တနင်္သာရီတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ သံဃာတော်များအား ဝါဆိုသင်္ကန်းကပ်လှူ

 

တနင်္သာရီတိုင်း ဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီက စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို ထားဝယ် မြို့ တိုင်းဒေသကြီးပါတီရုံးအစည်း အဝေးခန်းမတွင် ယနေ့နံနက် ၅ နာရီခွဲ၌ ကျင်းပသည်။
ရှေးဦးစွာ ဆရာတော် သံဃာတော် ၁ဝ ပါးတို့အား ဆွမ်းဆက်ကပ်ပြီးနောက် ဆရာတော်ထံမှ ငါးပါးသီလဆောက်တည်ကြခြင်း၊ သံဃာတော်များက အန္တရာယ်ကင်းပရိတ်တရားတော်များ    ရွတ်ဆိုခြင်း၊ တက်ရောက်လာသူများက ဝါဆို သင်္ကန်းနှင့် ဒါတဗ္ဗဝတ္ထုများ ဆက် ကပ်လှူဒါန်းခြင်းနှင့်ဆရာတော်က ရေစက်ချတရားဟောကြားခဲ့သည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ နိုင်ငံရေးစီမံခန့်ခွဲမှုသင်တန်း အမှတ်စဉ်(၂)သင်ခန်းစာပို့ချ

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ် နေပြည်တော် သင်တန်းကျောင်းခန်းမတွင် နိုင်ငံရေးစီမံခန့်ခွဲမှုသင်တန်း အမှတ်စဉ်(၂)သင်တန်းအား ယမန်နေ့ နံနက် ၈နာရီခွဲက ဆက်လက် ပို့ချလျက်ရှိရာ အထွေထွေအတွင်းရေးမှူးဦးသက်နိုင်ဝင်းက ‘စွမ်းရည်ပြည့်ဝပြီး အင်အားတောင့် တင်းသောပါတီဖြစ်ရေးနှင့် ၂ဝ၂ဝ ပြည့်နှစ် ပါတီအောင်နိုင်ရေး’ သင်ခန်းစာကိုလည်းကောင်း၊ ဗဟိုအလုပ်အမှုဆောင်ဦးခင်ရီက ‘၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဖြစ်ရေးဥပဒေ’ကိုလည်းကောင်း နှင့် ဗဟိုအလုပ်အမှုဆောင်ဦးလှသိန်းက ‘ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်း သမိုင်းနှင့် ပါတီသမိုင်း’ကိုလည်းကောင်း အသီးသီးပို့ချခဲ့ကြောင်း သိရသည်။

ထိုင်းနိုင်ငံသို့ သွားရောက်ဆေးကုသမှုခံယူသည့် သမ္မတဦးထင်ကျော် နေပြည်တော်သို့ ပြန်လည်ရောက်ရှိ

နိုင်ငံတော်သမ္မတ ဦးထင်ကျော်သည် ထိုင်းနိုင်ငံ ဘန်ကောက်၌ အူလမ်းကြောင်း ခွဲစိတ်ကုသမှု ခံယူပြီးနောက် စက်တင်ဘာ ၁၉ ရက်တွင် နေပြည်တော်သို့ ပြန်လည်ရောက်ရှိလာသည်။ နိုင်ငံတော်သမ္မတသည် ဆေးကုသမှု ခံယူအပြီး နေပြည်တော်သို့ ပြန်လည်ရောက်ရှိကြောင်း ဖော်ပြထားသည့် သမ္မတရုံးသတင်း ထုတ်ပြန်ချက် အောက်တွင် ဖေ့စ်ဘွတ်ခ်သုံးစွဲသူများက သမ္မတကြီးဦးထင်ကျော် ကျန်းမာစေရန် ဆုတောင်းပေး သူများ ရှိသကဲ့သို့ သမ္မတကြီး ပိန်သွားသည်ဟု ယူဆ၍ မှတ်ချက်ပြုထားသူများလည်းရှိသည်။

ဗြိတိန်မှ သင်တန်းဆိုင်းငံ့ခံရသော တပ်မတော်အရာရှိ ငါးဦးကို အမြန်ဆုံးပြန်လည်ခေါ်ယူမည်

ဗြိတိန်နိုင်ငံ၌ သင်တန်းပေးမှု ဆိုင်းငံ့ခံရသော တပ်မတော်အရာရှိငါးဦးကို မြန်မာနိုင်ငံသို့အမြန်ဆုံး ပြန်လည် ခေါ်ယူမည်ဖြစ်ကြောင်း တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်ရုံးက စက်တင် ဘာ ၂၀ ရက်တွင် သတင်းထုတ် ပြန်သည်။

ရခိုင်ပြည်နယ်အတွင်းဖြစ် ပွားခဲ့သည့် ဖြစ်စဉ်များနှင့်ပတ် သက်၍ ဗြိတိန်ပါလီမန်အမတ် များက ဗြိတိန်နိုင်ငံတွင် သင်တန်း တက်ရောက်နေသော မြန်မာ့တပ် မတော် သင်တန်းသားများအား သင်တန်းဆိုင်းငံ့ပေးရန် တောင်း ဆိုမှုအရ အဆိုပါသင်တန်းသား အရာရှိများကို မြန်မာနိုင်ငံသို့ ပြန်လည် စေလွှတ်ခဲ့ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

သမ္မတညွှန်ကြားချက်နှင့် ကော်မရှင်အကြံပြုချက်များ ပေါင်းစပ်ဆောင်ရွက်မည်ဟု ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ပြော

