၂၀၁၇ – ခုနှစ် ၊ စက်တင်ဘာလ(၂၂) ရက်နေ့ ၊ မိုင်းပျဉ်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးခန်းမ၌ မြို့နယ်ပါတီဥက္ကဋ္ဌ အသစ်ပြန်လည် ရွေးချယ် ခြင်း အခမ်းအနားတစ်ရပ် ကျင်းပပြုလုပ်ခဲ့ပါသည်။
၂၀၁၇ – ခုနှစ် ၊ စက်တင်ဘာလ(၂၂) ရက်နေ့ ၊ မိုင်းပျဉ်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးခန်းမ၌ မြို့နယ်ပါတီဥက္ကဋ္ဌ အသစ်ပြန်လည် ရွေးချယ် ခြင်း အခမ်းအနားတစ်ရပ် ကျင်းပပြုလုပ်ခဲ့ပါသည်။
ရန်ကုန်တိုင်းဒေသကြီး ရန်ကင်းပြည်ခိုင်ဖြိုးရုံး၌ အပါတ်စဉ်ရပ်ကွက် အစည်အဝေးကို၂၄. ၉ . ၁၇ ရက်နေ့က ကျင်းပခဲ့ပါသည်။
အဆိုပါအစည်းအဝေးတွင် ရန်ကင်းပါတီဥက္ကဌ ဦးဘချစ်က ကျန်ရှိနေ သော ရပ်ကွက်တို့မှ ပါတီနှစ်စဉ်ကြေး ဆက်လက်ကောက်ခံရန် လူငယ် လူပ်ရှားမှုဖြင့် သီတင်းကျွတ်လပြည့်နေ့ ကလေးဆေးရုံ စတုဒီသာ ကျွေးမွေးရန်တို့ကို ပြောကြားခဲ့ပြီး အတွင်းရေးမှူး ဦးအောင်ဇော်ရဲ ၊ ဘဏ္ဍာရေးမှူး ဦးနေလင်းသိန်းတို့က တင်ပြကြပြီး အလုပ်အမှုဆောင်နှင့် ရပ်ကွက်စည်းရုံးမှူးတို့က မေးမြန်းကြပြီး အစည်းအဝေးကို ၁၇း၀၀ နာရီ အချိန်တွင် အောင်မြင်စွာရုတ်သိမ်းခဲ့ပါသည်။
နမ္မတူပြည်ခိုင်ဖြိုးပါတီမှ ယမန်နေ့ မနက်(၁၁:၀၀)နာရီတွင် ပန်ဟိုက် (၈)ရပ်ကွက်နေ လူနာ ဦးသာလွန်အတွက် ပြည်ခိုင်ဖြိုးပါတီ မြို့နယ်သွေးလှူရှင်အသင်းဝင် သွေးလှူရှင် ဦးနေအောင်မှ လိုအပ်သောသွေး(A/B) သွေးအမျိုးအစားကိုလည်းကောင်း၊မွေးလူနာလွယ်စပိရွာနေ ဒေါ်ဇီလူးမီး အရေးပေါ်သွေးလိုအပ်မှုအတွက် မြို့ နယ်ကော်မတီဝင်ဦးကျော်မြလွင်မှ (O)သွေးလှူဒါန်း ခဲ့ကြောင်း သိရှိရသည်။
၂၀၁၇ ခုနှစ် စက်တင်ဘာလ (၂၃) ရက်နေ့တွင် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီ ရခိုင်ပြည်နယ် ရုံးအဖွဲ့ဝင်များနှင့် စစ်တွေမြို့နယ် ပြည်ခိုင်ဖြိုးပါတီ အမျိုးသမီးရေးရာအဖွဲ့ဝင်များမှ စစ်တွေမြို့ ဘိုးဘွား ရိပ်သာ၌ တစ်နေ့တာ အဟာရဒါန သွားရောက်လှူဒါန်းခဲ့ကြသည်။
အဆိုပါ ဘိုးဘွားရိပ်သာ၌ အဘိုး (၇) ဦး၊ အဘွား (၂၉) ဦးအား နံနက်/ ညနေ ထမင်းနှင့် အဘိုးအဘွား (၁) ဦးလျှင် (၁၀၀၀) ကျပ်နှုန်းဖြင့် (၃၆၀၀၀ိ/-) ကျပ်အား လှူဒါန်းခဲ့ကြသည်။
