အပစ်ရပ်စောင့်ကြည့်ရေး လုပ်ငန်းများ အကောင်အထည်ဖော်ရာတွင် ယုံကြည်မှုမြင့်မားလာစေရန် တပ်မတော် နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအကြား ပုံမှန်ဆက်ဆံမှု ဖော်ထုတ် ရမည်ဖြစ်ကြောင်း ပြည်ထောင်စု အဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC)ဒုဥက္ကဋ္ဌ (၁)၊ ကရင် အမျိုးသားအစည်းအရုံး (KNU) စစ်ထောက် ချုပ် ဗိုလ်ချုပ်စောအိုင်းဇက်ဖိုးက ပြောကြားသည်။




