ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် ဘင်္ဂါလီပြဿနာနှင့် ပတ်သက်၍ ကုလသမဂ္ဂလုံခြုံရေးကောင်စီ အစည်းအဝေး၌ ဆွေးနွေးညှိနှိုင်းရန် ဗြိတိန်နှင့် ဆွီဒင်တို့က တိုက်တွန်းတောင်းဆို ထားသည်။ ရခိုင်ပြည်နယ် ပဋိပက္ခများအတွင်း ဘင်္ဂါလီမျိုးနွယ်စုများ ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးတိမ်း ရှောင်နေခြင်းနှင့် ပတ်သက်၍ ကုလသမဂ္ဂလုံခြုံရေးကောင်စီ အစည်းအဝေးတွင် တံခါးပိတ်ဆွေးနွေးရန် ဥရောပနိုင်ငံများက တိုက်တွန်းထား ခြင်းဖြစ်သည်။ ယင်းဆွေးနွေးမှုသည် စက်တင် ဘာ ၁၃ ရက်တွင် ဖြစ်မြောက်လာ ဖွယ်ရှိသည်။
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီကို သမ္မတ အမိန့််ဖြင့် ဖွဲ့စည်း
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည် ဖော်ဆောင်ရွက်ရေးကော်မတီကို လူကယ် ပြန် ပြည်ထောင်စုဝန်ကြီးက ဥက္ကဋ္ဌအဖြစ် တာဝန်ယူ၍ အဖွဲ့ဝင် ၁၅ ဦးဖြင့် နိုင်ငံတော်သမ္မတက စက်တင် ဘာ ၁၂ ရက်တွင် အမိန့်ထုတ်ပြန်ဖွဲ့ စည်းခဲ့သည်။
ကုလသမဂ္ဂ အထွေထွေညီလာခံသို့ ဒုသမ္မတဦးဟင်နရီဗန်ထီးယူ တက်ရောက်မည်
အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့၌ ပြုလုပ်နေသော ကုလသမဂ္ဂအထွေထွေညီလာခံသို့ ဒုတိယ သမ္မတ(၂) ဦးဟင်နရီဗန်ထီးယူ တက်ရောက်မည်ဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးကျော်ဇေယျက ပြောကြားသည်။
(၇၂)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံသို့ မူလက နိုင်ငံတော်၏အတိုင် ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မည်ဟု 7Day Daily သတင်းစာက စုံစမ်းသိရှိထား သော်လည်း လက်ရှိတွင် ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက်မည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနက အတည်ပြုပြောကြားသည်။ ‘‘နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်တက်မယ်လို့ ကျွန်တော်တို့ တစ်ခါမှ ထုတ်ဖော်ပြောကြားတာ မျိုးမရှိပါဘူး။
နိုင်ငံတော်ဆူပူမှုဖြစ်အောင် ဆောင်ရွက်နေခြင်းမဟုတ်ဟု ပြည်ခိုင်ဖြိုးပါတီငြင်းဆို
ပဋိပက္ခဖြစ်အောင် သွေးထိုးလှုံ့ဆော်ဖန်တီးဆောင်ရွက်နေခြင်းသည် ပြည်ခိုင်ဖြိုးပါတီမှ မဟုတ်ကြောင်းနှင့် အဆိုပါ ဖြစ်စဉ်များကို နိုင်ငံတော်အစိုးရအနေဖြင့် ဖော်ထုတ်ပြီး ပြတ်ပြတ် သားသားအရေးယူဆောင်ရွက် ရန်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) တာဝန်ရှိသူများက ပြောသည်။
ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်မြို့နယ်သံလွင်လမ်းရှိ ပြည်ခိုင်ဖြိုးရုံးချုပ်တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ၌ ပါတီတာဝန်ရှိသူများက ယင်းသို့ ပြောဆိုခဲ့သည်။ ‘‘USDP ပါတီ အနေဖြင့် လက်ရှိ ဆူပူမှုတွေမှာ ပါဝင်ပတ် သက်မှုလုံးဝမရှိဘူးလို့ ပြောချင် ပါတယ်’’ဟု ပြည်ခိုင်ဖြိုးပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးလှသိန်းက ပြောသည်။
ပြည်ခိုင်ဖြိုး (၂၄) ပြည့်မြောက်ခြင်းကို ကြိုဆိုဂုဏ်ပြုသောအား ဖြင့် ဓမ္မစကူးဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများအား ကြက်သားဆန်ပြုတ် လှူဒါန်း
စက်တင်ဘာ (၁၅) ရက်နေ့တွင် ကျရောက်မည့် ပြည်ခိုင်ဖြိုး (၂၄) ပြည့်မြောက်ခြင်းကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် နောင်ချိုမြို့နယ် သုံးဆယ်အုပ်စု သုံးဆယ်ကျေးရွာ သမိုင်းဝင်ရွာဦးကျောင်း၌ ဓမ္မစကူး ကျောင်းသား/ကျောင်းသူများ၊ ဓမ္မစကူး ဆရာ/ ဆရာမများအား ကြက်သားဆန်ပြုတ် သွားရောက်လှူဒါန်းခဲ့ပါသည်။
ပြည်သူလူထုနှင်အတူ မြို့နယ်ကော်မတီအဖွဲ့များ၊ ရုံးအဖွဲ့ဝင်များနှင့် စေတနာရှင်လူငယ်များ၊ ပရဟိတအသင်းတို့ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ ကြပါသည်။
မဘိမ်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ အမျိုးသမီးရေးရာကော်မတီ၏ အခြေခံ စက်ချုပ်သင်တန်းဆင်းပွဲ
မဘိမ်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ အမျိုးသမီးရေးရာအဖွဲ့ ခေတ်ဖက်ရှင်အဖွဲ့ တို့ ပူးပေါင်းဆောင်ရွက်မှုဖြင့် အခမဲ့အခြေခံစက်ချုပ်သင်တန်း (၁/၂၀၁၇)ဆင်းပွဲကို စက်တင်ဘာ ၅ ရက်နေ့ နံက် (၈) နာရီအချိန်က ငါးအိုးကျေးရွာ အခြေစိုက်စခန်းတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားကို မိုးမိတ်ခရိုင် ပါတီ အတွင်းရေးမှူး ဦးမြင့်လှိုနှင့် ခရိုင်ပါတီကော်မတီဝင်များ၊ မဘိမ်းမြို့နယ် ပါတီဥက္ကဌ ဦးဇော်လွင်၊ မြို့နယ်အတွင်းရေးမှူး ဦးတင်ဝယ်နှင့် မြို့နယ် ပါတီကော်မတီဝင်များ၊ ပါတီနာယကများ၊ ရပ်ကျေးစည်းမှူးများ၊ ငါးအိုး ကျေးရွာအုပ်စု အုပပ်ချုပ်ရေးမှူး ဦးသန်းလင်းအောင်နှင့် အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသူများ၊ သင်တန်းနည်းပြဆရာမ ဒေါ်သင်းသင်းလဲ့နှင့် သက်တန်းသူများ၊ သင်တန်းသူများ၏မိဘများ တက်ရောက်ခဲ့ကြသည်။
မွန်ပြည်နယ်ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ ကမာဝက်မြို့ မြို့လုံးကျွတ် ဆွမ်းဆန် စိမ်း လောင်းလှူပွဲသို့ တက်ရောက်လောင်းလှူ
မွန်ပြည်နယ် မုဒုံမြို့နယ်ကမာဝက်မြို့ မြို့လုံးကျွတ် ဆွမ်းဆန်စိမ်း လောင်းလှူပွဲကို ၂၀၁၇ခုနှစ် စက်တင်ဘာ (၁၂) ရက်နေ့ နံနက် (၁၁း၃၀)နာရီချိန်တွင်စတင်ပြုလုပ်ရာ မွန်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးအောင်ကြည်သိန်း တက်ရောက်ကာ သံဃာတော်၊ သာမဏေ၊ သီလရှင် များအား ဆွမ်းဆန်စိမ်း လောင်လှူခဲ့သည်။