လူမူကူညီရေးအသင်း( ကျိုက်ထို)၏ အရေးပေါ်လူနာတင်ယာဉ်နှင့် နိဗ္ဗာန်ယာဉ် ပေးအပ် လှူဒါန်းခြင်းနှင့် ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခြင်းအခမ်းအနားကို ကျိုက်ထိုမြို့နယ် လူမှုကူညီရေး အသင်းရုံးတွင်စက်တင်ဘာလ ၂၄ ရက် နံနက် ၀၉းဝဝ နာရီတွင်ကျင်းပရာ ကျိုက်ထိုမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပြည်နယ်ပါတီ ကော်မတီဝင် ဦးဌေးလွင်၊ မြို့ နယ်ပါတီ ဥက္ကဌ ဦးဇေယျာဦးတို့  တက်ရောက်ပြီး ဂုဏ်ပြုမှတ်တမ်းလွှာအား လူမှုကူညီရေး အသင်းနာယက ဦးဌေးလွင်မှပေးအပ်ပြီး မြို့နယ် ပါတီဥက္ကဌ ဦးဇေယျာဦးမှ လက်ခံရယူခဲ့ပါသည်။
စဥ့်ကိုင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူး ဦးထွန်းနိုင်၊ မြို့နယ် ကော်မတီဝင်များ၊ ရပ်ကျေးအဖွဲ့ များသည် ( ၂၄.၉.၂၀၁၇ ) ရက်နေ့တွင် စဥ့်ကိုင်ကြီးကျေးရွာအတွင်းရှိ မူကြို၊ မူလတန်း၊ အလယ်တန်း၊ အထက် တန်း ကျောင်းသား /ကျောင်းသူ (၁၂၀) ဦးအတွက် ဗလာစာအုပ်များ လှူဒါန်းခဲ့ပါသည်။
Crd;
ကျိုက်ထို၊ စက်တင်ဘာ ၂၃
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်တွင် တစ်နှစ်တစ်ခါ ကျင်းပပြုလုပ်သော ဗုဒ္ဓဘာသာဝင်များအလေးအမြတ်းထားရာ ပွဲတော်တစ်ခုဖြစ်သော သိမ်တပတ်ဆွမ်းလောင်းပွဲတော်ကို စက်တင်ဘာလ ၂၃ ရက် နံနက် ဝ၄းဝဝ နာရီအချိန်တွင်ကျင်းပရာ ကျိုက်ထို့မြို့နယ် ပြည်ထောင်စုကြံ့ခိုင် ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှလည်း ၎င်းတို့ပါတီရုံး၌ ပါဝင်ကုသိုလ်ယူ လောင်းလှူခဲ့ကြသည်။
မိုးကောင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကော်မတီအတွင်းရေးမှူး ဦးပြည့်ဖြိုးမင်းနှင့် ကော်မတီဝင်များသည် ယမန်နေ့ နံနက် ၁ဝနာရီက မြို့သစ်ကြီးကျေးရွာသို့ သွား ရောက်၍ မိုင်းထိလူနာအား ထောက်ပံ့ငွေပေးအပ်ခဲ့ကြောင်းသိရသည်။
တိုက်ကြီးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ၏ (၁ဝ)ကြိမ်မြောက် ဆွမ်းလောင်းပွဲတော်ကို ယနေ့ နံနက် ၄နာရီမှစတင်ကာ မြို့နယ်ပါတီရုံးရှေ့တွင် ကျင်းပခဲ့သည်။
ဗုဒ္ဓဘာသာဝင်တို့၏ အလေးအမြတ်ထားရာ အဆိုပါဆွမ်းလောင်းပွဲတော်သို့ တိုက်ကြီးမြို့ပေါ် ဘုန်းတော်ကြီးကျောင်း ၅၅ကျောင်းတို့မှ သံဃာတော် ၆၇၄ပါး ကြွရောက်တော်မူကြသည်။
ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးညွန့်ဖေ၊ အတွင်းရေးမှူးဦးဇော်ဝင်းနိုင်နှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်ကွက်စည်းရုံးရေးမှူးများ၊ လူငယ်ပရဟိတ အဖွဲ့ဝင် များ စုစုပေါင်းအင်အား ၅ဝ ဖြင့် ယနေ့နံနက် ၇ နာရီခွဲက အမှတ်(၈) အခြေခံပညာအလယ်တန်းကျောင်းဝင်းအတွင်း ခြင်များမပေါက်ဖွားစေရေးအတွက် မြက်ပင်ရှည်များကိုမြက် ဖြတ်စက်များဖြင့် ရှင်းလင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။