ရန်ကုန် ၊ စက်တင်ဘာ ၂၂
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် လာမည့် အောက်တိုဘာ ၁၁ ရက်နေ့တွင် ချက်သမ္မတနိုင်ငံကို သွားရောက်ဖွယ်ရှိနေသည်ဟု ချက်သမ္မတနိုင်ငံထုတ် Prague Daily Monitor က ရေးသားထားသည်။

ရန်ကုန် ၊ စက်တင်ဘာ ၂၂
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် လာမည့် အောက်တိုဘာ ၁၁ ရက်နေ့တွင် ချက်သမ္မတနိုင်ငံကို သွားရောက်ဖွယ်ရှိနေသည်ဟု ချက်သမ္မတနိုင်ငံထုတ် Prague Daily Monitor က ရေးသားထားသည်။

အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးဗုဒ္ဓဓမ္မပရဟိတ ဖောင်ဒေးရှင်းအဖွဲ့(ယခင်မဘ သ) ဆရာတော်များသည် မောင်တောဖြစ်စဉ်ကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်နေသော ဒေသခံများအတွက်နှင့် နယ်စပ်ခြံစည်းရိုး ကာရန် အလှူငွေကျပ် သိန်း နှစ်ထောင်သွားရောက်လှူဒါန်းခဲ့သည်။


ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်းက ကျပ်သိန်း ၂,၀၀၀ လှူဒါန်းနေစဉ် (ဓာတ်ပုံ − ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်း-ဗဟို)
စစ်ကိုင်းတိုင်းဒေသကြီး အတွင်း မိုးလျော့သွားသော်လည်း မြစ်ရေဆက်လက်တက်နေသော ကြောင့် ရေဘေးသင့် လူဦးရေတိုးနေကာ စုစုပေါင်း တစ်သောင်းခန့်သည် ကယ်ဆယ်ရေး စခန်းများတွင် ခိုလှုံနေရသည်။
စစ်ကိုင်းတိုင်း ဒေသကြီး ကလေးနှင့် ကလေးဝမြို့၌ ရေ ဘေးရင်ဆိုင်နေရပြီး ကလေးမြို့မှ လူဦးရေ ၉,၄၀၀ ကျော်၊ ကလေးဝမြို့မှ လူဦးရေ လေးရာကျော်သည် ကယ်ဆယ်ရေး စခန်းများတွင် ခိုလှုံနေရကြောင်း စစ်ကိုင်းတိုင်း ဒေသကြီး ကယ်ဆယ်ရေးနှင့် ပြန်လည်နေ ရာချထားရေးဦးစီးဌာန ဦးစီးမှူး ဦးစ၀ီလီဖရန့်က ပြောသည်။ တစ်ရက်အတွင်း ရေဘေးကြောင့် လူဦးရေ ငါးထောင်ခန့် တိုးလာခြင်းဖြစ်သည်။
ရန်ကုန်မြို့ထဲမှာ ပြေးဆွဲနေတဲ့ YBS ယာဉ်လိုင်းတွေမှာ ကျင့်သုံးမယ့် Yangon Payment Services(YPS) ငွေပေးချေကတ်စနစ်အတွက် တင်ဒါပြိုင်ကုမ္ပဏီတွေက နည်းပညာပိုင်းဆိုင်ရာတွေကို ယှဉ်ပြိုင်ရမယ်လို့ တိုင်းဒေသကြီး ကရင်တိုင်းရင်းသားရေးရာ ဝန်ကြီး ဒေါ်နော်ပန်းသဉ္ဇာမျိုးက ပြောပါတယ်။


ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၉ ရက်၊ တိုင်းအစိုးရရုံးမှာ Yangon Payment Services (YPS) ငွေပေးချေကတ်စနစ်နဲ့ ပတ်သက်ပြီး တင်ဒါ ဝင်ရောက်ယှဉ်ပြိုင်ချင်တဲ့ ကုမ္ပဏီတွေနဲ့ တွေ့ဆုံဆွေးနွေးပွဲမှာ ဒေါ်နော်ပန်းသဉ္ဇာမျိုးက အခုလို ပြောကြားခဲ့တာ ဖြစ်ပါတယ်။
၂၀၁၇ခုနှစ်၊ စက်တင်ဘာလ (၂၂)ရက်
၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ(၂၂)ရက်နေ့၊ (၀၉း၃၀)နာရီအချိန်မှ (၁၂း၃၀)နာရီအချိန်အထိ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ရမ်ပူရပ်ကွက်၊ ပြည်နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီရုံး၌ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကချင်ပြည်နယ်ဥက္ကဌ ဦးရားဝမ်ဂျုံ၊ တိုင်းရင်းသားစည်းလုံး ညီညွှတ်ရေးပါတီ ကချင်ပြည်နယ်ဥက္ကဌ ဦးမောင်မောင်၊ လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူလေးပါတီ) ကချင်ပြည်နယ်ဥက္ကဌ ဦးလာမေတားနှင့် ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ(ကျားဖြူပါတီ) ဗဟို အကြံပေး ဦးစိုးထွေးမောင်တို့ပါဝင်သော ပါတီအသီးသီးကိုယ်စားပြု အဖွဲ့ဝင်များတွေ့ဆုံ၍ ”ခါကာဘိုရာဇီ အမျိုးသားဥယျာဉ်တောင်ပိုင်း တိုးချဲ့နယ်မြေအား ကမ္ဘာ့အမွေအနှစ်နယ်မြေများအဖြစ် သတ်မှတ်ရန် ရည်ရွယ်ခြင်းအပေါ် ” ညှိနှိုင်းအစည်းအဝေးပြုလုပ်ခဲ့ကြပါသည်။
(22.9.2017)ရက်နေ့ မြစိမ်းရောင်စီမံကိန်းဆိုင်ရာရှင်းလင်းခြင်းနှင့် ရန်ပုံငွေကြီးကြပ်မှုကော်မတီရွေးချယ်ဖွဲ့စည်းခြင်း”ကို ရှမ်းရွာအုပ်စု သူဌေးကုန်းရွာ၌ပြု လုပ်ရာ ကန်ကြီးထောင့်မြို့ နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဒေါ်ခင်စောမူနှင့်မြို့ နယ်ပါတီကော်မတီဝင်များ၊ခရိုင်နှင့်မြို့ နယ်ကျေးလက်ဦးစီးရုံးမှ တာဝန်ရှိသူများ၊ကျေးရွာသူ/သားများတက်ရောက်ခဲ့ကြပါ သည်။
USDP Ayeyarwady Region New
မွန်ပြည်နယ် ချောင်းဆုံမြို့နယ် ပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူး ဦးမျိုးမြင့်/မြို့နယ်ကော်မတီဝင် ဦးနေဝင်း၊ဦးဝင်းအောင်တို့ ဦးဆောင်၍ တကူပတီကျေးရွာ/ဖံဖကျေးရွာများသို့သွားရောက်၍ ရပ်/ကျေးကော်မတီပြန်လည်စီစစ်ခြင်းကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Aye Zaw Than
(၂၁.၉.၂၀၁၇)ရက်နေ့ / နေ့လည်(၄:၀၀)နာရီအချိန်သ.တ.လ (၁)ရပ်ကွက်နေ လူနာဦးအောင်လင်းဦးအတွက် ပြည်ခိုင်ဖြိုးပါတီ မြို့နယ်သွေးလှူ ရှင်အသင်းဝင် သ.တ.လ(၂)နေ သွေးလှူ ရှင် ဦးထွန်းမင်းလှိုင်မှ လိုအပ်သောသွေး (O) သွေး အမျိုးအစားကို အချိန်နှင့်တပြေးညီ လှူ ဒါန်းပေးခဲ့ကြောင်းသိရှိရသည်။
credit >>> zaw lin naing
ပဲခူးတိုင်းဒေသကြီး နတ်တလင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ပါတီကော်မတီဝင်များနှင့် မျိုးဆက်သစ်ပါတီဝင်လူငယ် များ စုစုပေါင်းအင်အား ၇၅ ဦးတို့သည် ယမန်နေ့ နံနက် ၈ နာရီက နတ်တလင်းမြို့နယ် သာစည်ရပ်ကွက် အိုးမြေတွင်း ခေမာသီဝံ ဘုန်းတော် ကြီးကျောင်းဝင်းအတွင်း၌ အမှိုက်များကောက်ခြင်း၊ ချုံနွယ်များ ရှင်းလင်းခြင်း၊ မြေသားချိုင့်ဝှမ်းများအား မြေဖို့ခြင်း၊ ကျောင်းတိုက်များ အတွင်းအပြင် တံမြက်စည်းလှည်းခြင်းနှင့် ကျောင်းတိုက်အတွင်းရှိ အခြေခံပညာအလယ်တန်းကျောင်းအတွင်း သန့်ရှင်းရေးဆောင်ရွက်ခြင်းစသော လုပ်ငန်းများကို ဆောင်ရွက်လုပ်ကိုင်ကာ ကုသိုလ်ယူခဲ့ကြကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး၌ ပါတီလူငယ်တွေ့ဆုံပွဲအခမ်းအနား ကို ယမန်နေ့ နံနက် ၁ဝ နာရီက ကျင်းပခဲ့ရာ အခမ်းအနားသို့ ဗဟို အလုပ်အမှုဆောင်မကွေးတိုင်းဒေသကြီးပါ တီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်ဌေး၊တိုင်းလူငယ်ရေးရာတာဝန်ခံ တိုင်းကော်မတီဝင် ဦးကျော်သူဦး၊တိုင်းကော်မတီဝင် ဦးအောင်နိုင်၊ မင်းဘူးခရိုင်ပါတီ ဥက္ကဋ္ဌ ဒေါ်သီမာလှိုင်၊ အတွင်း ရေးမှူး ဦးစိန်ရွှေမင်းနှင့် ခရိုင်ပါတီ ကော်မတီဝင်များ၊ စလင်းမြို့နယ် ပါတီဥက္ကဋ္ဌ ဦးခင်မောင်လွင်နှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ မင်းဘူးခရိုင်အတွင်းရှိ ငါးမြို့နယ်မှ ပါတီဥက္ကဋ္ဌများ၊အတွင်းရေးမှူးများ နှင့် လူငယ်ရေးရာတာဝန်ခံများ၊ ပါတီဝင်လူငယ်များ စုစုပေါင်း ၁၅ဝ ခန့် တက်ရောက်ခဲ့ကြသည်။