မွန်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီမှ နေရပ်စွန့်ခွာပြည်သူများအတွက် အလှူငွေများ လှူဒါန်း

 

၂၀၁၇ခုနှစ် စက်တင်ဘာ(၉)ရက်နေ့ နံနက်(၀၉း၀၀)ချိန်တွင် မွန်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ရခိုင်ပြည်နယ်တွင် သက်စွန့် ဆံဖျား တာဝန်ထမ်းဆောင်နေကြသည့် တပ်မတော်သားများ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ နိုင်ငံဝန်ထမ်းများနှင့် (ARSA) အစွန်းရောက်အကြမ်းဖက် သောင်းကျန်းသူများဧ။် ဘေးရန်မှ နေရပ်စွန့်ခွါတိုင်းရင်းသားများအတွက် မွန်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီကိုယ်စား ပြည်နယ်ပါတီအတွင်းမှူး ဦးဝင်းမော်ဦးနှင့်အတူ ပြည်နယ်ကော်မတီဝင် ဦးလွင်မိုး၊ ဦးစောအောင် ကျော်သိန်းနှင့် မော်လမြိုင်ခရိုင်ပါတီ ဥက္ကဌဦးစိုးထွန်းတို့မှ    အလှူငွေကျပ် (၁၀) သိန်းအား အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးထံသို့ ပေးအပ် လှူဒါန်းခဲ့သည် ။

မအူပင်ပြည်ခိုင်ဖြိုးပါတီ ဆွမ်းလောင်းလှူ

 

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် မအူပင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီ၏ ဝါတွင်းသံဃာ့ဒါန အရုဏ်ဆွမ်းလောင်းလှူပွဲကို ယနေ့ နံနက် ၂နာရီမှစတင်၍ မအူပင်       မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးတွင် ကျင်းပခဲ့သည်။

အဆိုပါ ဝါတွင်းသံဃာ့ဒါနအရုဏ်ဆွမ်းလောင်းလှူပွဲသို့ မအူပင်မြို့နယ်အတွင်း ဝါတွင်းသီတင်းသုံးတော်မူကြသော ဘုန်းတော်ကြီးကျောင်း ၈၁ကျောင်းမှ သံဃာတော် အပါး ၉၇၃ပါး ကြွရောက်၍ အလှူခံတော်မူခဲ့ရာ မအူပင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌဦးစော သောင်းဒန် နှင့် ပါတီကော်မတီဝင်များ၊ပါတီစည်းရုံးရေးမှူးများ၊ ပါတီ ဝင်များက လောင်းလှူခဲ့ကြောင်း သိရ သည်။

ရန်ကုန်တိုင်းပြည်ခိုင်ဖြိုး (၃၉)ကြိမ်မြောက်သွေးလှူဒါန်းပွဲကျင်းပ

 

ရန်ကုန်တိုင်းဒေသကြီး ပြည်ထာင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဝင်များမှ အရေးပေါ်သွေး လိုအပ်လျက်ရှိသော လူနာများသွေးအခက်အခဲမရှိစေရေးအတွက် ရန်ကုန် အမျိုးသားသွေးလှူ       ဘဏ်တွင် ဒါန ဥပပါရမီမြောက် စဉ်ဆက်မပြတ် သွေးလှူဒါန်းခဲ့ကြရာ ယနေ့ နံနက် ၉နာရီက (၃၉)ကြိမ်မြောက် သွေးလှူဒါန်းပွဲကို ရန်ကုန်တိုင်းဒေသ ကြီးအနောက်ပိုင်းခရိုင် ပြည်ခိုင်ဖြိုး ပါတီဝင် ၂ဝဝ လာရောက် သွေး လှူဒါန်းခဲ့ကြောင်း သိရသည်။

ကြို့ပင်ကောက်ပြည်ခိုင်ဖြိုး လစဉ်ပုံမှန်စည်းဝေးပွဲကျင်းပ

 

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးခန်းမ အတွင်း ယနေ့နံနက် ၉ နာရီခွဲက လစဉ်ပုံမှန်အစည်းအဝေးပွဲကိုကျင်းပခဲ့သည်။

