ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုး ရေးပါတီ ဗဟိုအတွင်းရေးမှူး ဦးတင် အောင်ချစ်သည် မကွေးတိုင်းဒေသ ကြီး သရက်ခရိုင် အောင်လံမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့်ပါတီ ကော်မတီဝင်များလိုက်ပါလျက် ယမန် နေ့မွန်းလွဲ ၁ နာရီက အောင်လံမြို့နယ် ဒုရင်္ဂဗိုလ်အခြေစိုက် မြင်းကပိုင်ကျေး ရွာမှ ရွာဦးကျောင်းဆရာတော်အား ဖူးမြော် ကြည်ညိုပြီး နဝကမ္မသုံးစွဲရန် အလှူငွေများလှူဒါန်းကာ ပါတီဝင်များနှင့်တွေ့ဆုံခဲ့ကြောင်း သိရ သည်။ ထိုသို့တွေ့ဆုံရာတွင် ယနေ့နိုင်ငံရေးအခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့သည်။