ကွမ်းခြံကုန်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ သတ္တမအကြိမ်ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲနှင့် ဆွမ်းသိမ်းအောင်ပွဲရေစက်ချမင်္ဂလာကျင်းပ
ရန်ကုန်တိုင်းဒေသကြီးကွမ်းခြံ ကုန်းမြို့နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးတင်လင်းနှင့် အတွင်းရေးမှူး ဦးစိုးသိဏ်း၊မြို့နယ်ပါတီကော်မတီ ဝင်များ၊ ရပ်/ကျေးပါတီဥက္ကဋ္ဌများ ပါတီဝင်များစုပေါင်း၍ ကွမ်းခြံကုန်း မြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်း ၂၄ ကျောင်း၊ သီလရှင်ငါးကျောင်းတို့မှ သံဃာတော်နှင့် သီလရှင် အပါး ၅ဝဝကျော်တို့အား ယမန်နေ့ နံနက် ၅နာရီက ဝါတွင်းကာလ တတိယ အကြိမ် အရုဏ်ဆွမ်း လောင်းလှူခဲ့ကြသည်။
နိုင်ငံရေးပါတီများတွေ့ဆုံဆွေးနွေး
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ် (ရန်ကုန်)တွင် ယနေ့နံနက် ၁ဝနာရီခွဲက နိုင်ငံရေးပါတီ များ စုပေါင်းတွေ့ဆုံပွဲတစ်ရပ်ကို ကျင်းပခဲ့သည်။
အဆိုပါတွေ့ဆုံပွဲတွင် လက်ရှိဖြစ်ပေါ်နေသည့် ရခိုင် ပြည်နယ်မြောက်ပိုင်း လုံခြုံရေး အခြေ အနေများနှင့်စပ်လျဉ်း ၍ စိုးရိမ်ဖွယ်ရာ အခြေအနေများ၊ မြန်မာနိုင်ငံသားဥပဒေ စသည့် အကြာင်းအရာများ၊ ကိုဖီအာနန်ကော်မရှင်နှင့် ယင်းကော်မရှင်၏ အစီရင်ခံစာ အကြောင်း အရာများအပေါ် ပါတီများအချင်းချင်း ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးညှိနှိုင်း ခဲ့သည်။
ရခိုင်ပြည်နယ် နေရပ်စွန့်ခွာတိမ်းရှောင်နေရသည့် ဒေသခံများအတွက်ကွမ်းလုံပြည်ခိုင်ဖြိုး ပါတီမှ အလှူငွေပေးအပ်လှူဒါန်း
ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တောဒေသတွင် အစွန်း ရောက်ဘင်္ဂါလီအကြမ်းဖက် သမားများ၏ တိုက်ခိုက်မှုကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်နေရသည့် ဒုက္ခသည်များကို လူသားချင်းစာနာ ထောက်ထားသောအားဖြင့်ကွမ်းလုံ ခရိုင် ပြည်ခိုင်ဖြိုးပါတီမှ အလှူငွေများ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။လှူဒါန်းပေအပ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁ဝနာရီက ကွမ်းလုံ မြို့နယ် ထွေ/အုပ်ရုံး၌ပြုလုပ်ခဲ့ပြီး ကွမ်းလုံခရိုင်ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌ ဦးထွန်းရင် ဦးဆောင်သည့်ခရိုင်နှင့်မြို့နယ်ပါတီကော် မတီဝင်များသည် ပြည်ခိုင်ဖြိုးပါတီက လှူဒါန်းသည့် အလှူငွေ ကျပ် ၉၂ဝဝဝဝကို မြို့နယ်အုပ်ချုပ်ရေးမှူးထံသို့ လှူဒါန်းခဲ့ကြောင်း သိရသည်။