ရခိုင်ပြည်နယ်အရေးတွင် ကုလသမဂ္ဂဆိုင်ရာအဖွဲ့အစည်းများက လွဲမှားသော ရပ်တည်ချက်များနှင့် မလျော်ဩဇာသုံးကာ ပြည်တွင်းရေးစွက်ဖက်လိုသူများသည် မြန်မာတစ်နိုင်ငံလုံး နှင့် တစ်မျိုးသားလုံးကို ခြိမ်းခြောက်မှု အန္တရာယ်ဖြစ်ကြောင်း အပါအဝင်အချက်ခြောက်ချက်ပါသော သဘောထားရပ်တည်ချက်ကို တိုင်းရင်းသား စည်းလုံးညီ ညွတ်ရေးပါတီ (၂၉) နှစ်မြောက် အခမ်းအနား၌ ထုတ်ပြန်သည်။



