ပြည်ခိုင်ဖြိုးပါတီ အမျိုးသမီးရေးရာကော်မတီဝင်များ ဝါတွင်းကာလ လပြည့်၊ လကွယ်နေ့တိုင်း ပြုလုပ်နေကျဖြစ်သော ဓမ္မစင်္ကြာရွတ်ဖတ် ပူဇော်ပွဲကို ယနေ့ ၁၃၇၉ ခုနှစ် (သာသနာနှစ် ၂၅၆၁ ခုနှစ်)၊ တော်သလင်း လကွယ်နေ့ ညနေ ၅ နာရီက ပြည်ခိုင်ဖြိုးပါတီ ဌာနချုပ် ရုံးဝင်းအတွင်းရှိ ရွှေစေတီငွေစေတီတော် ဓမ္မာရုံ၌ ရွတ်ဖတ်ပူဇော်ခဲ့ကြကြောင်း သိရသည်။