ယင်းတွင် မြို့နယ်ပါတီဥက္ကဋ္ဌဦးတင်စိုးက အဖွင့်စကားနှင့် ယနေ့ဖြစ်ပေါ်နေသည့် တိုင်းပြည် ၏ ပကတိအခြေအနေနှင့် ပါတီ၏ရှေ့လုပ်ငန်းစဉ်များကို ဆွေးနွေးသည်။

ဆက်လက်၍တက်ရောက်လာသူတို့၏ ဆွေးနွေးအကြံပြုမှုများကို ဥက္ကဋ္ဌက ညှိနှိုင်းဆွေးနွေး ကာ အစည်းအဝေးကိုရုပ်သိမ်းခဲ့သည်။ ယင်းသို့မြို့နယ်အလုပ်အမှုဆောင်များ၊ စည်းမှူးများ၊ ရုံး အဖွဲ့မှူးများလည်းတက်ရောက်ကြကာ တက်ရောက်လာသူတို့အား ပါတီအဖွဲ့မှ လက်ဖက်ရည်၊ မုန့်များဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရသည်။

ဒက္ခိဏသီရိမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ နှစ်စဉ်ကြေးပေးအပ်

 

နေပြည်တော် ဒက္ခိဏသီရိမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီရုံးခန်းမ၌ ယခု လ ၈ရက် နံနက်၁ဝနာရီက ခရိုင်၊မြို့နယ်၊ ရပ်/ကျေးလစဉ်ပုံမှန်တွေ့ဆုံညှိနှိုင်းအစည်းအဝေး   ကျင်းပရာ ရပ်/ကျေးပါတီကော်မတီဝင်စည်းရုံးရေးမှူးများက မိမိတို့ကျေးရွာအလိုက် နှစ်စဉ် ပါတီဝင်ကြေးရရှိငွေများကို ဒက္ခိဏသီရိမြို့နယ် ပါတီဥက္ကဋ္ဌ ဦးဇော်မျိုးနိုင်ထံပါတီဝင် ၈၇၄ ဦး       အတွက် ကောက်ခံ ရရှိငွေပေါင်း ၈၇၄ဝဝဝ ပေးအပ်ခဲ့ကြောင်း သိရသည်။
USA

ဖာပွန်မြို့နယ်ပြည်ခိုင်ဖြိုးပါတီ ပညာရည်ချွန်ဆုပေးပွဲကျင်းပ

 

ကရင်ပြည်နယ် ဖာပွန်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီ၏ ၂ဝ၁၆-၂ဝ၁၇ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသော ပါတီဝင် မိသားစုများ၏ သားသမီးများ ဂုဏ်ပြုချီးမြှင့်ပွဲကို ကမမောင်းမြို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီရုံးအစည်းအဝေးခန်းမ၌ ယမန်နေ့နံနက် ၁၁ နာရီတွင် ကျင်းပခဲ့သည်။

အခမ်းအနားတွင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များဖြစ်ကြသော ဦးနိုင်သန်းနိုင်နှင့် ဒေါ်နန်းနီနီအေးတို့က အမှာစကားပြောကြားပြီး လွှတ်တော်အသီးသီးမှ ကိုယ်စားလှယ်များ နှင့်      မြို့နယ်ပါတီဥက္ကဋ္ဌ တို့က ထူးချွန်ဆုများကိုပေးအပ်ချီးမြှင့်ခဲ့ကြသည်။

အကြမ်းဖက်တိမ်းရှောင်သူများ နေရပ်ကျန်နေသူများ တိုက်ခိုက်ခံရမှု ကြောင့် ဒဏ်ရာရရှိသူများအား ပြည်ခိုင်ဖြိုးပါတီ ဝိုင်းဝန်းကူညီကယ်ဆယ် မှုများ ဆောင်ရွက်

 