ရခိုင်ပြည်နယ် ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီသည် နိုင်ငံတော်သမ္မတက တာဝန်ပေးထားသည့်အချက်များနှင့် အကြံပေးကော်မရှင်မှ အကြံပြုထားသည့် အချက်များကို ပေါင်းစပ်ဆောင်ရွက်မည် ဖြစ်ကြောင်း ယင်းကော်မတီ ပူးတွဲဥက္ကဋ္ဌ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက ပြောကြားသည်။

လုံခြုံရေးဆောင်ရွက်ရာတွင် လုံလောက်သောအင်အားဖြင့် ဆောင်ရွက်ရမည်ဟု တပ်ချုပ်ပြော

တပ်မတော်ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်း အောင်လှိုင်က ရခိုင်ပြည်နယ် အကြမ်းဖက်ခံရသည့် ဒေသများ လုံခြုံရေးဆောင်ရွက်ရာတွင် လုံလောက်သော အင်အားဖြင့် ဆောင်ရွက်ရမည် ဖြစ်ကြောင်း တိုက်တွန်းပြောကြားသည်။  သို့ရာတွင် လုံခြုံရေးတပ်ဖွဲ့ ဝင်များသည် ဥပဒေစည်းမျဉ်း စည်းကမ်းများနှင့်အညီ လိုက်နာ လုပ်ဆောင်ရန် လိုအပ်ကြောင်း တပ်ချုပ်က ပြောသည်။

သံတွဲမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဓမ္မစင်္ကြာတရားဒေသနာတော် ရွတ်ဆို ပူဇော်

 

၂၀.၉.၂၀၁၇ ရက်​နေ့ ည​နေ ၄း၀၀ နာရီအချိန်မှ ၅း၀၀ နာရီအချိန်ထိ သံတွဲ မြို့နယ်​ သာသနာ့ဗိမ္မာန်​​ပေါ်တွင်​ ပြည်​ခိုင်​ဖြိုးပါတီဥက္ကဌ ဦးစန်းနိုင်​.၊ ဘဏ္ဍာရေးမှူး ဦးရဲမြင့်​၊ အမျိုးသမီး​ရေးရာနှင့်​  လူငယ်​​ရေးရာ ပါတီဝင်​ ၂၅ ဦး တို့သည်​ ဓမ္မစင်္ကြာတရား​ဒေသနာ​တော်​ကို ကုသိုလ်​ပြု ရွတ်​ဆိုခဲ့ကြပါ သည်။


အမရပူရမြို့နယ်​ပြည်​ခိုင်​ဖြိုးပါတီမှ​​အဟာရဒါနကုသိုလ်​ပြုလှူဒါန်း

 

(၂၁.၉.၂၀၁၇)ရက်​​နေ့ (၁၃း၀၀)အချိန်​တွင်​ အမရပူရမြို့နယ်​ ပြည်​ခိုင်​ဖြိုးပါတီဥက္ကဌ ဦးသိန်းထွန်းဦးနှင့်​​ကော်​မတီဝင်​များ၊ ဆင်​စွယ်​ပွတ်​ရပ်​ကွက်​ပါတီ​ကော်​မတီအဖွဲ့တို့သည်​ ဆင်​စွယ်​ပွတ်​ရပ်​ကွက်​ရှိ အမှတ်​(၁)ဘုန်း​တော်​ကြီးသင်​ပညာ​ရေး​ကျောင်းသို့သွား​ရောက်​၍ ဆရာ/ဆရာမများနှင့်​ ​ပညာသင်​ကြား​နေကြ​သော​ကျောင်းသား/သူ(၄၀၀)​ကျော်​အား အဟာရဖြစ်​​စေရန်​အတွက်​ နွားနို့နှင်​​ပေါင်​မုန့်​များ​ဝေငှကုသိုလ်​ပြုခဲ့ကြပါသည်​။

Zaw Aung Htet


ပြည်ပြည်ခိုင်ဖြိုးပါတီမှ ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်

 

ပြည်တောင်တန်းတောရကျောင်းဆန်လှူအသင်းကြီး၏ ( ၃၆ )ကြိမ်မြောက် ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲကြီးသို့ ပြည်ခိုင်ဖြိုးပါတီမှ ဆွမ်းဆန်တော် (၃၆ )အိတ်ကို ပါဝင်လှူဒါန်းခဲ့ပြီး လုပ်အားဒါနများကိုပါ အခြားအဖွဲ့အစည်းများဖြင့်ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

Moe San’


ယုံကြည်မှုမြင့်မားစေရန် တပ်မတော်နှင့်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအကြား ပုံမှန်ဆက်ဆံမှု ဖော်ထုတ်ရမည်ဟု JMC ဒုဥက္ကဋ္ဌပြော

 

အပစ်ရပ်စောင့်ကြည့်ရေး လုပ်ငန်းများ အကောင်အထည်ဖော်ရာတွင် ယုံကြည်မှုမြင့်မားလာစေရန် တပ်မတော် နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအကြား ပုံမှန်ဆက်ဆံမှု ဖော်ထုတ် ရမည်ဖြစ်ကြောင်း ပြည်ထောင်စု အဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC)ဒုဥက္ကဋ္ဌ (၁)၊ ကရင် အမျိုးသားအစည်းအရုံး (KNU) စစ်ထောက် ချုပ် ဗိုလ်ချုပ်စောအိုင်းဇက်ဖိုးက ပြောကြားသည်။