်း မင်္ဂလာတောင်ညွန့်မှ ပါင်္တီင်္ ဥက္ကဋ္ဌ ဦးဝင်းလှိုင်နှင့် လူငယ်အဖွဲ့များ ချစ်ချစ်ခင်ခင် ရင်းရင်းနှီးနှင်္ီး တွေ့ဆုံ ၍ အတွေ့အကြုံများ ဖလှယ်ခဲ့ကြပါသည်။