သြဂုတ် ၂၅ ရက်မှ စတင်၍ ရခိုင်ပြည်နယ်မြောက်ပိုင်း ရသေ့တောင်၊ ဘူးသီးတောင်နှင့် မောင်တောမြို့နယ်များ၌ ဘင်္ဂါလီအကြမ်းဖက်များက ဒေသခံတိုင်းရင်းသားများအား တိုက်ခိုက်မှုဖြစ် စဉ်များ ဖြစ်ပွားခဲ့သော ကြောင့် ဒေသခံတိုင်းရင်းသားများ နေရပ်စွန့်ခွာပြီး မောင်တော၊ ဘူးသီး တောင်၊ ရသေ့တောင်နှင့် စစ်တွေမြို့များရှိ ကယ်ဆယ်ရေးစခန်းများသို့ ခိုလှုံလာကြ ရာ ဘူးသီးတောင်မြို့နှင့် မြို့နယ် ကျေးရွာများအတွင်း အကြမ်းဖက်တိမ်းရှောင်သူများ၊ နေရပ်ကျန်နေသူများ၊ တိုက်ခိုက်ခံရမှု ကြောင့် ဒဏ်ရာရရှိသူများအား ပြည်ခိုင်ဖြိုး ပါတီဌာနချုပ်နှင့်ပြည်နယ်၊        မြို့နယ် ပါတီတို့က အကူအညီလိုအပ်လျက် ရှိသော ဒေသခံတိုင်းရင်းသား များ အားဝိုင်းဝန်းကူညီကယ်ဆယ်ရေး လုပ်ငန်းများဆောင်ရွက်ပေးလျက် ရှိကြသည်။

ဗဟိုအတွင်းရေးမှူးနှင့်အဖွဲ့ဝင်များရန်ကုန်မြောက်ပိုင်းခရိုင်ရေးရာကော်မတီဝင် များနှင့်တွေ့ဆုံ

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင်နှင့် ခရိုင် အတွင်းရှိ မြို့နယ်များမှ ရေးရာကော်မတီများ အလိုက် တာဝန်ရှိသူများတွေ့ဆုံပွဲအားယမန်နေ့ (စနေနေ့)တွင် ကျင်းပခဲ့ သည်။ယင်းတွေ့ဆုံပွဲသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူးဒေါက်တာဒေါ်စန်းစန်းနွယ်၊ဗဟိုကော်မတီဝင်ဒေါ်ခင်ရွှေမြင့်၊ တိုင်းဒေသကြီး ပါတီကော်မတီဝင် ဦးခင်မောင်တင့်၊ ခရိုင်ကော်မတီဝင်များ၊ ခရိုင်အတွင်းရှိမြို့နယ် ပါတီ များမှ ပါတီဥက္ကဋ္ဌများ၊ ရေးရာကော် မတီအလိုက် တာဝန်ရှိသူများ တက်ရောက်ဆွေးနွေးခဲ့ကြ သည်။

ပဲခူးတိုင်းပြည်ခိုင်ဖြိုးပါတီ လစဉ်ပုံမှန်အစည်းအဝေးပြုလုပ်

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် မိုးညိုမြို့နယ် ရွှေဥဒေါင်းရပ်ကွက် ဗိုလ်ချုပ်အောင်ဆန်း လမ်းရှိ မြို့နယ်ပြည်ခိုင်ဖြိုးပါတီရုံး၌ မိုးညိုမြို့နယ်ပြည်ခိုင်ဖြိုးပါတီ လစဉ်ပုံမှန်အစည်းအဝေးကို ယနေ့ နံနက် ၁ဝ နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကိုမင်း(မိုးညို)


ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်လာသည့် ရခိုင်ပြည်နယ်အရေး ဆွေးနွေးမှုအပေါ် သတင်းစာ ရှင်းလင်း

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ အမျိုးသားလုံခြုံရေးကို ခြိမ်း ခြောက်လာသည့် ရခိုင်ပြည်နယ်အရေးဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီ ခွဲ ပါတီဌာနချုပ်(ရန်ကုန်)တွင် ကျင်းပခဲ့ရာ အဆိုပါဆွေးနွေးပွဲ အပြီး သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ယနေ့ညနေပိုင်းတွင် ကျင်းပ ခဲ့သည်။